Kai Po Che ( 2013 )

0
Share
Copy the link

ဒီကားလေးကတော့ IMDB 7.7 /10 ရရှိထားပြီး သဘာဝဆန်ဆန် ပြကွက်တို့နဲ့ အသိသညာ တစ်ခုကို ရင်ဘတ်ထဲစွဲညှိစေခဲ့တဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်း အီရှန်၊ ဂိုဗင်၊ အိုမီ တို့ဟာ ညီအစ်ကိုလိုခင်မင်ကြတဲ့ သူငယ်ချင်းတွေပေါ့။ အီရှန်ကတော့ တဇွတ်ထိုးလုပ်တတ်ပြီး ခရစ်ကတ်ကစားနည်းကို ကြိုက်နှစ်သက်သူဖြစ်ပါတယ်။

ဒီလိုနဲ့ သူတို့သုံးယောက်ဟာ ဘုရားကျောင်းအနီးမှာ အားကစားပစ္စည်းရောင်းဖို့ စီစဉ်ခဲ့ကြပါတယ်။ တကယ်တမ်း သူတို့အိပ်မက်ကတော့ မော်လ်မှာ အားကစားဆိုင်ကြီးဖွင့်ချင်ကြတာပါ။ ဒါပေမဲ့ မတတ်နိုင်သေးတဲ့ အစမှာတော့ အိုမီဦးလေးဆီက ပိုက်ဆံနဲ့ပဲ ဆိုင်ငယ်လေးကို အစပျိုးခဲ့တယ်။

ခရစ်ကတ်ကို ရူးသွပ်လွန်းသူ အီရှန်ကတော့ နည်းပြအဖြစ်လည်း ခရစ်ကတ်ကစားသူ ကလေးတွေကို လမ်းညွှန်ပြပေးခဲ့တယ်။တစ်နေ့မှာတော့ အရမ်းတော်တဲ့ ကလေးတစ်ယောက်ကို အီရှန် တွေ့ခဲ့တယ်။ သူ့နာမည်က အလီ။ အဲဒီနောက်မှာတော့ အီရှန်ဟာ အလီကို ခရစ်ကတ်ချန်ပီယံ ဖြစ်အောင် မြေတောင်မြှောက်ပေးချင်ခဲ့တယ်။

အီရှန်ရဲ့ဆန္ဒတွေကို အိုမီနဲ့ ဂိုဗင်တို့ကလည်း ငွေကြေးအရ ကူညီပေးခဲ့ကြတယ်။ တစ်နေ့မှာ သူတို့မြို့လေးမှာ ငလျင်ဘေး ခတ်သွားတဲ့အခါမှာတော့ အခြေအနေအရပ်ရပ်ဟာ ပြောင်းလဲသွားကြပါတယ်။

ဆောက်လက်စ မော်လ်လည်း ပြိုကျပြီး သူတို့မျှော်လင့်ချက်ပြိုလုဆဲဆဲ အချိန်မှာ အီရှန်က စုထားတဲ့ပိုက်ဆံတွေကို အလီတို့အိမ်ပြုပြင်ဖို့ ပေးလိုက်တဲ့အခါမှာတော့ —??? ကဲ ဘာတွေဆက်ဖြစ်လာမလဲ။ညီအစ်ကိုလို ခင်မင်ခဲ့ကြတဲ့သူငယ်ချင်းတစ်တွေကြား ဘာတွေဆက်ဖြစ်လာမလဲ။

အီရှန်ရဲ့မြေတောင်မြှောက်မှုတွေကရော အလီအတွက် အရာထင်စေခဲ့မလား။ အစရှိတဲ့ စိတ်လှုပ်ရှားစရာတွေက ဇာတ်ရှိန်တက်လာစေခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ အားကစားရဲ့အရေးပါမှုတွေနဲ့ ဆရာသမားဂုဏ်ရည်ကိုပါ ဖော်ကျူးထားပြီး ပေးဆပ်မှု၊နားလည်မှုတွေကြားက လူသားတွေကို ပုံဖော်ခြင်းတွေကလည်း သဘာဝကျလွန်းလှပါတယ်။

ဇာတ်အေးလွန်းသော်လည်း ပေးခင်တဲ့ရသကိုပီပြင်လွန်းတာကြောင့် ကြည့်သင့်တဲ့ဇာတ်ကားဖြစ်ေကြောင်း ညွှန်းဆိုလိုက်ပါရစေ။

Zawgyi

ဒီကားေလးကေတာ့ IMDB 7.7 /10 ရရွိထားၿပီး သဘာဝဆန္ဆန္ ျပကြက္တို႔နဲ႔ အသိသညာ တစ္ခုကို ရင္ဘတ္ထဲစြဲညႇိေစခဲ့တဲ့ ဇာတ္ကားေလးပါ။ဇာတ္လမ္းအက်ဥ္း အီရွန္၊ ဂိုဗင္၊ အိုမီ တို႔ဟာ ညီအစ္ကိုလိုခင္မင္ၾကတဲ့ သူငယ္ခ်င္းေတြေပါ့။ အီရွန္ကေတာ့ တဇြတ္ထိုးလုပ္တတ္ၿပီး ခရစ္ကတ္ကစားနည္းကို ႀကိဳက္ႏွစ္သက္သူျဖစ္ပါတယ္။

ဒီလိုနဲ႔ သူတို႔သုံးေယာက္ဟာ ဘုရားေက်ာင္းအနီးမွာ အားကစားပစၥည္းေရာင္းဖို႔ စီစဥ္ခဲ့ၾကပါတယ္။ တကယ္တမ္း သူတို႔အိပ္မက္ကေတာ့ ေမာ္လ္မွာ အားကစားဆိုင္ႀကီးဖြင့္ခ်င္ၾကတာပါ။ ဒါေပမဲ့ မတတ္ႏိုင္ေသးတဲ့ အစမွာေတာ့ အိုမီဦးေလးဆီက ပိုက္ဆံနဲ႔ပဲ ဆိုင္ငယ္ေလးကို အစပ်ိဳးခဲ့တယ္။

ခရစ္ကတ္ကို ႐ူးသြပ္လြန္းသူ အီရွန္ကေတာ့ နည္းျပအျဖစ္လည္း ခရစ္ကတ္ကစားသူ ကေလးေတြကို လမ္းၫႊန္ျပေပးခဲ့တယ္။တစ္ေန႔မွာေတာ့ အရမ္းေတာ္တဲ့ ကေလးတစ္ေယာက္ကို အီရွန္ ေတြ႕ခဲ့တယ္။ သူ႔နာမည္က အလီ။ အဲဒီေနာက္မွာေတာ့ အီရွန္ဟာ အလီကို ခရစ္ကတ္ခ်န္ပီယံ ျဖစ္ေအာင္ ေျမေတာင္ေျမႇာက္ေပးခ်င္ခဲ့တယ္။

အီရွန္ရဲ႕ဆႏၵေတြကို အိုမီနဲ႔ ဂိုဗင္တို႔ကလည္း ေငြေၾကးအရ ကူညီေပးခဲ့ၾကတယ္။ တစ္ေန႔မွာ သူတို႔ၿမိဳ႕ေလးမွာ ငလ်င္ေဘး ခတ္သြားတဲ့အခါမွာေတာ့ အေျခအေနအရပ္ရပ္ဟာ ေျပာင္းလဲသြားၾကပါတယ္။

ေဆာက္လက္စ ေမာ္လ္လည္း ၿပိဳက်ၿပီး သူတို႔ေမွ်ာ္လင့္ခ်က္ၿပိဳလုဆဲဆဲ အခ်ိန္မွာ အီရွန္က စုထားတဲ့ပိုက္ဆံေတြကို အလီတို႔အိမ္ျပဳျပင္ဖို႔ ေပးလိုက္တဲ့အခါမွာေတာ့ —??? ကဲ ဘာေတြဆက္ျဖစ္လာမလဲ။ညီအစ္ကိုလို ခင္မင္ခဲ့ၾကတဲ့သူငယ္ခ်င္းတစ္ေတြၾကား ဘာေတြဆက္ျဖစ္လာမလဲ။

အီရွန္ရဲ႕ေျမေတာင္ေျမႇာက္မႈေတြကေရာ အလီအတြက္ အရာထင္ေစခဲ့မလား။ အစရွိတဲ့ စိတ္လႈပ္ရွားစရာေတြက ဇာတ္ရွိန္တက္လာေစခဲ့ပါတယ္။ ဒီဇာတ္ကားမွာေတာ့ အားကစားရဲ႕အေရးပါမႈေတြနဲ႔ ဆရာသမားဂုဏ္ရည္ကိုပါ ေဖာ္က်ဴးထားၿပီး ေပးဆပ္မႈ၊နားလည္မႈေတြၾကားက လူသားေတြကို ပုံေဖာ္ျခင္းေတြကလည္း သဘာဝက်လြန္းလွပါတယ္။

ဇာတ္ေအးလြန္းေသာ္လည္း ေပးခင္တဲ့ရသကိုပီျပင္လြန္းတာေၾကာင့္ ၾကည့္သင့္တဲ့ဇာတ္ကားျဖစ္ေေၾကာင္း ၫႊန္းဆိုလိုက္ပါရေစ။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *