Kelam (2019)

14629
Share
Copy the link

ဒီဇာတ်ကားလေးကတော့ ၂၀၁၉ခုနှစ်ကမှထွက်ရှိထားတဲ့အင်ဒိုနီးရှား Horror ကားလေးပဲ ဖြစ်ပါတယ်။နီနာဟာ ချစ်စဖွယ်သမီးငယ်လေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့သက်လတ်ပိုင်းအိမ်ထောင်သည် အမျိုးသမီးတစ်ဦးပါ။

တစ်ညမှာတော့ သူမ အိပ်ပျော်နေတုန်းမှာ သူမတို့နဲ့အဝေးမှာနေထိုင်တဲ့သူမရဲ့ မိခင် ကျန်းမာရေး ဆိုးရွားနေတဲ့ အတွက်သူမ ကိုလာခဲ့ဖို့ဆက်သွယ်လာပါတယ်။သူမနဲ့သမီးဖြစ်သူဟာ သူမငယ်စဉ်ကနေထိုင်ခဲ့တဲ့ မိခင်ကြီးရဲ့ အိမ်ကို ရောက်သွားကြပြီးသူမရဲ့ ခင်ပွန်းဖြစ်သူကတော့ အလုပ်တွေကြောင့် သူမတို့နဲ့ အတူတူ မလိုက်ပါနိုင်ခဲ့ပါဘူး။

သူမရဲ့ သမီးငယ်ဟာလည်းမွေးရာပါ နှလုံးရောဂါခံစားနေရတဲ့ ကလေးငယ်တစ်ဦးဖြစ်ပြီးခွဲစိပ်မှုပြုလုပ်ဖို့ စောင့်ဆိုင်းနေရပါတယ်။

သူမ မိခင်ကြီးရဲ့ အိမ်ကို ရောက်တဲ့အခါမှာ မိသားစုတွေ ပြန်လည် ဆုံတွေ့ကြပေမယ့်အတိတ်ကပြသနာတချို့ကြောင့် သူမနဲ့ မိခင်ကြား ဆက်ဆံရေးကောင်းမွန်ခြင်းမရှိတာကိုသူမရဲ့ ညီမဖြစ်သူထံမှ အပြစ်တင်တာမျိုးကို ရင်ဆိုင်ကြုံတွေ့ရပါတယ်။

သူမသမီးငယ်လေးရဲ့ ကျန်းမာရေးတဘက်၊ မိခင်ရဲ့ ကျန်းမာရေးကို တဘက် နဲ့သူမနှင့် ညီမဖြစ်သူဟာ ပြုစုစောင့်ရှောက်ရင်းပုံမှန်မဟုတ်တဲ့ သဘာ၀ကိစ္စရပ်တွေကို ရင်ဆိုင်ကြုံတွေ့လာရပါတယ်။

သူမကိုယ်တိုင်က စိတ်ဓာတ်ခက်ထန်မာကျောသူတစ်ဦးဖြစ်ပေမယ့်ကြုံတွေ့ရတဲ့ကိစ္စများဟာ သူမအတွက် နားမလည်နိုင်စရာ ပဟေဠိတွေဖြစ်လာပြီးအကြောင်းရင်းကို ရှာဖွေဖို့ သူမ ဆုံးဖြတ်လိုက်ပါတယ်။

သူမလို အစစအရာရာပြည့်စုံနေတဲ့ အမျိုးသမီးတစ်ဦးအနေနဲ့မိခင်နဲ့ ဆက်ဆံရေးမပြေလည် ဖြစ်စေခဲ့တဲ့ အကြောင်းရင်းက ဘာများဖြစ်မလဲ?

သူမရဲ့ အတိတ်ကပြသနာဆိုတာကများရော ဘယ်လိုပြသနာမျိုးလဲ?သူမသမီးလေးကို ထူးဆန်းတဲ့ အပြုအမူတွေ ပြုမူစေတဲ့ အကြောင်းရင်းတွေကရော ဘာတွေများဖြစ်မလဲ?စတာတွေကို ရှာဖွေတွေ့ရှိနိုင်ဖို့ ကိုယ်တိုင် ကိုယ်ကျ ခံစားအားပေး ကြည့်ရှုကြပါဦးခင်ဗျာ။

Zawgyi

ဒီဇာတ္ကားေလးကေတာ့ ၂၀၁၉ခုႏွစ္ကမွထြက္ရွိထားတဲ့အင္ဒိုနီးရွား Horror ကားေလးပဲ ျဖစ္ပါတယ္။နီနာဟာ ခ်စ္စဖြယ္သမီးငယ္ေလးတစ္ေယာက္ကို ပိုင္ဆိုင္ထားတဲ့သက္လတ္ပိုင္းအိမ္ေထာင္သည္ အမ်ိဳးသမီးတစ္ဦးပါ။

တစ္ညမွာေတာ့ သူမ အိပ္ေပ်ာ္ေနတုန္းမွာ သူမတို႔နဲ႔အေဝးမွာေနထိုင္တဲ့သူမရဲ႕ မိခင္ က်န္းမာေရး ဆိုး႐ြားေနတဲ့ အတြက္သူမ ကိုလာခဲ့ဖို႔ဆက္သြယ္လာပါတယ္။သူမနဲ႔သမီးျဖစ္သူဟာ သူမငယ္စဥ္ကေနထိုင္ခဲ့တဲ့ မိခင္ႀကီးရဲ႕ အိမ္ကို ေရာက္သြားၾကၿပီးသူမရဲ႕ ခင္ပြန္းျဖစ္သူကေတာ့ အလုပ္ေတြေၾကာင့္ သူမတို႔နဲ႔ အတူတူ မလိုက္ပါႏိုင္ခဲ့ပါဘူး။

သူမရဲ႕ သမီးငယ္ဟာလည္းေမြးရာပါ ႏွလုံးေရာဂါခံစားေနရတဲ့ ကေလးငယ္တစ္ဦးျဖစ္ၿပီးခြဲစိပ္မႈျပဳလုပ္ဖို႔ ေစာင့္ဆိုင္းေနရပါတယ္။

သူမ မိခင္ႀကီးရဲ႕ အိမ္ကို ေရာက္တဲ့အခါမွာ မိသားစုေတြ ျပန္လည္ ဆုံေတြ႕ၾကေပမယ့္အတိတ္ကျပသနာတခ်ိဳ႕ေၾကာင့္ သူမနဲ႔ မိခင္ၾကား ဆက္ဆံေရးေကာင္းမြန္ျခင္းမရွိတာကိုသူမရဲ႕ ညီမျဖစ္သူထံမွ အျပစ္တင္တာမ်ိဳးကို ရင္ဆိုင္ႀကဳံေတြ႕ရပါတယ္။

သူမသမီးငယ္ေလးရဲ႕ က်န္းမာေရးတဘက္၊ မိခင္ရဲ႕ က်န္းမာေရးကို တဘက္ နဲ႔သူမႏွင့္ ညီမျဖစ္သူဟာ ျပဳစုေစာင့္ေရွာက္ရင္းပုံမွန္မဟုတ္တဲ့ သဘာ၀ကိစၥရပ္ေတြကို ရင္ဆိုင္ႀကဳံေတြ႕လာရပါတယ္။

သူမကိုယ္တိုင္က စိတ္ဓာတ္ခက္ထန္မာေက်ာသူတစ္ဦးျဖစ္ေပမယ့္ႀကဳံေတြ႕ရတဲ့ကိစၥမ်ားဟာ သူမအတြက္ နားမလည္ႏိုင္စရာ ပေဟဠိေတြျဖစ္လာၿပီးအေၾကာင္းရင္းကို ရွာေဖြဖို႔ သူမ ဆုံးျဖတ္လိုက္ပါတယ္။

သူမလို အစစအရာရာျပည့္စုံေနတဲ့ အမ်ိဳးသမီးတစ္ဦးအေနနဲ႔မိခင္နဲ႔ ဆက္ဆံေရးမေျပလည္ ျဖစ္ေစခဲ့တဲ့ အေၾကာင္းရင္းက ဘာမ်ားျဖစ္မလဲ?

သူမရဲ႕ အတိတ္ကျပသနာဆိုတာကမ်ားေရာ ဘယ္လိုျပသနာမ်ိဳးလဲ?သူမသမီးေလးကို ထူးဆန္းတဲ့ အျပဳအမူေတြ ျပဳမူေစတဲ့ အေၾကာင္းရင္းေတြကေရာ ဘာေတြမ်ားျဖစ္မလဲ?စတာေတြကို ရွာေဖြေတြ႕ရွိႏိုင္ဖို႔ ကိုယ္တိုင္ ကိုယ္က် ခံစားအားေပး ၾကည့္ရႈၾကပါဦးခင္ဗ်ာ။

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

disk.yandex.com (Disk Yandex) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *