Kubo and the Two Strings (2016)

16506
Share
Copy the link

2016 ရဲ့ Box Office မှာ No.4 နေရာရခဲ့တဲ့ ကာတွန်းကားတစ်ကားဖြစ်တဲ့ Kubo and the Two Strings ကို နာမည်ကြီး Laika Production ကထုတ်လုပ်ထားတာဖြစ်ပြီး Stop Motion နဲ့ ရိုက်ကူးထားပါတယ်..

IMDb 8.4/10 , Rotten Tomato 96% အထိ Rating ရရှိခဲ့တဲ့ ဒီကားဟာ မပြသခင်ကတည်းက အထူးနာမည်ကြီးနေတဲ့ ကားတစ်ကားပဲဖြစ်ပြီး Travis Knight ကိုယ်တိုင် ဒါရိုက်တာအဖြစ်နဲ့ ပွဲဦးထွက်ဦးဆောင်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်..

အသံသရုပ်ဆောင်တွေကလဲ အော်စကာဆုရဝါရင့်သရုပ်ဆောင်တွေအပြင် Game of Thrones ထဲက Rickon Stark တို့.. The Girl with Dragon Tattoo ထဲက Rooney Mara တို့အပြင် LORD VOLDERMORT သရုပ်ဆောင် Talph Fiennes တို့လို ဒိတ်ဒိတ်ကြဲတွေဖြစ်နေမှတော့ အထူးညွှန်းစရာမလိုလောက်အောင်ပါပဲ…

ဇာတ်လမ်းသွားကိုတော့ ရှေးခေတ်ဂျပန်စတိုင်ဇာတ်အိမ်ဖွဲ့ထားပြီး သူ့အမေဘက်က သဘာဝလွန်အစွမ်းတွေရှိတဲ့အဘိုးနဲ့ မိသားစုကို ရင်ဆိုင်ဖို့အတွက် အဖေ့အမွေ ပစ္စည်း ၃ မျိုးကို လိုက်လံရှာဖွေရတဲ့ Kubo ဆိုတဲ့ကောင်လေးတစ်ယောက်အနေနဲ့ ရိုက်ကူးထားပါတယ်..

Kubo မှာ မကြာခဏ အတိတ်မေ့သလိုဖြစ်နေတဲ့အမေနဲ့အတူ တောင်ပေါ်ဂူတစ်ဂူမှာ နေထိုင်ရသူဖြစ်ပြီး သူ့ရဲ့ဆန်းကြယ်တဲ့ ၃ ကြိုးတပ်တူရိယာလေးနဲ့ စက္ကူရုပ်တွေကို ပုံပြင်တစ်ခုပမာ လှုပ်ရှားဖန်တီးစေရင်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေပါတယ်..

သူ့အမေဟာ ကူဘိုလေးကို ညဘက်တွေ အပြင်မထွက်ဖို့ ပြင်းပြင်းထန်ထန်တားဆီးထားတာကြောင့် နေဝင်ချိန်အမီ ရောက်ရာအရပ်က အမေ့ဆီပြန်ရတယ်.. .ညဘက်တွေမှာ အသိစိတ်ကပ်နေတတ်တဲ့အမေ့ဆီကတဆင့် အဖေဖြစ်သူ ဆာမူရိုင်းဟန်ဇိုအကြောင်းကို နားထောင်ပြီး မမြင်ဖူးလိုက်တဲ့အဖေ့ကို အားကျနေတတ်တယ်..

သူ့မှာမျက်လုံးတစ်ဖက်ပဲပါပြီး တစ်ဖက်ကိုတော့ အဘိုးဖြစ်သူက ထုတ်ယူထားတာလို့ တစွန်းတစပြောဖူးပေမယ့် အကြောင်းရင်းကို သေချာမသိရှာပါဘူး…ဒါပေမယ့် တစ်ရက်မှာတော့ ကူဘိုတစ်ယောက်အပြင်နောက်ကျခဲ့ပါပြီ… ညမှောင်လာတဲ့အခါမှာ သူ့အမေစိုးရိမ်ခဲ့သလို ကြောက်စရာအဖြစ်အပျက်ဆိုးတွေ သူ့ဆီရောက်ရှိလာပါတော့တယ်…

ဒီအဖြစ်တွေကြောင့် သူ့အမေကိုလဲ ဆုံးရှုံးခဲ့ရပြီး သူလဲ အဝေးကို လွင့်ပါးခဲ့ရပါတော့တယ်… အဖော်အဖြစ် သူ့အမေပေးထားတဲ့ မျောက်ရုပ်လေးရယ် အမေ့ဆီက ဆံပင်တစ်ချောင်းရယ် တီးခတ်နေကျတူရိယာလေးရယ်ပဲ သူ့နဲ့အတူပါလာပါတယ်..

သူသတိရချိန်မှာတော့ မျောက်ရုပ်လေးဟာ ထူးဆန်းစွာပဲ မျောက်တစ်ကောင်ဖြစ်နေပြီး သူ့ကို အဖေ့ပစ္စည်း ၃ မျိုးကို လိုက်ရှာနိုင်မှ ဒါတွေကို အောင်နိုင်မယ်လို့ပြောပြီး ပစ္စည်းမျိုးရှာဖို့တိုက်တွန်းပါတော့တယ် …

လမ်းမှာ ဆာမူရိုင်းဝတ်စုံဝတ်ထားတဲ့ ပိုးကောင်တစ်ကောင်နဲ့တွေ့ပြီး အဲဒီပိုးကောင်ဟာလူအဖြစ်ကနေ ကျိန်စာမိထားသူဖြစ်ကာ အတိတ်မေ့နေသူပါ..တကယ့်ဇာတ်လမ်းက ဒီမှာစတာပါပဲဗျာ…

ကူဘိုရယ်.. မျောက်တစ်ကောင်ရယ်.. ပိုးကောင်တစ်ကောင်ရယ်ဟာ သူတို့နောက်မှာလိုက်နေတဲ့ မကောင်းဆိုးဝါးတွေကို တားဆီးရင်း ရှာဖွေဖို့မလွယ်ကူတဲ့ ပစ္စည်း ၃ မျိုးကိုရဖို့ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ..

သူ့ဘေးမှာ အမြဲရှိနေတတ်တဲ့ မျောက်နဲ့ ပိုးကောင်ကြားကအလွဲတွေနဲ့ သူတို့ဟာ ဘယ်သူတွေဖြစ်မလဲ.. အဖိုးကရော ဘာကြောင့် သူ့မျက်လုံးကိုထုတ်ယူချင်ရတာလဲ… ဒေါသရန်ငြိုးကြီးပြီး အစွမ်းထက်လှတဲ့အဖိုးရဲ့အန္တရာယ်ကိုရော ရှောင်လွဲနိုင်ပါ့မလားဆိုတာကိုတော့………..

2014 ကတည်းက ပြင်ဆင်ခဲ့တဲ့ဇာတ်ကားဖြစ်သလို မထွက်ခင်ကတည်းက နာမည်ကျော်နေတဲ့ကားတစ်ကားဖြစ်တဲ့အပြင်…ရိုးရိုး Animation တစ်ကားထက်ပိုတဲ့ရသမျိုးစုံကို ခံစားစေရမှာမို့ တင်ဆက်ပေးထားလိုက်ပါတယ်။

Zawgyi

2016 ရဲ႕ Box Office မွာ No.4 ေနရာရခဲ့တဲ့ ကာတြန္းကားတစ္ကားျဖစ္တဲ့ Kubo and the Two Strings ကို နာမည္ႀကီး Laika Production ကထုတ္လုပ္ထားတာျဖစ္ၿပီး Stop Motion နဲ႔ ႐ိုက္ကူးထားပါတယ္..

IMDb 8.4/10 , Rotten Tomato 96% အထိ Rating ရရွိခဲ့တဲ့ ဒီကားဟာ မျပသခင္ကတည္းက အထူးနာမည္ႀကီးေနတဲ့ ကားတစ္ကားပဲျဖစ္ၿပီး Travis Knight ကိုယ္တိုင္ ဒါ႐ိုက္တာအျဖစ္နဲ႔ ပြဲဦးထြက္ဦးေဆာင္႐ိုက္ကူးခဲ့တာပဲျဖစ္ပါတယ္..

အသံသ႐ုပ္ေဆာင္ေတြကလဲ ေအာ္စကာဆုရဝါရင့္သ႐ုပ္ေဆာင္ေတြအျပင္ Game of Thrones ထဲက Rickon Stark တို႔.. The Girl with Dragon Tattoo ထဲက Rooney Mara တို႔အျပင္ LORD VOLDERMORT သ႐ုပ္ေဆာင္ Talph Fiennes တို႔လို ဒိတ္ဒိတ္ႀကဲေတြျဖစ္ေနမွေတာ့ အထူးၫႊန္းစရာမလိုေလာက္ေအာင္ပါပဲ…

ဇာတ္လမ္းသြားကိုေတာ့ ေရွးေခတ္ဂ်ပန္စတိုင္ဇာတ္အိမ္ဖြဲ႕ထားၿပီး သူ႔အေမဘက္က သဘာဝလြန္အစြမ္းေတြရွိတဲ့အဘိုးနဲ႔ မိသားစုကို ရင္ဆိုင္ဖို႔အတြက္ အေဖ့အေမြ ပစၥည္း ၃ မ်ိဳးကို လိုက္လံရွာေဖြရတဲ့ Kubo ဆိုတဲ့ေကာင္ေလးတစ္ေယာက္အေနနဲ႔ ႐ိုက္ကူးထားပါတယ္..

Kubo မွာ မၾကာခဏ အတိတ္ေမ့သလိုျဖစ္ေနတဲ့အေမနဲ႔အတူ ေတာင္ေပၚဂူတစ္ဂူမွာ ေနထိုင္ရသူျဖစ္ၿပီး သူ႔ရဲ႕ဆန္းၾကယ္တဲ့ ၃ ႀကိဳးတပ္တူရိယာေလးနဲ႔ စကၠဴ႐ုပ္ေတြကို ပုံျပင္တစ္ခုပမာ လႈပ္ရွားဖန္တီးေစရင္းနဲ႔ အသက္ေမြးဝမ္းေၾကာင္းျပဳေနပါတယ္..

သူ႔အေမဟာ ကူဘိုေလးကို ညဘက္ေတြ အျပင္မထြက္ဖို႔ ျပင္းျပင္းထန္ထန္တားဆီးထားတာေၾကာင့္ ေနဝင္ခ်ိန္အမီ ေရာက္ရာအရပ္က အေမ့ဆီျပန္ရတယ္.. .ညဘက္ေတြမွာ အသိစိတ္ကပ္ေနတတ္တဲ့အေမ့ဆီကတဆင့္ အေဖျဖစ္သူ ဆာမူ႐ိုင္းဟန္ဇိုအေၾကာင္းကို နားေထာင္ၿပီး မျမင္ဖူးလိုက္တဲ့အေဖ့ကို အားက်ေနတတ္တယ္..

သူ႔မွာမ်က္လုံးတစ္ဖက္ပဲပါၿပီး တစ္ဖက္ကိုေတာ့ အဘိုးျဖစ္သူက ထုတ္ယူထားတာလို႔ တစြန္းတစေျပာဖူးေပမယ့္ အေၾကာင္းရင္းကို ေသခ်ာမသိရွာပါဘူး…ဒါေပမယ့္ တစ္ရက္မွာေတာ့ ကူဘိုတစ္ေယာက္အျပင္ေနာက္က်ခဲ့ပါၿပီ… ညေမွာင္လာတဲ့အခါမွာ သူ႔အေမစိုးရိမ္ခဲ့သလို ေၾကာက္စရာအျဖစ္အပ်က္ဆိုးေတြ သူ႔ဆီေရာက္ရွိလာပါေတာ့တယ္…

ဒီအျဖစ္ေတြေၾကာင့္ သူ႔အေမကိုလဲ ဆုံးရႈံးခဲ့ရၿပီး သူလဲ အေဝးကို လြင့္ပါးခဲ့ရပါေတာ့တယ္… အေဖာ္အျဖစ္ သူ႔အေမေပးထားတဲ့ ေမ်ာက္႐ုပ္ေလးရယ္ အေမ့ဆီက ဆံပင္တစ္ေခ်ာင္းရယ္ တီးခတ္ေနက်တူရိယာေလးရယ္ပဲ သူ႔နဲ႔အတူပါလာပါတယ္..

သူသတိရခ်ိန္မွာေတာ့ ေမ်ာက္႐ုပ္ေလးဟာ ထူးဆန္းစြာပဲ ေမ်ာက္တစ္ေကာင္ျဖစ္ေနၿပီး သူ႔ကို အေဖ့ပစၥည္း ၃ မ်ိဳးကို လိုက္ရွာႏိုင္မွ ဒါေတြကို ေအာင္ႏိုင္မယ္လို႔ေျပာၿပီး ပစၥည္းမ်ိဳးရွာဖို႔တိုက္တြန္းပါေတာ့တယ္ …

လမ္းမွာ ဆာမူ႐ိုင္းဝတ္စုံဝတ္ထားတဲ့ ပိုးေကာင္တစ္ေကာင္နဲ႔ေတြ႕ၿပီး အဲဒီပိုးေကာင္ဟာလူအျဖစ္ကေန က်ိန္စာမိထားသူျဖစ္ကာ အတိတ္ေမ့ေနသူပါ..တကယ့္ဇာတ္လမ္းက ဒီမွာစတာပါပဲဗ်ာ…

ကူဘိုရယ္.. ေမ်ာက္တစ္ေကာင္ရယ္.. ပိုးေကာင္တစ္ေကာင္ရယ္ဟာ သူတို႔ေနာက္မွာလိုက္ေနတဲ့ မေကာင္းဆိုးဝါးေတြကို တားဆီးရင္း ရွာေဖြဖို႔မလြယ္ကူတဲ့ ပစၥည္း ၃ မ်ိဳးကိုရဖို႔ ဘယ္လိုအခက္အခဲေတြနဲ႔ရင္ဆိုင္ရမလဲ..

သူ႔ေဘးမွာ အၿမဲရွိေနတတ္တဲ့ ေမ်ာက္နဲ႔ ပိုးေကာင္ၾကားကအလြဲေတြနဲ႔ သူတို႔ဟာ ဘယ္သူေတြျဖစ္မလဲ.. အဖိုးကေရာ ဘာေၾကာင့္ သူ႔မ်က္လုံးကိုထုတ္ယူခ်င္ရတာလဲ… ေဒါသရန္ၿငိဳးႀကီးၿပီး အစြမ္းထက္လွတဲ့အဖိုးရဲ႕အႏၲရာယ္ကိုေရာ ေရွာင္လြဲႏိုင္ပါ့မလားဆိုတာကိုေတာ့………..

2014 ကတည္းက ျပင္ဆင္ခဲ့တဲ့ဇာတ္ကားျဖစ္သလို မထြက္ခင္ကတည္းက နာမည္ေက်ာ္ေနတဲ့ကားတစ္ကားျဖစ္တဲ့အျပင္…႐ိုး႐ိုး Animation တစ္ကားထက္ပိုတဲ့ရသမ်ိဳးစုံကို ခံစားေစရမွာမို႔ တင္ဆက္ေပးထားလိုက္ပါတယ္။

mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *