I Still Believe (2020)

18745
Share
Copy the link

IMDB 6.2 နဲ့ RT မှာ 46%ရထားတဲ့ လူငယ်ဂီတအချစ်ကားလေးလို့ ပြောရမယ်။Drama ကားကြိုက်တဲ့သူတွေအတွက်တော့ ကားကောင်းလေးတကားပဲ။တခုကြိုပြောစရာရှိတာက ဒါက ခရစ်ယာန်ယုံကြည်မှုကိုအသားပေးထားတဲ့ဇာတ်ကားလေးမလို့ သူတို့ဆိုတဲ့သီချင်းတွေသူတို့ရဲ့ရေဒီယိုထုတ်လွှင့်တဲ့နေရာတွေကလည်းခရစ်ယာန်အသိုင်းအဝိုင်းတွေပဲဖြစ်တယ်ဆိုတာကိုပါ။

နောက်တခုပြောစရာရှိတာက ဖြစ်ရပ်မှန်ကိုပြန်ရိုက်ထားတာပါ။ကောလိပ်တက်ဖို့ ပြင်ဆင်ပြီးသွားတော့မယ့်သားကိုလိုက်ပို့နေတဲ့ချစ်စရာကောင်းတဲ့မိသားစုလေးတခု။ကောလိပ်သွားမယ့်သားကလည်း ဂီတမှာ ဝါသနာပါပြီး ထူးချွန်တဲ့သူတယောက်။

သူကောလိပ်ရောက်တဲ့အခါမှာတော့ နဂိုကတည်းက သူအားကျရတဲ့အဆိုတော်ဆိုတဲ့ပွဲကိုသွားမိတ်ဆက်ရင်း ခင်မင်ခဲ့တယ်။နောက်ပြီး အဲဒီပွဲမှာပဲ ကောင်မလေးတယောက်ကိုမြင်ပြီး သဘောကျသွားခဲ့တယ်။အဲဒီကောင်မလေးကိုလည်း စကားသွားပြောရင်းနောက်ရက်မှာတော့ သူ့ကို အဲဒီကောင်မလေးက ညနေကျရင် တွေ့ဖို့ပြောခဲ့တယ်။

သူလည်း တွေ့ဖို့သွားခဲ့ပေမယ့် သူထင်သလိုမဟုတ်ပဲမထင်ထားတဲ့သူတယောက်ကိုပါ တွေ့ခဲ့တယ်။နောက်ပိုင်းမှာတော့ အကြောင်းတခုကြောင့် သူတို့တွဲနေပေမယ့်ဘယ်သူ့ကိုမှ ပေးမသိခဲ့ကြဘူး။အဲဒီကိစ္စနဲ့ပဲ ပြဿနာတွေတက်ကြပြီးသူလည်း ခရစ်စမတ် အချိန်နဲ့ဆိုတော့ အိမ်ပြန်လာခဲ့တယ်။

အိမ်ပြန်ရောက်တဲ့ညမှာပဲ ဖုန်းတခုဝင်လာခဲ့တဲ့နောက်မှာတော့…….လူငယ်ဂီတအချစ်ကားလို့ပြောရမယ့်ဒီကားက အခုလတ်တလောမှ ထွက်ထားတာ။မင်းသားနဲ့မင်းသမီးကတော့ A Dog’s purpose မှာလည်း အတူတူသရုပ်ဆောင်ဖူးတယ်။

မင်းသမီးကလည်း The Longest Ride ထဲက မင်းသမီး Britt Robertson ပါ။Drama ကြိုက်တဲ့သူတွေအတွက်တကယ်ကိုကြည့်လို့အဆင်ပြေမယ့်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Zawgyi

IMDB 6.2 နဲ႔ RT မွာ 46%ရထားတဲ့ လူငယ္ဂီတအခ်စ္ကားေလးလို႔ ေျပာရမယ္။Drama ကားႀကိဳက္တဲ့သူေတြအတြက္ေတာ့ ကားေကာင္းေလးတကားပဲ။တခုႀကိဳေျပာစရာရွိတာက ဒါက ခရစ္ယာန္ယုံၾကည္မႈကိုအသားေပးထားတဲ့ဇာတ္ကားေလးမလို႔ သူတို႔ဆိုတဲ့သီခ်င္းေတြသူတို႔ရဲ႕ေရဒီယိုထုတ္လႊင့္တဲ့ေနရာေတြကလည္းခရစ္ယာန္အသိုင္းအဝိုင္းေတြပဲျဖစ္တယ္ဆိုတာကိုပါ။

ေနာက္တခုေျပာစရာရွိတာက ျဖစ္ရပ္မွန္ကိုျပန္႐ိုက္ထားတာပါ။ေကာလိပ္တက္ဖို႔ ျပင္ဆင္ၿပီးသြားေတာ့မယ့္သားကိုလိုက္ပို႔ေနတဲ့ခ်စ္စရာေကာင္းတဲ့မိသားစုေလးတခု။ေကာလိပ္သြားမယ့္သားကလည္း ဂီတမွာ ဝါသနာပါၿပီး ထူးခြၽန္တဲ့သူတေယာက္။

သူေကာလိပ္ေရာက္တဲ့အခါမွာေတာ့ နဂိုကတည္းက သူအားက်ရတဲ့အဆိုေတာ္ဆိုတဲ့ပြဲကိုသြားမိတ္ဆက္ရင္း ခင္မင္ခဲ့တယ္။ေနာက္ၿပီး အဲဒီပြဲမွာပဲ ေကာင္မေလးတေယာက္ကိုျမင္ၿပီး သေဘာက်သြားခဲ့တယ္။အဲဒီေကာင္မေလးကိုလည္း စကားသြားေျပာရင္းေနာက္ရက္မွာေတာ့ သူ႔ကို အဲဒီေကာင္မေလးက ညေနက်ရင္ ေတြ႕ဖို႔ေျပာခဲ့တယ္။

သူလည္း ေတြ႕ဖို႔သြားခဲ့ေပမယ့္ သူထင္သလိုမဟုတ္ပဲမထင္ထားတဲ့သူတေယာက္ကိုပါ ေတြ႕ခဲ့တယ္။ေနာက္ပိုင္းမွာေတာ့ အေၾကာင္းတခုေၾကာင့္ သူတို႔တြဲေနေပမယ့္ဘယ္သူ႔ကိုမွ ေပးမသိခဲ့ၾကဘူး။အဲဒီကိစၥနဲ႔ပဲ ျပႆနာေတြတက္ၾကၿပီးသူလည္း ခရစ္စမတ္ အခ်ိန္နဲ႔ဆိုေတာ့ အိမ္ျပန္လာခဲ့တယ္။

အိမ္ျပန္ေရာက္တဲ့ညမွာပဲ ဖုန္းတခုဝင္လာခဲ့တဲ့ေနာက္မွာေတာ့…….လူငယ္ဂီတအခ်စ္ကားလို႔ေျပာရမယ့္ဒီကားက အခုလတ္တေလာမွ ထြက္ထားတာ။မင္းသားနဲ႔မင္းသမီးကေတာ့ A Dog’s purpose မွာလည္း အတူတူသ႐ုပ္ေဆာင္ဖူးတယ္။

မင္းသမီးကလည္း The Longest Ride ထဲက မင္းသမီး Britt Robertson ပါ။Drama ႀကိဳက္တဲ့သူေတြအတြက္တကယ္ကိုၾကည့္လို႔အဆင္ေျပမယ့္ကားေလးကို တင္ဆက္ေပးလိုက္ပါတယ္။

megaup.net (Megaup.net) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *