King of Comedy (1999)

15342
Share
Copy the link

King Of Comedy (1999)၁၉၉၉ ဖေဖော်ဝါရီလ ၁၃ရက်နေ့ မှာဟောင်ကောင် ၌ စတင်ထွက်ရှိခဲ့ ပြီး တရုတ်နှစ်ကူးအမှီ ထွက်ရှိခဲ့တဲ့ ထိထိမိမိ ဇာတ်ကားတစ်ကားပါ။ Imdb_7.3 အထိ ရရှိထားပြီး ချောင်ရဲ့ The best top movie rating စာရင်းထဲက တစ်ကားလဲ ဖြစ်ပါတယ်။

Drama-Comedy-Romance Type 3 ခုလုံး ပါဝင်ပြီး Box Office အနေနဲ့ HKD $29.85 Million ကျော် ရရှိ ထားပါတယ်။ဒါရိုက်တာကတော့ ချောင်ရဲ့ ကားကောင်းတွေကို ထုတ်ပေး နေကြဖြစ်တဲ့ Lee Lik-Chi နှင့် Stephen Chow ကိုယ်တိုင် ပဲ ဖြစ်ပါတယ်။

Lee Lik-Chi ရိုက် ကူးပေး ခဲ့တဲ့ချောင်ရဲ့ကားတွေကို ပြရမယ်ဆိုရင်*From Beijing With Love*Forbidden City Cop*The God of Cookery*Love On Delivery
*Flirting Scholar စတဲ့ နာမည်ကြီး ကားတွေပါ။

Plotအရ**သရုပ်ဆောင် ပါရမီရှိသော်လည်း ဖြတ်လျှောက်အခန်းတောင် ပါဝင် ဖို့ခက်ခဲ လှတဲ့ အောက်ခြေက သရုပ်ဆောင်တွေအကြောင်းတစေ့တစောင်း ရိုက်ပြ သွားပုံလေးပါ။ ချောင် ဟာ သရုပ်ဆောင်ပိုင်းကို အရမ်းရူးသွပ်သူဖြစ်ပြီး ဘယ်အခန်းရရ ရုပ်မပါရင်နေပါစေ ရုပ်ရှင်ထဲ ကျောတပြားလောက်ပါချင်သူပါ။

ဒီလို ခက်ခဲ့တဲ့ နေရာကို တုံးတိုက်တိုက် ကျားကိုက်ကိုက် ဝင်သရုပ်ဆောင်ရင်း သူ့ရဲ့အလွဲ အမှားတွေနဲ့ အနှိမ်ခံ အောက်ခြေ ဖြတ်လျှောက်သမားလေးရဲ့ ဘ၀ကို ဖော်ကျူး ထုတ်ဖော်ထားပါတယ်။

ပါရမီရှိတဲ့သူဖြစ်တာကြောင့် မင်းသမီး Karen Mok(ကင်းကြယ်) နဲ့ တွေ့ ဆုံပြီး ချောင် ရဲ့အခြေအနေတွေ က ပြောင်းလဲ အဆင့်တက်ကာ ခေါင်းဆောင်မင်းသား အဖြစ်သရုပ်ဆောင်ဖို့ အခွင့်ရေး ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း….တချိန်က အပျော်မယ် လောင်ဖြူဖြူဆိုတဲ့ မင်းသမီး လေးနဲ့ချောင်ရဲ့ ဇာတ်လမ်းလေးကလဲ ရှိသေးတော့ မင်းသမီး၂ လက် နဲ့ ချောင် ရဲ့ Drama ကလဲ စိတ်၀င်စားစရာပါ။ကြည့်ဖူးပြီးသားကားတွေ လို ဟာသချည်း သက်သက် မဟုတ်ပဲ ရသ မျိုး စုံ နဲ့ ရိုက်ကူး ထားတာကြောင့် ခံစားချက် တခုပြီးတခု ရစေမှာ အသေချာပါ။

ဒါ့အပြင် မင်းသားကြီး ဂျက်ကီ ချန်း လဲ ဧည့်သည် သရုပ်ဆောင်အဖြစ် ဇာတ်ဝင်ခန်း တစ်ခန်းမျှ ပါဝင်ထားတာကို တွေ့ရပါတယ်ဗျ။

×××××ဒီကားဟာ ကမ္ဘာမကျော်ခင် ချောင်ရဲ့ သရုပ်ဆောင်လောက ကို အောက်ခြေကနေ စတက်ခဲ့တဲ့ အကြောင်း ရိုက်ကူးထားတာ ဖြစ်ပြီးချောင်ရဲ့ဘ၀ တဒေသ ကိုပုံဖော်ထားတဲ့ဇာတ်ကားလေးဖြစ်လို့ စိတ်မကောင်းဖြစ်မိတဲ့အထိ ခံစားရတဲ့ဇာတ်၀င်ခန်းတွေလဲပါ၀င်တာကိုတွေ့မြင်နိုင်ပါတယ်။

ယခု ဇာတ်ကားရဲ့ဇာတ်ကွက်လိုပဲ Chow ကိုယ်တိုင်ရိုက်ထားတဲ့ The New King of Comedy ဆိုတဲ့ကားဟာလဲ 2019 Feb လ မှာပဲ ထပ် ထွက်ရှိခဲ့ပြီး ပါပြီ။ Chow ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားခြင်းတော့မရှိပါဘူးဗျာ။

ပြီးတော့ လောင်ဖြူဖြူ (Celcilia Cheung) ဆိုတဲ့ မင်းသမီး လေးဟာ ဒီ ဇာတ်ကားဖြင့် Hongkong Film Award က ပေးတဲ့ Best New Performer ဆု ကို ဇကာတင် စာရင်းဝင်ခဲ့ပါ သေးတယ်။

သူက ၁၉၉၈ မှ ရုပ်ရှင်လောက ထဲ စဝင်ခဲ့တဲ့ မင်းသမီးဖြစ်ပြီး ၁၉၉၉ မှာ King Of Comedy ဇာတ်ကား ၌တက်သစ်စ မင်းသမီးအနေနဲ့ ဝင်ရောက် သရုပ်ဆောင်ခဲ့ပြီး နာမည်ရလာခဲ့ပါတယ်။သူ့နာမည်အရင်းက Cecilia Cheung ဖြစ်ပါတယ်။အခုဆို အသက် ၃၉နှစ်နီး ပါးရှိနေပါပြီ။

ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို https://channelmyanmar.org/category/stephen-chow/ မှာကြည့်လို့ရပါတယ်။

စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…

စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။

စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…ဘဝဆိုတာ ဖြတ်သန်းစဉ်က အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ခိုက်ကြ။

ဒါပေမယ့် ပြန်တွေးကြည့်တော့လဲ ရယ်စရာအတိတ်တွေခပ်များများ။ဘဝဆိုတာ ဘာမှလဲမဟုတ်လှ။ဒီလိုဘာမှမဟုတ်တဲ့ ဘဝကြီးကို ဟာသတွေနဲ့ ချိတ်ဆက်ပြထားတဲ့ စတီဖင်ချောင်ရဲ့ ဇာတ်ကာတွေတစ်ဝကြီးထိုင်ကြည့်ရင်း ဘဝဆိုတာကြီးကို ကျွန်တော်တို့ ဟားတိုက်နေကြရအောင်ဗျာ။

Zawgyi

King Of Comedy (1999)၁၉၉၉ ေဖေဖာ္ဝါရီလ ၁၃ရက္ေန႔ မွာေဟာင္ေကာင္ ၌ စတင္ထြက္ရွိခဲ့ ၿပီး တ႐ုတ္ႏွစ္ကူးအမွီ ထြက္ရွိခဲ့တဲ့ ထိထိမိမိ ဇာတ္ကားတစ္ကားပါ။ Imdb_7.3 အထိ ရရွိထားၿပီး ေခ်ာင္ရဲ႕ The best top movie rating စာရင္းထဲက တစ္ကားလဲ ျဖစ္ပါတယ္။

Drama-Comedy-Romance Type 3 ခုလုံး ပါဝင္ၿပီး Box Office အေနနဲ႔ HKD $29.85 Million ေက်ာ္ ရရွိ ထားပါတယ္။ဒါ႐ိုက္တာကေတာ့ ေခ်ာင္ရဲ႕ ကားေကာင္းေတြကို ထုတ္ေပး ေနၾကျဖစ္တဲ့ Lee Lik-Chi ႏွင့္ Stephen Chow ကိုယ္တိုင္ ပဲ ျဖစ္ပါတယ္။

Lee Lik-Chi ႐ိုက္ ကူးေပး ခဲ့တဲ့ေခ်ာင္ရဲ႕ကားေတြကို ျပရမယ္ဆိုရင္*From Beijing With Love*Forbidden City Cop*The God of Cookery*Love On Delivery
*Flirting Scholar စတဲ့ နာမည္ႀကီး ကားေတြပါ။

Plotအရ**သ႐ုပ္ေဆာင္ ပါရမီရွိေသာ္လည္း ျဖတ္ေလွ်ာက္အခန္းေတာင္ ပါဝင္ ဖို႔ခက္ခဲ လွတဲ့ ေအာက္ေျခက သ႐ုပ္ေဆာင္ေတြအေၾကာင္းတေစ့တေစာင္း ႐ိုက္ျပ သြားပုံေလးပါ။ ေခ်ာင္ ဟာ သ႐ုပ္ေဆာင္ပိုင္းကို အရမ္း႐ူးသြပ္သူျဖစ္ၿပီး ဘယ္အခန္းရရ ႐ုပ္မပါရင္ေနပါေစ ႐ုပ္ရွင္ထဲ ေက်ာတျပားေလာက္ပါခ်င္သူပါ။

ဒီလို ခက္ခဲ့တဲ့ ေနရာကို တုံးတိုက္တိုက္ က်ားကိုက္ကိုက္ ဝင္သ႐ုပ္ေဆာင္ရင္း သူ႔ရဲ႕အလြဲ အမွားေတြနဲ႔ အႏွိမ္ခံ ေအာက္ေျခ ျဖတ္ေလွ်ာက္သမားေလးရဲ႕ ဘ၀ကို ေဖာ္က်ဴး ထုတ္ေဖာ္ထားပါတယ္။

ပါရမီရွိတဲ့သူျဖစ္တာေၾကာင့္ မင္းသမီး Karen Mok(ကင္းၾကယ္) နဲ႔ ေတြ႕ ဆုံၿပီး ေခ်ာင္ ရဲ႕အေျခအေနေတြ က ေျပာင္းလဲ အဆင့္တက္ကာ ေခါင္းေဆာင္မင္းသား အျဖစ္သ႐ုပ္ေဆာင္ဖို႔ အခြင့္ေရး ရရွိခဲ့ပါတယ္။

ဒါေပမယ့္လည္း….တခ်ိန္က အေပ်ာ္မယ္ ေလာင္ျဖဴျဖဴဆိုတဲ့ မင္းသမီး ေလးနဲ႔ေခ်ာင္ရဲ႕ ဇာတ္လမ္းေလးကလဲ ရွိေသးေတာ့ မင္းသမီး၂ လက္ နဲ႔ ေခ်ာင္ ရဲ႕ Drama ကလဲ စိတ္၀င္စားစရာပါ။ၾကည့္ဖူးၿပီးသားကားေတြ လို ဟာသခ်ည္း သက္သက္ မဟုတ္ပဲ ရသ မ်ိဳး စုံ နဲ႔ ႐ိုက္ကူး ထားတာေၾကာင့္ ခံစားခ်က္ တခုၿပီးတခု ရေစမွာ အေသခ်ာပါ။

ဒါ့အျပင္ မင္းသားႀကီး ဂ်က္ကီ ခ်န္း လဲ ဧည့္သည္ သ႐ုပ္ေဆာင္အျဖစ္ ဇာတ္ဝင္ခန္း တစ္ခန္းမွ် ပါဝင္ထားတာကို ေတြ႕ရပါတယ္ဗ်။

×××××ဒီကားဟာ ကမာၻမေက်ာ္ခင္ ေခ်ာင္ရဲ႕ သ႐ုပ္ေဆာင္ေလာက ကို ေအာက္ေျခကေန စတက္ခဲ့တဲ့ အေၾကာင္း ႐ိုက္ကူးထားတာ ျဖစ္ၿပီးေခ်ာင္ရဲ႕ဘ၀ တေဒသ ကိုပုံေဖာ္ထားတဲ့ဇာတ္ကားေလးျဖစ္လို႔ စိတ္မေကာင္းျဖစ္မိတဲ့အထိ ခံစားရတဲ့ဇာတ္၀င္ခန္းေတြလဲပါ၀င္တာကိုေတြ႕ျမင္ႏိုင္ပါတယ္။

ယခု ဇာတ္ကားရဲ႕ဇာတ္ကြက္လိုပဲ Chow ကိုယ္တိုင္႐ိုက္ထားတဲ့ The New King of Comedy ဆိုတဲ့ကားဟာလဲ 2019 Feb လ မွာပဲ ထပ္ ထြက္ရွိခဲ့ၿပီး ပါၿပီ။ Chow ကိုယ္တိုင္ပါဝင္သ႐ုပ္ေဆာင္ထားျခင္းေတာ့မရွိပါဘူးဗ်ာ။

ၿပီးေတာ့ ေလာင္ျဖဴျဖဴ (Celcilia Cheung) ဆိုတဲ့ မင္းသမီး ေလးဟာ ဒီ ဇာတ္ကားျဖင့္ Hongkong Film Award က ေပးတဲ့ Best New Performer ဆု ကို ဇကာတင္ စာရင္းဝင္ခဲ့ပါ ေသးတယ္။

သူက ၁၉၉၈ မွ ႐ုပ္ရွင္ေလာက ထဲ စဝင္ခဲ့တဲ့ မင္းသမီးျဖစ္ၿပီး ၁၉၉၉ မွာ King Of Comedy ဇာတ္ကား ၌တက္သစ္စ မင္းသမီးအေနနဲ႔ ဝင္ေရာက္ သ႐ုပ္ေဆာင္ခဲ့ၿပီး နာမည္ရလာခဲ့ပါတယ္။သူ႔နာမည္အရင္းက Cecilia Cheung ျဖစ္ပါတယ္။အခုဆို အသက္ ၃၉ႏွစ္နီး ပါးရွိေနပါၿပီ။

ကြၽန္ေတာ့္ Idol ႀကီး စတီဖင္ေခ်ာင္ရဲ႕ ဇာတ္ကားအကုန္လုံးကို 1080p BluRay Quality နဲ႔တတ္ႏိုင္သမွ် ျပန္လည္စုစည္းတင္ဆက္မွာ ျဖစ္ပါတယ္။တင္ၿပီးသမွ်ကို https://channelmyanmar.org/category/stephen-chow/ မွာၾကည့္လို႔ရပါတယ္။

စတီဖင္ေခ်ာင္ဆိုတာနဲ႔ သ႐ုပ္ေဆာင္ေရာ ဇာတ္လမ္းဇာတ္ၫႊန္းပိုင္းမွာပါသူမတူေအာင္ တင္ဆက္ႏိုင္တဲ့ Comedy King တစ္ေယာက္လို႔ တန္းျမင္ၾကမွာပါပဲ…ဟာသကားေတြေပါပါတယ္…ဒါေပမယ့္ အႏုပညာအရ တန္းဝင္ဖို႔သိပ္ခက္ခဲတယ္…

စတီဖင္ေခ်ာင္ဇာတ္ကားေတြကေတာ့ အႏုပညာအရေရာ ဟာသသေဘာမွာေရာ သေရာ္တဲ့သေဘာမွာေရာသာမန္ဟာသကားေတြထက္ တဆင့္ျမင့္ေနခဲ့တာပါ။ ရသတစ္ခုခုကို အၿမဲပါဝင္လာေအာင္ ခ်ျပထားႏိုင္ခဲ့တာပါ။ဒါေၾကာင့္လဲ သူ႔ဇာတ္ကားေတြဟာ အာရွရဲ႕ ထိပ္တန္းဇာတ္ကားေတြ ျဖစ္က်န္ေနခဲ့တာပါပဲ။

စတီဖင္ေခ်ာင္ဇာတ္ကားေတြရဲ႕ Theme တစ္ခုက ဘဝကို ေပ်ာ္ေပ်ာ္ႀကီး ခံစားဖို႔ပဲ…စိတ္ညစ္စရာေတြ႕လဲ ေပ်ာ္ေပ်ာ္ႀကီး…လုပ္သမွ်ရဲရဲဝံ့ဝံ့နဲ႔ ..ၿပီး…လြဲေတာ့လဲ ေပ်ာ္ေပ်ာ္ႀကီး…ဒါမ်ိဳးဘဝမွာ ေနဖို႔က သိပ္ခက္ခဲတယ္မလား…ဘဝဆိုတာ ျဖတ္သန္းစဥ္က အတည္ႀကီးေတြ ခံစား ခ်စ္ၾက မုန္းၾက လြမ္းၾက ေဆြးၾက တိုက္ၾက ခိုက္ၾက။

ဒါေပမယ့္ ျပန္ေတြးၾကည့္ေတာ့လဲ ရယ္စရာအတိတ္ေတြခပ္မ်ားမ်ား။ဘဝဆိုတာ ဘာမွလဲမဟုတ္လွ။ဒီလိုဘာမွမဟုတ္တဲ့ ဘဝႀကီးကို ဟာသေတြနဲ႔ ခ်ိတ္ဆက္ျပထားတဲ့ စတီဖင္ေခ်ာင္ရဲ႕ ဇာတ္ကာေတြတစ္ဝႀကီးထိုင္ၾကည့္ရင္း ဘဝဆိုတာႀကီးကို ကြၽန္ေတာ္တို႔ ဟားတိုက္ေနၾကရေအာင္ဗ်ာ။

mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

upstream.to (Up Stream) Large Size ~ Download

upstream.to (Up Stream) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *