I Can Speak (2017)

0
Share
Copy the link

ဒီတစ်ခါတော့ IDM Rating 7.6 အထိရရှိထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ကိုအခြေခံပြီးရိုက်ကူးထားတဲ့တောင်ကိုရီးယားဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကား rating အရအရမ်းကောင်းနေလို့စပြီးဘာသာပြန်လိုက်တော့ဇာတ်လမ်းကဒီလောက်ကြီးလည်းဘာမှမဟုတ်ဘူးထင်နေတာပေါ့။

နောက်ပိုင်းဆက်ပြီးကြည့်တော့မှတဖြည်းဖြည်းနဲ့ဘာကြောင့်မှန်းမသိပိုပြီးစိတ်ဝင်စားလာမိတယ်။အဓိကအကြောင်းရင်းကဇာတ်ကောင်မင်းသမီးကြီးရဲ့စိတ်ထဲမှာဘယ်လိုတွေဖြစ်နေလဲဆိုတာကိုသိချင်လာမိလို့ပါ။ဇာတ်ကားအဆုံးထိကြည့်ပြီးမှမင်းသမီးကြီးရဲ့ခံစားချက်ကိုနားလည်လာခဲ့လို့ပရိတ်သတ်ကြီးလည်းအဆုံးထိခံစားကြည့်ရှုလိုက်ကြပါ။

အော်ဒါနဲ့ဒီကားကတောင်ကိုရီးယားမှာဆုတံဆိပ်ပေါင်း ၁၂ဆုအထိရရှိထားတဲ့ကားလေးနော်။ဇာတ်လမ်းအစမှာတော့ပတ်မင်ဂျေးလို့ခေါ်တဲ့ဝန်ထမ်းပေါက်စလေးတစ်ယောက်ဆိုးလ်မြို့ကခရိုင်အုပ်ချူပ်ရေးမှူးရုံးကိုတာဝန်ပြောင်းရွှေ့ထမ်းဆောင်ရင်းနဲ့စထားပါတယ်။

ပတ်မင်ဂျေးကအလုပ်လည်းကြိုးစားသလိုအင်္ဂလိပ်စာကိုလည်းကျွမ်းကျွမ်းကျင်ကျင်နဲ့ပြောဆိုနိုင်တဲ့လူတော်တစ်ယောက်ပါ။ခရိုင်ရုံးမှာအလုပ်လုပ်ရင်းအများအကျိုးအတွတ်ကိုယ်ကျိုးမဖက်လုပ်ဆောင်ပေးနေသူနာဘုတ်အွန်းအဘွားနဲ့စတင်တွေ့ဆုံခဲ့ရပါတယ်။

နာဘုတ်အွန်းကရပ်ကွက်မှာဖြစ်နေသမျှကိစ္စအားလုံးတိုင်ကြားတာကိုပတ်မင်ဂျေးဘက်ကလည်းအကောင်းဆုံးဖြေရှင်းဖို့ကြိုးစားရပါတော့တယ်။နာဘုတ်အွန်းမှာလည်းခလေးဘဝတည်းကကွဲကွာခဲ့ရတဲ့မောင်လေးတစ်ယောက်ရှိပါတယ်။

သူ့မောင်လေးကလက်ရှိအမေရိကန်မှာနေတာကိုတွေ့ဖို့အရာရှိပေါက်စပတ်မင်ဂျေးဆီမှာအင်္ဂလိပ်စာသင်ဖို့အကူအညီတောင်းခဲ့ပါတယ်။ပတ်မင်ဂျေးလည်းလက်ခံခဲ့ပြီးတဲ့နောက်နာဘုတ်အွန်းလည်းအင်္ဂလိပ်စာကိုကျွမ်းကျွမ်းကျင်ကျင်ပြောဆိုလာနိုင်တဲ့အချိန်မမျှော်လင့်တဲ့အဖြစ်အပျက်တွေပေါ်ပေါက်လာပါတယ်။

အဲ့အဖြစ်အပျက်တွေကဇာတ်လမ်းကိုလုံးဝဖမ်းစားလိုက်တာပါ။အဲ့အဖြစ်အပျက်တွေကြောင့်ပဲဇာတ်လမ်းကြည့်ရှုတဲ့သူတွေပထမအစထင်ထားသလိုမျိုးမဟုတ်တော့ဘဲလုံးဝမတူကွဲပြားတဲ့ဇာတ်လမ်းတစ်ပုဒ်ကြည့်ရှုရသလိုဖြစ်သွားစေမှာပါ။အဲ့အဖြစ်အပျက်တွေကဘာတွေလဲဆိုတာကိုတော့ဇာတ်လမ်းအဆုံးထိစောင့်ကြည့်လိုက်ရအောင်ပါ။

သေချာတာတစ်ခုကတော့ဒီဇာတ်ကားကြည့်ပြီးရင်လူတိုင်းအတွေးတစ်ခုဝင်လာပါလိမ့်မယ်။နာဘုတ်အွန်းအဘွားနေရာမှာကိုယ့်အဘွား၊ကိုယ့်အမေ၊ကိုယ့်အစ်မ၊ကိုယ့်ညီမသာဆိုရင်ဘယ်လိုခံစားကြမလဲ။ဒီလိုမျိုးခံစားရမှုတွေကိုကိုယ့်ကြောင့်နဲ့တစ်ခြားမိသားစုဝင်တွေခံစားစေချင်ပါသလား။ပရိတ်သတ်ကြီးပဲဆုံးဖြတ်ပေးကြပါ။

Zawgyi

ဒီတစ္ခါေတာ့ IDM Rating 7.6 အထိရရွိထားတဲ့ျဖစ္ရပ္မွန္ဇာတ္လမ္းေလးတစ္ပုဒ္ကိုအေျခခံၿပီး႐ိုက္ကူးထားတဲ့ေတာင္ကိုရီးယားဇာတ္ကားေလးတစ္ကားနဲ႔မိတ္ဆက္ေပးခ်င္ပါတယ္။ဇာတ္ကား rating အရအရမ္းေကာင္းေနလို႔စၿပီးဘာသာျပန္လိုက္ေတာ့ဇာတ္လမ္းကဒီေလာက္ႀကီးလည္းဘာမွမဟုတ္ဘူးထင္ေနတာေပါ့။

ေနာက္ပိုင္းဆက္ၿပီးၾကည့္ေတာ့မွတျဖည္းျဖည္းနဲ႔ဘာေၾကာင့္မွန္းမသိပိုၿပီးစိတ္ဝင္စားလာမိတယ္။အဓိကအေၾကာင္းရင္းကဇာတ္ေကာင္မင္းသမီးႀကီးရဲ႕စိတ္ထဲမွာဘယ္လိုေတြျဖစ္ေနလဲဆိုတာကိုသိခ်င္လာမိလို႔ပါ။ဇာတ္ကားအဆုံးထိၾကည့္ၿပီးမွမင္းသမီးႀကီးရဲ႕ခံစားခ်က္ကိုနားလည္လာခဲ့လို႔ပရိတ္သတ္ႀကီးလည္းအဆုံးထိခံစားၾကည့္ရႈလိုက္ၾကပါ။

ေအာ္ဒါနဲ႔ဒီကားကေတာင္ကိုရီးယားမွာဆုတံဆိပ္ေပါင္း ၁၂ဆုအထိရရွိထားတဲ့ကားေလးေနာ္။ဇာတ္လမ္းအစမွာေတာ့ပတ္မင္ေဂ်းလို႔ေခၚတဲ့ဝန္ထမ္းေပါက္စေလးတစ္ေယာက္ဆိုးလ္ၿမိဳ႕ကခ႐ိုင္အုပ္ခ်ဴပ္ေရးမႉး႐ုံးကိုတာဝန္ေျပာင္းေ႐ႊ႕ထမ္းေဆာင္ရင္းနဲ႔စထားပါတယ္။

ပတ္မင္ေဂ်းကအလုပ္လည္းႀကိဳးစားသလိုအဂၤလိပ္စာကိုလည္းကြၽမ္းကြၽမ္းက်င္က်င္နဲ႔ေျပာဆိုႏိုင္တဲ့လူေတာ္တစ္ေယာက္ပါ။ခ႐ိုင္႐ုံးမွာအလုပ္လုပ္ရင္းအမ်ားအက်ိဳးအတြတ္ကိုယ္က်ိဳးမဖက္လုပ္ေဆာင္ေပးေနသူနာဘုတ္အြန္းအဘြားနဲ႔စတင္ေတြ႕ဆုံခဲ့ရပါတယ္။

နာဘုတ္အြန္းကရပ္ကြက္မွာျဖစ္ေနသမွ်ကိစၥအားလုံးတိုင္ၾကားတာကိုပတ္မင္ေဂ်းဘက္ကလည္းအေကာင္းဆုံးေျဖရွင္းဖို႔ႀကိဳးစားရပါေတာ့တယ္။နာဘုတ္အြန္းမွာလည္းခေလးဘဝတည္းကကြဲကြာခဲ့ရတဲ့ေမာင္ေလးတစ္ေယာက္ရွိပါတယ္။

သူ႔ေမာင္ေလးကလက္ရွိအေမရိကန္မွာေနတာကိုေတြ႕ဖို႔အရာရွိေပါက္စပတ္မင္ေဂ်းဆီမွာအဂၤလိပ္စာသင္ဖို႔အကူအညီေတာင္းခဲ့ပါတယ္။ပတ္မင္ေဂ်းလည္းလက္ခံခဲ့ၿပီးတဲ့ေနာက္နာဘုတ္အြန္းလည္းအဂၤလိပ္စာကိုကြၽမ္းကြၽမ္းက်င္က်င္ေျပာဆိုလာႏိုင္တဲ့အခ်ိန္မေမွ်ာ္လင့္တဲ့အျဖစ္အပ်က္ေတြေပၚေပါက္လာပါတယ္။

အဲ့အျဖစ္အပ်က္ေတြကဇာတ္လမ္းကိုလုံးဝဖမ္းစားလိုက္တာပါ။အဲ့အျဖစ္အပ်က္ေတြေၾကာင့္ပဲဇာတ္လမ္းၾကည့္ရႈတဲ့သူေတြပထမအစထင္ထားသလိုမ်ိဳးမဟုတ္ေတာ့ဘဲလုံးဝမတူကြဲျပားတဲ့ဇာတ္လမ္းတစ္ပုဒ္ၾကည့္ရႈရသလိုျဖစ္သြားေစမွာပါ။အဲ့အျဖစ္အပ်က္ေတြကဘာေတြလဲဆိုတာကိုေတာ့ဇာတ္လမ္းအဆုံးထိေစာင့္ၾကည့္လိုက္ရေအာင္ပါ။

ေသခ်ာတာတစ္ခုကေတာ့ဒီဇာတ္ကားၾကည့္ၿပီးရင္လူတိုင္းအေတြးတစ္ခုဝင္လာပါလိမ့္မယ္။နာဘုတ္အြန္းအဘြားေနရာမွာကိုယ့္အဘြား၊ကိုယ့္အေမ၊ကိုယ့္အစ္မ၊ကိုယ့္ညီမသာဆိုရင္ဘယ္လိုခံစားၾကမလဲ။ဒီလိုမ်ိဳးခံစားရမႈေတြကိုကိုယ့္ေၾကာင့္နဲ႔တစ္ျခားမိသားစုဝင္ေတြခံစားေစခ်င္ပါသလား။ပရိတ္သတ္ႀကီးပဲဆုံးျဖတ္ေပးၾကပါ။

megaup.net (Megaup.net) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *