In Bruges (2008)

17396
Share
Copy the link

ဒီကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာက Martin McDonagh ဖြစ်ပါတယ်…တစ်လောတုန်းက အော်စကာ (၂)ဆုရခဲ့တဲ့ Three Billboardsကားကို ရိုက်ကူးခဲ့တာ အတော်များများသိပြီးသားဖြစ်ပါလိမ့်မယ် …နောက်ပြီးတော့ ဒီကားရဲ့ ဟန်ပန်ဟာPulp fiction (1994) လို ကားမျိုးပါပဲ…

Pulp fiction လောက် ဇာတ်ကောင်မများသလို သိပ်လည်းမရှုတ်ထွေးပါဘူး…သို့ပေမယ့် ဒီကားမဒေါင်းခင် ဒါရိုက်တာက Martin McDonagh ဆိုတာရယ် Pulp fiction (1994) နဲ့ ဟန်ပန်အနည်းငယ်တူတာရယ်ဆိုတော့တစ်ချို့သူတွေအတွက်တော့ အနည်းငယ်ဆင်ခြင်စေချင်ပါတယ်….

ကြေးစားလူမိုက်လောကကိုစဝင်တဲ့ ရေးဆိုတဲ့ လူတစ်ယောက်ရဲ့ ပထမဆုံးတာဝန်က ခရစ်ယာန်ဘုန်းတော်ကြီးတစ်ယောက်ကိုသတ်ဖို့ပါပဲ….သူ့အတွက်အခက်အခဲမရှိခဲ့ဘူး ..ပစ္စတိုနဲ့ အနီးပ် ပစ်လိုက်ရုံပဲ…သေချာသွားအောင် ကျည်တောင့်တွေဆက်ပစ်သွင်းလိုက်တယ်…

အဲ့ဒီမှာ ကျည်ဟာ ခရစ်ယာန်ဘုန်းတော်ကြီးရဲ့ အသက်ကိုနှုတ်ယူရုံတင်မကဘူး ဘုန်းတော်ကြီးနောက်မှာရပ်နေတဲ့ကလေးငယ်တစ်ယောက်ရဲ့ အသက်ကိုပါ နှုတ်ယူသွားတယ်…အပစ်ကင်းတဲ့ကလေးတစ်ယောက်အတွက် မနက်ဖြန်ဆိုတာ ချုပ်ငြိမ်းသွားတယ်….

ဒီဖြစ်ရပ်ကြောင့် လူသတ်ဖို့ခိုင်းတဲ့အလုပ်ရှင်ဟာ ရေးနဲ့ သူ့သူသယ်ချင်းဖြစ်သူ ကန် ကို ဘယ်ဂျီယံရဲ့ ဘရုချ်ဆိုတဲ့မြို့လေးတစ်မြို့ကိုတိမ်းရှောင်ခိုင်းလိုက်တယ်….ဒီကားက ဇာတ်ကောင်(၃)ယောက်ဖြစ်တဲ့ ရေး၊ကန်နဲ့ လူသတ်ဖို့စေခိုင်းတဲ့ အလုပ်ရှင်တို့ကို စရိုက်တွေ အပြုအမူတွေဒိုင်ယာလော့တွေကို ဂရုတစ်စိုက်ကြည့်ရပါ့မယ်…

ဇာတ်ကားအစမှာ အနည်းငယ် ပျင်းရိစရာကောင်းပေမယ့် ၁၅မိနစ်လောက်ကျော်လာရင်တော့ခပ်ကြောင်ကြောင်ကားတွေကြိုက်တဲ့သူတွေအဖို့ အရမ်းသဘောကျသွားမယ်ဆိုတာ ကျွန်တော်မဝံမရဲ ညွှန်းဆိုပါရစေ….

Zawgyi





ဒီဖြစ်ရပ်ကြောင့် လူသတ်ဖို့ခိုင်းတဲ့အလုပ်ရှင်ဟာ ရေးနဲ့ သူ့သူသယ်ချင်းဖြစ်သူ ကန် ကို ဘယ်ဂျီယံရဲ့ ဘရုခ်ျဆိုတဲ့မြို့လေးတစ်မြို့ကိုတိမ်းရှောင်ခိုင်းလိုက်တယ်….ဒီကားက ဇာတ်ကောင်(၃)ယောက်ဖြစ်တဲ့ ရေး၊ကန်နဲ့ လူသတ်ဖို့စေခိုင်းတဲ့ အလုပ်ရှင်တို့ကို စရိုက်တွေ အပြုအမူတွေဒိုင်ယာလော့တွေကို ဂရုတစ်စိုက်ကြည့်ရပါ့မယ်…


mega.nz (Mega) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *