Ittefaq (2017)
20658အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့မှာ မိုးတွေသည်းနေပါတယ်…မိုးရေထဲမှာပဲ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုနှစ်ခု…ဗစ်ကရမ်စီသီးဟာ ယူကေနိုင်ငံမှာ လူကြိုက်များတဲ့ ဝတ္ထုရေးဆရာတစ်ယောက်ပါ…သူဟာ ကတ်သရင်းဆိုတဲ့ foreigner အမျိုးသမီးနဲ့ အိမ်ထောင်တစ်ခုတည်ထောင်ခဲ့ပါတယ်…
တစ်နေ့ သူပြန်လာတဲ့အချိန်မှာတော့ ကတ်သရင်း သေဆုံးနေခဲ့ပါတယ်…ချက်ချင်းပဲ သူရဲကိုဖုန်းဆက်တယ်…ရဲတွေက သူသတ်တယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်…ဗစ်ကရမ်ဟာ ကြောက်ကြောက်လန့်လန့်နဲ့ ခြေဦးတည့်ရာကားမောင်းပြေးပါတော့တယ်….
ကားအရှိန်လွန်ပြီး တိမ်းမှောက်ခဲ့ပါတယ်…ဒဏ်ရာတွေနဲ့ ဗစ်ကရမ်ဟာ နီးစပ်ရာ အိမ်ထဲဝင်ပြီး အိမ်ပိုင်ရှင် မာယာဆိုတဲ့အမျိုးသမီးကို အကူအညီတောင်းခဲ့ပါတယ်…ဒီကူညီပေးတဲ့အိမ်မှာလဲ လူသတ်မှုဖြစ်နေခဲ့ပါတယ်…မာယာခင်ပွန်းဖြစ်သူ ရှက်ကာ ဆိုတဲ့ သူသေဆုံးနေတာပါ…
ဗစ်ကရမ်အမှုကို မွန်ဘိုင်းထိပ်တန်းစုံထောက် ဒေ့ဗ် တာဝန်ယူရပါတယ်…ဒေ့ဗ်ဟာ မာယာနဲ့ ဗစ်ကရမ်ရဲ့ ထွက်ဆိုချက်များကို နားထောင်ရပါတယ်….ဗစ်ကရမ်ထွက်ဆိုချက်
================ကျွန်တော် အိမ်ပြန်ရောက်တော့ ကတ်သရင်း အသက်မရှိတော့ပါဘူး…ကျွန်တော်ရဲကို ချက်ချင်းအကြောင်းကြားခဲ့တယ်..
ဒါပေမဲ့ရဲတွေက ကျွန်တော့်ကို မိန်းမကို သတ်တယ် ရဲစခန်းလိုက်ခဲ့ဖို့ ခြိမ်းခြောက်ကြတယ်..ကျွန်တော်လဲ ကြောက်လန့်ပြီးထွက်ပြေးမိတယ်…ကျွန်တော် အိမ်တစ်အိမ်ကို အကူအညီတောင်းခဲ့တယ်..မာယာဆိုတဲ့အမျိုးသမီးကူညီပေးတယ်…သူ့ယောကျာ်းပြန်မရောက်သေးဘူးတဲ့..သူက အတော်ကူညီပေးရှာပါတယ်…
ကျွန်တော့်ဒဏ်ရာကိုဆေးထည့်ပေးတယ်…သောက်စရာပေးတယ်…အဲ့အချိန်သူ့ခင်ပွန်းရှက်ကာ ရောက်လာတယ်…ရှက်ကာက ရှေ့နေတစ်ယောက်တဲ့ ကျွန်တော့်ကိုကူညီပေးနိုင်တယ်လို့ မာယာပြောခဲ့တယ်…ခဏကြာတော့ ကျွန်တော်ဘာဖြစ်သွားမှန်းမသိ…မေ့လဲသွားတယ်… ကျွန်တော်နိုးလာတော့ ရှက်ကာအလောင်းကိုတွေ့တယ်…
မာယာထွက်ဆိုချက်===============ကျွန်မ တံခါးဘဲလ်တီးသံကြားလိုက်တယ်… ဖွင့်ကြည့်တော့ တစ်ယောက်မှမရှိဘူး…တံခါးပြန်ပိတ်မယ့်အချိန်မှာပဲ လူတစ်ယောက် ကျွန်မကို အတင်းဖမ်းထားတယ်… ကျွန်မလဲ ကြောက်လန့်ခဲ့တယ်…သူက ကျွန်မ အိမ်မှာဘယ်သူရှိလဲမေးတယ်…ဓားနဲ့ခြိမ်းခြောက်တယ်…
အဲ့အချိန်မှာ ရှက်ကာအလုပ်က ပြန်လာတယ်…ရုန်းရင်းဆန်ခတ်ဖြစ်ကြတယ်…ရှက်ကာနဲ့အဲ့လူလုံးထွေးနေတဲ့အချိန်မှာ ကျွန်မ ရဲကားအသံကြားတော့ အောက်ပြေးဆင်းပြီး အကူအညီတောင်းခဲ့တယ်…ကျွန်မပြန်ရောက်တဲ့အချိန်မှာ ရှက်ကာ အသက်မရှိတော့ဘူး….
ဒေ့ဗ်ဟာ ထွက်ဆိုချက်နှစ်မျိုးလုံးကို နားထောင်ပြီး ဝေခွဲမရဖြစ်ခဲ့ပါတယ်…ဗစ်ကရမ်က ထွက်ပြေးပြီး မာယာအိမ်မှာ မေ့လဲသွားတာလား….မာယာက သူ့ခင်ပွန်းကို သူကိုယ်တိုင်သတ်တာလား…ဗစ်ကရမ်က အပြစ်မရှိဘဲခံလိုက်ရတာလား…ကတ်သရင်းသေဆုံးမှုကကော ဖြစ်ရိုးဖြစ်စဉ်လို သေဆုံးမှုဟုတ်ရဲ့လား ဆိုတာကို…
ပဟေဠိဆန်ဆန် ဖြေရှင်းချက် သုံးသပ်ချက်များနဲ့ ရိုက်ကူးထားပါတယ်…ပရိတ်သတ်ကလဲ ဘယ်သူက လူသတ်တရားခံလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်တဲ့အတွက် လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပါ…
Zawgyi
အိႏၵိယႏိုင္ငံမြန္ဘိုင္းၿမိဳ႕မွာ မိုးေတြသည္းေနပါတယ္…မိုးေရထဲမွာပဲ ျဖစ္ပြားခဲ့တဲ့ လူသတ္မႈႏွစ္ခု…ဗစ္ကရမ္စီသီးဟာ ယူေကႏိုင္ငံမွာ လူႀကိဳက္မ်ားတဲ့ ဝတၳဳေရးဆရာတစ္ေယာက္ပါ…သူဟာ ကတ္သရင္းဆိုတဲ့ foreigner အမ်ိဳးသမီးနဲ႔ အိမ္ေထာင္တစ္ခုတည္ေထာင္ခဲ့ပါတယ္…
တစ္ေန႔ သူျပန္လာတဲ့အခ်ိန္မွာေတာ့ ကတ္သရင္း ေသဆုံးေနခဲ့ပါတယ္…ခ်က္ခ်င္းပဲ သူရဲကိုဖုန္းဆက္တယ္…ရဲေတြက သူသတ္တယ္ဆိုၿပီး ၿခိမ္းေျခာက္ပါတယ္…ဗစ္ကရမ္ဟာ ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ ေျခဦးတည့္ရာကားေမာင္းေျပးပါေတာ့တယ္….
ကားအရွိန္လြန္ၿပီး တိမ္းေမွာက္ခဲ့ပါတယ္…ဒဏ္ရာေတြနဲ႔ ဗစ္ကရမ္ဟာ နီးစပ္ရာ အိမ္ထဲဝင္ၿပီး အိမ္ပိုင္ရွင္ မာယာဆိုတဲ့အမ်ိဳးသမီးကို အကူအညီေတာင္းခဲ့ပါတယ္…ဒီကူညီေပးတဲ့အိမ္မွာလဲ လူသတ္မႈျဖစ္ေနခဲ့ပါတယ္…မာယာခင္ပြန္းျဖစ္သူ ရွက္ကာ ဆိုတဲ့ သူေသဆုံးေနတာပါ…
ဗစ္ကရမ္အမႈကို မြန္ဘိုင္းထိပ္တန္းစုံေထာက္ ေဒ့ဗ္ တာဝန္ယူရပါတယ္…ေဒ့ဗ္ဟာ မာယာနဲ႔ ဗစ္ကရမ္ရဲ႕ ထြက္ဆိုခ်က္မ်ားကို နားေထာင္ရပါတယ္….ဗစ္ကရမ္ထြက္ဆိုခ်က္
================ကြၽန္ေတာ္ အိမ္ျပန္ေရာက္ေတာ့ ကတ္သရင္း အသက္မရွိေတာ့ပါဘူး…ကြၽန္ေတာ္ရဲကို ခ်က္ခ်င္းအေၾကာင္းၾကားခဲ့တယ္..
ဒါေပမဲ့ရဲေတြက ကြၽန္ေတာ့္ကို မိန္းမကို သတ္တယ္ ရဲစခန္းလိုက္ခဲ့ဖို႔ ၿခိမ္းေျခာက္ၾကတယ္..ကြၽန္ေတာ္လဲ ေၾကာက္လန႔္ၿပီးထြက္ေျပးမိတယ္…ကြၽန္ေတာ္ အိမ္တစ္အိမ္ကို အကူအညီေတာင္းခဲ့တယ္..မာယာဆိုတဲ့အမ်ိဳးသမီးကူညီေပးတယ္…သူ႔ေယာက်ာ္းျပန္မေရာက္ေသးဘူးတဲ့..သူက အေတာ္ကူညီေပးရွာပါတယ္…
ကြၽန္ေတာ့္ဒဏ္ရာကိုေဆးထည့္ေပးတယ္…ေသာက္စရာေပးတယ္…အဲ့အခ်ိန္သူ႔ခင္ပြန္းရွက္ကာ ေရာက္လာတယ္…ရွက္ကာက ေရွ႕ေနတစ္ေယာက္တဲ့ ကြၽန္ေတာ့္ကိုကူညီေပးႏိုင္တယ္လို႔ မာယာေျပာခဲ့တယ္…ခဏၾကာေတာ့ ကြၽန္ေတာ္ဘာျဖစ္သြားမွန္းမသိ…ေမ့လဲသြားတယ္… ကြၽန္ေတာ္ႏိုးလာေတာ့ ရွက္ကာအေလာင္းကိုေတြ႕တယ္…
မာယာထြက္ဆိုခ်က္===============ကြၽန္မ တံခါးဘဲလ္တီးသံၾကားလိုက္တယ္… ဖြင့္ၾကည့္ေတာ့ တစ္ေယာက္မွမရွိဘူး…တံခါးျပန္ပိတ္မယ့္အခ်ိန္မွာပဲ လူတစ္ေယာက္ ကြၽန္မကို အတင္းဖမ္းထားတယ္… ကြၽန္မလဲ ေၾကာက္လန႔္ခဲ့တယ္…သူက ကြၽန္မ အိမ္မွာဘယ္သူရွိလဲေမးတယ္…ဓားနဲ႔ၿခိမ္းေျခာက္တယ္…
အဲ့အခ်ိန္မွာ ရွက္ကာအလုပ္က ျပန္လာတယ္…႐ုန္းရင္းဆန္ခတ္ျဖစ္ၾကတယ္…ရွက္ကာနဲ႔အဲ့လူလုံးေထြးေနတဲ့အခ်ိန္မွာ ကြၽန္မ ရဲကားအသံၾကားေတာ့ ေအာက္ေျပးဆင္းၿပီး အကူအညီေတာင္းခဲ့တယ္…ကြၽန္မျပန္ေရာက္တဲ့အခ်ိန္မွာ ရွက္ကာ အသက္မရွိေတာ့ဘူး….
ေဒ့ဗ္ဟာ ထြက္ဆိုခ်က္ႏွစ္မ်ိဳးလုံးကို နားေထာင္ၿပီး ေဝခြဲမရျဖစ္ခဲ့ပါတယ္…ဗစ္ကရမ္က ထြက္ေျပးၿပီး မာယာအိမ္မွာ ေမ့လဲသြားတာလား….မာယာက သူ႔ခင္ပြန္းကို သူကိုယ္တိုင္သတ္တာလား…ဗစ္ကရမ္က အျပစ္မရွိဘဲခံလိုက္ရတာလား…ကတ္သရင္းေသဆုံးမႈကေကာ ျဖစ္႐ိုးျဖစ္စဥ္လို ေသဆုံးမႈဟုတ္ရဲ႕လား ဆိုတာကို…
ပေဟဠိဆန္ဆန္ ေျဖရွင္းခ်က္ သုံးသပ္ခ်က္မ်ားနဲ႔ ႐ိုက္ကူးထားပါတယ္…ပရိတ္သတ္ကလဲ ဘယ္သူက လူသတ္တရားခံလဲဆိုတာကို စိတ္ဝင္တစား ၾကည့္ရႈရမွာျဖစ္တဲ့အတြက္ လက္လႊတ္မခံသင့္တဲ့ ဇာတ္ကားတစ္ကားပါ…


(Megaup.net) Large Size ~ Download
(Users Drive) Large Size ~ Download
(Users Drive) Small Size ~ Download
(Disk Yandex) Large Size ~ Download
(Up Stream) Large Size ~ Download
(Yoteshin) Large Size ~ Download