Khandaani Shafakhana (2019)
17287ဟိုတလောက FB ပေါ်မှာ ပွဲဆူသွားစေခဲ့တဲ့ “Sex Education” ဆိုတဲ့ ခေါင်းစဉ်လေးကို မှတ်မိကြတယ်မလား ဒီဇာတ်ကားလေးဟာ လူတွေ “Sex Education” ကိုတကယ်ပဲလိုအပ်သလား မလိုအပ်ဘူးလားဆိုတာကိုမီးမောင်းထိုးပြသွားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ
ဒီဇာတ်ကားထဲမှာတော့ အိန္ဒိယနိုင်ငံသားတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှုကို ဘယ်လောက်ထိအလေးထားကြလဲဆိုတာကို ကွင်းကွင်းကွက်ကွက်ရိုက်ပြထားပါတယ် တော်တော်လည်းကြမ်းကြပါတယ်
ဘယ်လောက်ကြမ်းသလဲဆိုရင် တီဗီမှာလိင်မှုကိစ္စနဲ့ပတ်သတ်တဲ့ ကြော်ငြာတစ်ခုကိုထည့်လိုက်မိတဲ့ မားမားဂျီးဆိုတဲ့သမားတော်တစ်ယောက်ဟာ ၂၅နှစ်တိတိ သူအလုပ်လုပ်လာခဲ့တဲ့ဆေးကုမ္ပဏီကနေ မဆိုင်းမတွအလုပ်ထုတ်ခံလိုက်ရပါတယ် နောက်ဆုံး အသတ်ခံရတဲ့အထိဖြစ်သွားခဲ့ပါတယ်
ဖြစ်ချင်တော့ သူ့ရဲ့သေတမ်းစာအရ မားမားဂျီးဟာ သူ့ရဲ့တူမလေးဖြစ်သူ ဘေဘီဘင်ဒီ ကို သူပိုင်တဲ့လိင်ဆေးကုသခန်းကို အမွေပေးသွားခဲ့ပါတယ် သတ်မှတ်ချက်အရ ဘေဘီဘင်ဒီဟာ ဆေးခန်းမှာခြောက်လတိတိအလုပ်လုပ်မှသာ အမွေကိုလုံးဝပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်
Sex ဆိုတဲ့ စကားလုံးကိုပြောရင်တောင် ရွံ့ရှာတဲ့အကြည့်နဲ့ကြည့်ကြတဲ့ နိုင်ငံမှာ မိန်းကလေးတစ်ယောက်က လိင်ဆေးကုသခန်းမှာ အလုပ်လုပ်တယ်ဆိုရင် ဘယ်လောက်တောင်ပြောဆိုကြမလဲဆိုတာကို တွေးစရာမလိုပါဘူး
ဒါပေမယ့်ဘေဘီဘင်ဒီဟာ လက်ခံလိုက်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ရှင်းပါတယ် ပိုက်ဆံမရှိလို့ပါ မကြာခင်မှာ အိမ်ကလည်းအကြွေးမဆပ်နိုင်လို့ အပိုင်သိမ်းခံရတော့မယ် ရှိတဲ့မောင်လေးကလည်း ဘာအလုပ်မှမလုပ်တဲ့ငပျင်း အဲ့တော့ ကံကောင်းပြီးရလာတဲ့ အမွေကိုလက်ခံလိုက်ဖို့ကလွဲပြီး သူ့မှာရွေးချယ်စရာမရှိပါဘူး
အဲ့ဒီတော့ ဘေဘီဘင်ဒီတစ်ယောက် ဘယ်လိုပြဿနာတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ လူမှုအဖွဲ့အစည်းတစ်ခုလုံးမှာစွဲညှိနေတဲ့ရှေးအယူအဆတွေကို ဘယ်လိုပြောင်းလဲမလဲဆိုတာကို တခွီခွီနဲ့ရယ်ပြီး ကြည့်ရမှာဖြစ်ပါတယ် ရသလည်းစုံပါတယ် တကယ့်ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ
Zawgyi
ဟိုတေလာက FB ေပၚမွာ ပြဲဆူသြားေစခဲ့တဲ့ “Sex Education” ဆိုတဲ့ ေခါင္းစဥ္ေလးကို မွတ္မိၾကတယ္မလား ဒီဇာတ္ကားေလးဟာ လူေတြ “Sex Education” ကိုတကယ္ပဲလိုအပ္သလား မလိုအပ္ဘူးလားဆိုတာကိုမီးေမာင္းထိုးျပသြားတဲ့ ဇာတ္ကားေကာင္းေလးတစ္ခုပါ
ဒီဇာတ္ကားထဲမွာေတာ့ အိႏၵိယႏိုင္ငံသားေတြဟာ သူတို႔ရဲ႕ ယဥ္ေက်းမႈကို ဘယ္ေလာက္ထိအေလးထားၾကလဲဆိုတာကို ကြင္းကြင္းကြက္ကြက္႐ိုက္ျပထားပါတယ္ ေတာ္ေတာ္လည္းၾကမ္းၾကပါတယ္
ဘယ္ေလာက္ၾကမ္းသလဲဆိုရင္ တီဗီမွာလိင္မႈကိစၥနဲ႔ပတ္သတ္တဲ့ ေၾကာ္ျငာတစ္ခုကိုထည့္လိုက္မိတဲ့ မားမားဂ်ီးဆိုတဲ့သမားေတာ္တစ္ေယာက္ဟာ ၂၅ႏွစ္တိတိ သူအလုပ္လုပ္လာခဲ့တဲ့ေဆးကုမၸဏီကေန မဆိုင္းမတြအလုပ္ထုတ္ခံလိုက္ရပါတယ္ ေနာက္ဆုံး အသတ္ခံရတဲ့အထိျဖစ္သြားခဲ့ပါတယ္
ျဖစ္ခ်င္ေတာ့ သူ႔ရဲ႕ေသတမ္းစာအရ မားမားဂ်ီးဟာ သူ႔ရဲ႕တူမေလးျဖစ္သူ ေဘဘီဘင္ဒီ ကို သူပိုင္တဲ့လိင္ေဆးကုသခန္းကို အေမြေပးသြားခဲ့ပါတယ္ သတ္မွတ္ခ်က္အရ ေဘဘီဘင္ဒီဟာ ေဆးခန္းမွာေျခာက္လတိတိအလုပ္လုပ္မွသာ အေမြကိုလုံးဝပိုင္ဆိုင္ခြင့္ရမွာျဖစ္ပါတယ္
Sex ဆိုတဲ့ စကားလုံးကိုေျပာရင္ေတာင္ ႐ြံ႕ရွာတဲ့အၾကည့္နဲ႔ၾကည့္ၾကတဲ့ ႏိုင္ငံမွာ မိန္းကေလးတစ္ေယာက္က လိင္ေဆးကုသခန္းမွာ အလုပ္လုပ္တယ္ဆိုရင္ ဘယ္ေလာက္ေတာင္ေျပာဆိုၾကမလဲဆိုတာကို ေတြးစရာမလိုပါဘူး
ဒါေပမယ့္ေဘဘီဘင္ဒီဟာ လက္ခံလိုက္ပါတယ္ ဘာျဖစ္လို႔လဲဆိုေတာ့ ရွင္းပါတယ္ ပိုက္ဆံမရွိလို႔ပါ မၾကာခင္မွာ အိမ္ကလည္းအေႂကြးမဆပ္ႏိုင္လို႔ အပိုင္သိမ္းခံရေတာ့မယ္ ရွိတဲ့ေမာင္ေလးကလည္း ဘာအလုပ္မွမလုပ္တဲ့ငပ်င္း အဲ့ေတာ့ ကံေကာင္းၿပီးရလာတဲ့ အေမြကိုလက္ခံလိုက္ဖို႔ကလြဲၿပီး သူ႔မွာေ႐ြးခ်ယ္စရာမရွိပါဘူး
အဲ့ဒီေတာ့ ေဘဘီဘင္ဒီတစ္ေယာက္ ဘယ္လိုျပႆနာေတြကိုဘယ္လိုရင္ဆိုင္ေျဖရွင္းမလဲ လူမႈအဖြဲ႕အစည္းတစ္ခုလုံးမွာစြဲညႇိေနတဲ့ေရွးအယူအဆေတြကို ဘယ္လိုေျပာင္းလဲမလဲဆိုတာကို တခြီခြီနဲ႔ရယ္ၿပီး ၾကည့္ရမွာျဖစ္ပါတယ္ ရသလည္းစုံပါတယ္ တကယ့္ဇာတ္လမ္းေကာင္းတစ္ပုဒ္ပါ


(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download
(Users Drive) Large Size ~ Download
(Users Drive) Small Size ~ Download
(Yoteshin) Large Size ~ Download
(Yoteshin) Small Size ~ Download