I Remember (2021)

13836
Share
Copy the link

တစ်နေ့ …..၂၄ နာရီပဲ ရှိတဲ့ တစ်နေ့ ….ကိုယ် တိတ်တိတ်လေး ကြိတ်ကြွေနေရတဲ့လူကို ၂၄ နာရီပဲ တွဲခွင့်ရမယ်ဆိုရင် ခင်ဗျား ဘာလုပ်မှာလဲ?????ပျော်ပျော်ကြီး တွဲမှာပေါ့ဗျာ။ ဟုတ်တယ် မဟုတ်လား?ဒါပေမယ့် …..အဲဒီတစ်နေ့ ကျော်သွားတာနဲ့ သူက ဘာကိုမှ မမှတ်မိတော့ဘူးဆိုရင်ရော …..သူ မှတ်မိခြင်း မမှတ်မိခြင်းထက် ကိုယ် မှတ်မိဖို့ပဲ လိုတာပေါ့ဗျာ။

ဟုတ်တယ်မလား? တစ်နေ့ဆိုလည်း အဲဒီတစ်နေ့ကို အမှတ်တရထားမှာပေါ့။အမှတ်တရ ဆိုတာ တစ်နေ့ဆိုလည်း အမှတ်တရက အမှတ်တရပါပဲ။ကိုယ်ချစ်တဲ့လူရဲ့အကြောင်းကို အစစအရာရာကို မှတ်မိနေတဲ့လူအတွက်က တစ်ရက်ဆိုလည်း အဲဒီတစ်ရက်စာဟာ သူ့အတွက် တစ်သက်လိုပါပဲ။

အဲဒီတစ်ရက်ကို သူသာ မှတ်မိခဲ့မယ် ဆိုရင်ရော …..မှတ်မိမလား မမှတ်မိဘူးလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ တွေ့ရမှာပါ။ကိုယ့်မှာ ကားမရှိပေမယ့် သူ့မှာ ကားရှိတော့ ကားပါကင်နဲ့ ရင်းနှီးလာတယ်။သူ့အကြိုက်ဆုံး သီချင်းကို ဓာတ်လှေကားက သီချင်းဖွင့်တဲ့လူကို အကူအညီတောင်းပြီး ဖွင့်ပေးတယ်။

ဒါမျိုးကို “ရိုတယ်” လို့ သတ်မှတ်ရင် ဒီကားက အတော်လေး ရိုတဲ့ကား ဖြစ်ပါလိမ့်မယ်။ဒီ့ထက် ရိုတာလေးတွေလည်း တွေ့ရဦးမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။

တစ်ရုံးလုံး မမှတ်မိတဲ့ သူ့နာမည် “ဖေ့လိ” ကို သူ ကြွေရတဲ့ ကျောက်ရှီးမန် ဆိုတဲ့ ကောင်မလေးက ခေါ်တဲ့အချိန်က စလို့ဖေ့လိ တစ်ယောက် ကျောက်ရှီးမန် ကို အရိပ်တကြည့်ကြည့်နဲ့ နေလာလိုက်တာ ……ကျောက်ရှီးမန် ရည်းစားရတဲ့အထိပါပဲ။ကျောက်ရှီးမန် က ဖင်လန် နိုင်ငံက Aurora ကို ချစ်ရသူနဲ့ အတူ ကြည့်ချင်တယ်ဆိုတဲ့ အိပ်မက် ရှိပါတယ်။

တစ်နေ့မှာတော့ သူ့အိပ်မက်တွေကို သူ့ရည်းစားဖြစ်သူက ဖြည့်ဆည်းပေးခဲ့ပါတယ်။ဖင်လန်နိုင်ငံကို ရောက်တဲ့အချိန်မှာတော့ မမျှော်လင့်တာတွေ ဖြစ်လာခဲ့ပါတော့တယ်။ကျောက်ရှီးမန် တစ်ယောက် မတော်တဆမှုဖြစ်ပြီး အတိတ်မေ့သွားခဲ့ပါတော့တယ်။ဒါဟာလည်း တစ်ရက် ပါပဲ။

အဲဒီတစ်ရက်အတွင်းမှာ သူမနဲ့ အတူရှိခွင့်ရတဲ့သူက “ဖေ့လိ” ဖြစ်နေခဲ့တဲ့အချိန်မှာတော့ ………ဒီဇာတ်လမ်းကတော့ နာမည်ကြီး ထိုင်းရုပ်ရှင် “One day” ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ခေါင်းဆောင်မင်းသမီးအနေနဲ့ AngleaBaby က ပါဝင်ရိုက်ကူးပေးထားပါတယ်။

AngelaBaby က မြန်မာနဲ့ သိပ်စိမ်းတဲ့ မင်းသမီးတော့ မဟုတ်ပါဘူး။First Time, Love O2O, General and I ဇာတ်လမ်းတို့နဲ့ ရင်းနှီးကြပါလိမ့်မယ်။ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ရုံတင်ပြသခဲ့တဲ့ ဒီဇာတ်လမ်းကိုတော့ အမြန်ဆုံး ကြည့်ရအောင် စီစဉ်တင်ဆက်ပေးလိုက်ပါတယ်ဗျာ။

Zawgyi

တစ္ေန႔ …..၂၄ နာရီပဲ ရွိတဲ့ တစ္ေန႔ ….ကိုယ္ တိတ္တိတ္ေလး ႀကိတ္ေႂကြေနရတဲ့လူကို ၂၄ နာရီပဲ တြဲခြင့္ရမယ္ဆိုရင္ ခင္ဗ်ား ဘာလုပ္မွာလဲ?????ေပ်ာ္ေပ်ာ္ႀကီး တြဲမွာေပါ့ဗ်ာ။ ဟုတ္တယ္ မဟုတ္လား?ဒါေပမယ့္ …..အဲဒီတစ္ေန႔ ေက်ာ္သြားတာနဲ႔ သူက ဘာကိုမွ မမွတ္မိေတာ့ဘူးဆိုရင္ေရာ …..သူ မွတ္မိျခင္း မမွတ္မိျခင္းထက္ ကိုယ္ မွတ္မိဖို႔ပဲ လိုတာေပါ့ဗ်ာ။

ဟုတ္တယ္မလား? တစ္ေန႔ဆိုလည္း အဲဒီတစ္ေန႔ကို အမွတ္တရထားမွာေပါ့။အမွတ္တရ ဆိုတာ တစ္ေန႔ဆိုလည္း အမွတ္တရက အမွတ္တရပါပဲ။ကိုယ္ခ်စ္တဲ့လူရဲ႕အေၾကာင္းကို အစစအရာရာကို မွတ္မိေနတဲ့လူအတြက္က တစ္ရက္ဆိုလည္း အဲဒီတစ္ရက္စာဟာ သူ႔အတြက္ တစ္သက္လိုပါပဲ။

အဲဒီတစ္ရက္ကို သူသာ မွတ္မိခဲ့မယ္ ဆိုရင္ေရာ …..မွတ္မိမလား မမွတ္မိဘူးလား ဆိုတာကိုေတာ့ ဇာတ္လမ္းထဲမွာ ေတြ႕ရမွာပါ။ကိုယ့္မွာ ကားမရွိေပမယ့္ သူ႔မွာ ကားရွိေတာ့ ကားပါကင္နဲ႔ ရင္းႏွီးလာတယ္။သူ႔အႀကိဳက္ဆုံး သီခ်င္းကို ဓာတ္ေလွကားက သီခ်င္းဖြင့္တဲ့လူကို အကူအညီေတာင္းၿပီး ဖြင့္ေပးတယ္။

ဒါမ်ိဳးကို “႐ိုတယ္” လို႔ သတ္မွတ္ရင္ ဒီကားက အေတာ္ေလး ႐ိုတဲ့ကား ျဖစ္ပါလိမ့္မယ္။ဒီ့ထက္ ႐ိုတာေလးေတြလည္း ေတြ႕ရဦးမွာပါ။ဇာတ္လမ္းအက်ဥ္းကေတာ့ ဒီလိုပါ။

တစ္႐ုံးလုံး မမွတ္မိတဲ့ သူ႔နာမည္ “ေဖ့လိ” ကို သူ ေႂကြရတဲ့ ေက်ာက္ရွီးမန္ ဆိုတဲ့ ေကာင္မေလးက ေခၚတဲ့အခ်ိန္က စလို႔ေဖ့လိ တစ္ေယာက္ ေက်ာက္ရွီးမန္ ကို အရိပ္တၾကည့္ၾကည့္နဲ႔ ေနလာလိုက္တာ ……ေက်ာက္ရွီးမန္ ရည္းစားရတဲ့အထိပါပဲ။ေက်ာက္ရွီးမန္ က ဖင္လန္ ႏိုင္ငံက Aurora ကို ခ်စ္ရသူနဲ႔ အတူ ၾကည့္ခ်င္တယ္ဆိုတဲ့ အိပ္မက္ ရွိပါတယ္။

တစ္ေန႔မွာေတာ့ သူ႔အိပ္မက္ေတြကို သူ႔ရည္းစားျဖစ္သူက ျဖည့္ဆည္းေပးခဲ့ပါတယ္။ဖင္လန္ႏိုင္ငံကို ေရာက္တဲ့အခ်ိန္မွာေတာ့ မေမွ်ာ္လင့္တာေတြ ျဖစ္လာခဲ့ပါေတာ့တယ္။ေက်ာက္ရွီးမန္ တစ္ေယာက္ မေတာ္တဆမႈျဖစ္ၿပီး အတိတ္ေမ့သြားခဲ့ပါေတာ့တယ္။ဒါဟာလည္း တစ္ရက္ ပါပဲ။

အဲဒီတစ္ရက္အတြင္းမွာ သူမနဲ႔ အတူရွိခြင့္ရတဲ့သူက “ေဖ့လိ” ျဖစ္ေနခဲ့တဲ့အခ်ိန္မွာေတာ့ ………ဒီဇာတ္လမ္းကေတာ့ နာမည္ႀကီး ထိုင္း႐ုပ္ရွင္ “One day” ကို ျပန္လည္႐ိုက္ကူးထားတာပဲ ျဖစ္ပါတယ္။ေခါင္းေဆာင္မင္းသမီးအေနနဲ႔ AngleaBaby က ပါဝင္႐ိုက္ကူးေပးထားပါတယ္။

AngelaBaby က ျမန္မာနဲ႔ သိပ္စိမ္းတဲ့ မင္းသမီးေတာ့ မဟုတ္ပါဘူး။First Time, Love O2O, General and I ဇာတ္လမ္းတို႔နဲ႔ ရင္းႏွီးၾကပါလိမ့္မယ္။ဒီဇင္ဘာ ၃၁ ရက္ေန႔မွာ ႐ုံတင္ျပသခဲ့တဲ့ ဒီဇာတ္လမ္းကိုေတာ့ အျမန္ဆုံး ၾကည့္ရေအာင္ စီစဥ္တင္ဆက္ေပးလိုက္ပါတယ္ဗ်ာ။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *