King of Beggars (1992)
15414ဇာတ်လမ်း အကျဉ်းလေးကတော့ –ပညာမတတ် အပျော်အပါးလိုက်စားပြီး တချိန်လုံး သောက်စားယစ်မူးလိုက် မိန်းမပျက်တွေနဲ့ ပျော်ပါးလိုက် နေနေတဲ့ စတီဖင်ချောင် တစ်ယောက်သူ့အဖေက တိုက်တွန်းလို့ သိုင်းသင်တန်းကျောင်း ဝင်ခွင့်ဖြေဆိုဖို့ ပီကင်းကိုရောက်လာပါတယ်။
ရေးဖြေဖြေဆိုတော့ ကလိမ်ကကျစ်နဲ့ ခိုးချတာမိသွားပါတယ်:3အဲ့ဒီမှာ ဘုရင်ကြီးက ကလိမ်ကကျစ်ကောင်ကို သူတောင်းစား အဖြစ် အပြစ်ပေးလိုက်တဲ့အခါမှာတော့ဉာဏ်နီဉာဏ်နက်များတဲ့ စတီဖင်ချောင်တစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ။
စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…
စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။
စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…ဘဝဆိုတာ ဖြတ်သန်းစဉ်က အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ခိုက်ကြ။
ဒါပေမယ့် ပြန်တွေးကြည့်တော့လဲ ရယ်စရာအတိတ်တွေခပ်များများ။ဘဝဆိုတာ ဘာမှလဲမဟုတ်လှ။ဒီလိုဘာမှမဟုတ်တဲ့ ဘဝကြီးကို ဟာသတွေနဲ့ ချိတ်ဆက်ပြထားတဲ့ စတီဖင်ချောင်ရဲ့ ဇာတ်ကာတွေတစ်ဝကြီးထိုင်ကြည့်ရင်း ဘဝဆိုတာကြီးကို ကျွန်တော်တို့ ဟားတိုက်နေကြရအောင်ဗျာ။
Zawgyi
ဇာတ္လမ္း အက်ဥ္းေလးကေတာ့ –ပညာမတတ္ အေပ်ာ္အပါးလိုက္စားၿပီး တခ်ိန္လုံး ေသာက္စားယစ္မူးလိုက္ မိန္းမပ်က္ေတြနဲ႔ ေပ်ာ္ပါးလိုက္ ေနေနတဲ့ စတီဖင္ေခ်ာင္ တစ္ေယာက္သူ႔အေဖက တိုက္တြန္းလို႔ သိုင္းသင္တန္းေက်ာင္း ဝင္ခြင့္ေျဖဆိုဖို႔ ပီကင္းကိုေရာက္လာပါတယ္။
ေရးေျဖေျဖဆိုေတာ့ ကလိမ္ကက်စ္နဲ႔ ခိုးခ်တာမိသြားပါတယ္:3အဲ့ဒီမွာ ဘုရင္ႀကီးက ကလိမ္ကက်စ္ေကာင္ကို သူေတာင္းစား အျဖစ္ အျပစ္ေပးလိုက္တဲ့အခါမွာေတာ့ဉာဏ္နီဉာဏ္နက္မ်ားတဲ့ စတီဖင္ေခ်ာင္တစ္ေယာက္ ဘာေတြဆက္ျဖစ္ၾကမလဲဆိုတာ။
စတီဖင္ေခ်ာင္ဆိုတာနဲ႔ သ႐ုပ္ေဆာင္ေရာ ဇာတ္လမ္းဇာတ္ၫႊန္းပိုင္းမွာပါသူမတူေအာင္ တင္ဆက္ႏိုင္တဲ့ Comedy King တစ္ေယာက္လို႔ တန္းျမင္ၾကမွာပါပဲ…ဟာသကားေတြေပါပါတယ္…ဒါေပမယ့္ အႏုပညာအရ တန္းဝင္ဖို႔သိပ္ခက္ခဲတယ္…
စတီဖင္ေခ်ာင္ဇာတ္ကားေတြကေတာ့ အႏုပညာအရေရာ ဟာသသေဘာမွာေရာ သေရာ္တဲ့သေဘာမွာေရာသာမန္ဟာသကားေတြထက္ တဆင့္ျမင့္ေနခဲ့တာပါ။ ရသတစ္ခုခုကို အၿမဲပါဝင္လာေအာင္ ခ်ျပထားႏိုင္ခဲ့တာပါ။ဒါေၾကာင့္လဲ သူ႔ဇာတ္ကားေတြဟာ အာရွရဲ႕ ထိပ္တန္းဇာတ္ကားေတြ ျဖစ္က်န္ေနခဲ့တာပါပဲ။
စတီဖင္ေခ်ာင္ဇာတ္ကားေတြရဲ႕ Theme တစ္ခုက ဘဝကို ေပ်ာ္ေပ်ာ္ႀကီး ခံစားဖို႔ပဲ…စိတ္ညစ္စရာေတြ႕လဲ ေပ်ာ္ေပ်ာ္ႀကီး…လုပ္သမွ်ရဲရဲဝံ့ဝံ့နဲ႔ ..ၿပီး…လြဲေတာ့လဲ ေပ်ာ္ေပ်ာ္ႀကီး…ဒါမ်ိဳးဘဝမွာ ေနဖို႔က သိပ္ခက္ခဲတယ္မလား…ဘဝဆိုတာ ျဖတ္သန္းစဥ္က အတည္ႀကီးေတြ ခံစား ခ်စ္ၾက မုန္းၾက လြမ္းၾက ေဆြးၾက တိုက္ၾက ခိုက္ၾက။
ဒါေပမယ့္ ျပန္ေတြးၾကည့္ေတာ့လဲ ရယ္စရာအတိတ္ေတြခပ္မ်ားမ်ား။ဘဝဆိုတာ ဘာမွလဲမဟုတ္လွ။ဒီလိုဘာမွမဟုတ္တဲ့ ဘဝႀကီးကို ဟာသေတြနဲ႔ ခ်ိတ္ဆက္ျပထားတဲ့ စတီဖင္ေခ်ာင္ရဲ႕ ဇာတ္ကာေတြတစ္ဝႀကီးထိုင္ၾကည့္ရင္း ဘဝဆိုတာႀကီးကို ကြၽန္ေတာ္တို႔ ဟားတိုက္ေနၾကရေအာင္ဗ်ာ။


(Direct Link) Large Size ~ Download
(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download
(Disk Yandex) Large Size ~ Download
(Disk Yandex) Small Size ~ Download
(Yuu Drive) Large Size ~ Download
(Yuu Drive) Small Size ~ Download