La La Land (2016)

14967
Share
Copy the link

၂ဝ၁၆ ခုနှစ်အတွင်း ပြသခဲ့သည့်ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းများထဲမှအကောင်းဆုံးအတတ်ပညာရှင်၊ အနုပညာရှင်များကိုဂုဏ်ပြုသည့်(၇၄) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဇန်နဝါရီ ၈ ရက် ဒေသစံတော် ချိန်ညနေ ၅ နာရီတွင် ကယ်လီဖိုးနီးယားပြည်နယ် ဘေဘရီဟေးစ်ရှိThe Beverly Hilton ဟိုတယ်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အစီအစဉ်တင်ဆက်သူအဖြစ် ဟာသပညာရှင် ဂျင်မီဖော်လန်က ဆောင် ရွက်ခဲ့သည့်ဆုပေးပွဲတွင် “La La Land” ရုပ်ရှင်က ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည့်ဆုခုနစ်ခုကိုသိမ်းကျုံးရယူခဲ့ကာ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့သည်။

တင်ဆက်သူ ဖော်လန်က ”ဒါဟာလူကြိုက်များတဲ့မဲကိုဂုဏ်ပြုနေသေးတဲ့ အမေရိကမှာ ကျန်နေသေးတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲဖြစ်ပါတယ်” ဟုဆိုကာ နိုင်ငံရေးနှင့်ဆက်နွှယ်သော စကားဖြင့် ပွဲကိုစဖွင့်ခဲ့သည်။

ကွယ်လွန်သူ ဒါရိုက်တာကြီး ဗင်ဆန်တီမီနယ်လီနှင့်ဂျက်ကွက်ဒမ်မီတို့ ဖန်တီးခဲ့သော ရုပ်ရှင်များကို စိန်ခေါ်နိုင်ခဲ့သည့်“La La Land” ရုပ်ရှင်ဖန်တီးရှင်အသက် (၃၁) နှစ်ရှိဒါရိုက်တာ ဒါမီယန်ချာဇက်လီကအကောင်းဆုံးဇာတ် ညွှန်းဆုနှင့် အကောင်းဆုံးဒါရိုက်တာဆုများကို ရရှိခဲ့သည်။

ထို့ပြင်ယင်းရုပ်ရှင်မှ မင်းသားရိုင်ယန်ဂိုးစလင်း နှင့် မင်းသမီး အမ်မာစတုန်းတို့ကအကောင်းဆုံး သရုပ်ဆောင် ဆုများကို အသီးသီးရရှိခဲ့သည်။

ကခုန်ခြင်းနှင့် သီချင်းသီဆိုခြင်းကို ဝါသနာပါသည့် လူငယ်နှစ်ဦးက၎င်းတို့ဖြတ်သန်းရာ ဘဝခရီးလမ်းတွင် မည်မျှကြမ်းတမ်းသောအခက်အခဲများပင် ရှိလင့်ကစား အောင်မြင်မှုများကို ရယူနိုင်ကြောင်း ရိုက်ကူးပြသခဲ့သည့်ရုပ်ရှင်က ယခင်က ဆုခြောက်ခုရရှိခဲ့ဖူးသောOne Flew Over the Cuckoo’s Nest and Midnight Express ရုပ်ရှင်ကိုကျော်တက်ကာ ဆုရရှိမှုစံချိန်တင်ခဲ့ခြင်း ဖြစ်သည်။

နာမည်ကျော်ဘရော့ဒ်ဝေး လမ်းမထက်က ဖျော်ဖြေပွဲများကိုအခြေခံထားခြင်းမရှိသည့် ယင်းရုပ်ရှင်ပြသသည်နှင့် တစ်ပြိုင်နက်စတူဒီယိုများတွင် ပြသခွင့်ရရှိခဲ့သည့် ရုပ်ရှင်လည်းဖြစ်သည်။

အနုပညာစိတ်ကူးဉာဏ်ရင့်သန်မှုတို့ဖြင့် ဒါရိုက်တာ ချာဇက်လီသည် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Lionsgate နှင့်တွဲဖက်ကာ အခွင့် အရေးကိုပိုင်နိုင်စွာအသုံးချပြီး အနုပညာအလောင်းအစားပြုလုပ်ခဲ့ရာမှအောင်မြင်မှုရရှိခဲ့ခြင်းလည်း ဖြစ်သည်။

eeeအမျိုးသား သရုပ်ဆောင်ဆု တွမ်ဟီဒယ်စတန်ဆန်ခါတင် စာရင်းထဲတွင်ပါရှိခဲ့သည့် ဆုအားလုံးကို ရရှိခဲ့သည်သာမကအကောင်းဆုံး မူရင်းတေးသွားဆု နှင့် ဇာတ်ဝင်တေးသီချင်းတို့ကိုပါ ရရှိခဲ့သည်။

ယင်းရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု (တေး သံစုံ၊ ဇာတ်မြူး) ရရှိခဲ့သူအမ်မာစတုန်းကဆုလက်ခံရယူ ပြီးနောက် ”ဒါဟာ စိတ်ကူးယဉ်သမားတွေအတွက် ရုပ်ရှင်တစ်ခုပါပဲ။ပြီးတော့ မျှော်လင့်ချက်နဲ့ဖန်တီးနိုင်မှုဟာ ကမ္ဘာပေါ်က အရေးအကြီးဆုံး အရာနှစ် ခုဖြစ်တယ် လို့ကျွန်မထင်ပါတယ်။

အဲဒါဟာ ဒီရုပ်ရှင်ရဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ရွှေကမ္ဘာလုံးဆုပေးပွဲသည် ဟောလိဝုဒ်ရုပ်ရှင်များအတွက် ဆုပေးပွဲရာသီပွဲဦးထွက်ကျင်းပသည့်ပွဲဖြစ်သည်။ ဆုများစွာကို စံချိန်တင်သိမ်းပိုက်ရရှိခဲ့သည့် “La La Land” ရုပ်ရှင်ကအော်စကာဆုအတွက် ဆုလျာထား စာရင်းတွင်ပါဝင်နိုင်ရန် သေချာသွားခဲ့သည်။

အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု ရိုင်ယန်ဂိုးစလင်းCecil B. DeMille ဘဝတစ်သက်တာ အောင်မြင်မှု ဆုကိုရရှိခဲ့သူမယ်ရီယယ်စတွိက ပြီးခဲ့သောနှစ်တွင် မဲဆွယ်ပွဲတစ်ခု၌ မသန်စွမ်းသတင်းထောက်တစ်ဦးပုံစံကို သရုပ်ဆောင်ပြီး ဒေါ်နယ်ထရန့်က သရော်ခဲ့သည့် အတွက်စိတ်မကောင်းဖြစ်ခဲ့ရသည်ဟုဆိုကာ ဆုပေးပွဲတွင် အမေရိကန်သမ္မတဖြစ်လာမည့်သူကိုစကားဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့သည်။

အသက်(၆၇) နှစ်အရွယ်စတွိက”ပြီးခဲ့တဲ့နှစ်က ကျွန်မကို စိတ်မကောင်းဖြစ်စေ တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ကျွန်မနှလုံးသားထဲအထိ နာကျင်ရပါတယ်။ အရမ်းကိုကောင်းလွန်းလို့တော့ မဟုတ်ပါဘူး။မသန်စွမ်းသတင်းထောက် တစ်ယောက်ပုံစံတူပြုပြီးတော့ ကျွန်မတို့နိုင်ငံရဲ့အလေးစားခံရဆုံး ထိုင်ခုံမှာ ထိုင်မယ့်သူက လုပ်ခဲ့တဲ့ဖြစ်ရပ်ပါ၊

အာဏာရှိတဲ့သူတွေက သူတို့ရဲ့ ရပ်တည်ရာနေရာကိုအသုံးချပြီးတခြားသူတွေကို အနိုင်ကျင့်မယ်ဆိုရင် ကျွန်မတို့အားလုံးဆုံးရှုံးတာပါပဲ။ပြီးတော့ဟောလိဝုဒ်ဆို တာ ပြင်ပကလူတွေနဲ့ နိုင်ငံခြားသားတွေဝင်ထွက်သွားနေတဲ့နေရာပါ။

ရှင်တို့သာ သူတို့ကို နှင်ထုတ်ပစ်မယ်ဆိုရင်အနုပညာမဟုတ်တဲ့ ဘောလုံးပွဲနဲ့ သိုင်းပညာကလွဲလို့ ကြည့်စရာရှိတော့မှာ မဟုတ်ပါဘူး” ဟု ဝေ ဖန်ပြောကြားခဲ့သည်။မင်းသမီးကြီးစတွိသည် ရွှေကမ္ဘာလုံးဆု ဆန်ခါတင်စာရင်းတွင်အကြိမ် ၃ဝ ပါ ဝင်ဖူးပြီး ရှစ်ကြိမ်ဆုရရှိဖူးသည်။

၎င်းကဲ့သို့ Cecil B. De-Mille ဆုရရှိခဲ့ကြဖူးသူများမှာဒန်ဇယ်ဝါရှင်တန်၊ ဂျော့ချ် ကလူးနေး၊ ဝူဒီအယ်လန်နှင့် ဂျိုဒီဖော်စတာတို့ဖြစ်ကြသည်။“La La Land” ရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆု ရရှိခဲ့သူ ရိုင်ယန်ဂိုးစလင်းကဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ကနေဒါနိုင်ငံသားဖြစ်သူ ရိုင်ယန်ရေးနိုးစ်ကိုဂုဏ်ပြုသည့် စကားကိုလည်း ဆု လက်ခံရယူနေချိန်တွင် ပြောကြားခဲ့သည်။၎င်းက ”ကျွန်တော့်ကို ရိုင်ယန်ရေးနိုးစ်နဲ့မှားကြတာ ဒါပထမဆုံးအကြိမ်မ ဟုတ်ပါဘူး။

တစ်ခါတလေတော့လည်း အမှားဟာ အမှားကောင်းဖြစ်သွားတော့တာပါပဲ” ဟုပြောဆို သည်။La La Land ဇာတ်ကားဟာ ဗြိတိန်ရုပ်ရှင်ရုံများတွင် စတင်ပြသသည့် ပိတ်ရက်ကတည်းကရုံဝင်ငွေ ပေါင် ၆ သန်း ကျော်ရရှိခဲ့ကာ အခြားဇာတ်ကားများထက် ပေါင်၅သန်းကျော် ပိုမိုရရှိခဲ့ပြီးပေါက်ကားတစ်ကားဖြစ်ခဲ့ပါသည်။

ရွှေကမ္ဘာလုံးဆုပေးပွဲသမိုင်းတွင် စုစုပေါင်း ဆု ၇ ဆုရရှိခဲ့ကာစံချိန်ချိုးနိုင်ခဲ့သည့် ဂီတနောက်ခံရုပ်ရှင်ဇာတ်ကား La La Land ဟာBafta ဆုပေးပွဲအတွက်လည်း အကောင်းဆုံးရုပ်ရှင်ဆုအပါအဝင်ဆုပေါင်း ၁၁ ဆုအတွက် လျာထားခြင်း ခံခဲ့ရပါသည်။

ပွဲဦးထွက်ရုံဝင်ငေ ွအကောင်းဆုံး ဇာတ်ကားအဖြစ် စံချိန်ချိုးနိုင်ခဲ့သော ဇာတ်ကားမှာLes Miserables ဖြစ်ပြီး ၂၀၁၃ခုနှစ်က ပြသခဲ့ကာပွဲဦးထွက်ရုံဝင်ငွေ ပေါင်၈.၁၂သန်း ရရှိခဲ့ပါသည်။

La La Land တွင် မင်းသား Ryan Gosling ကJazz ဂီတသမားစန္ဒယားဆရာအဖြစ် သရုပ်ဆောင်ထားပြီးမင်းသမီး Emma Stone က ရည်မှန်းချက်ကြီးသော မင်းသမီးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားကာ သူတို့ နှစ်ဦး၏ အိပ်မက်တွေကို လော့စ်အိန်ဂျယ်လိစ်မြို့၌အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပြီးသူတို့၂ယောက်အကောင်အထည်ဖော်နိုင်မဖော်နိုင်ကိုကတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ရှူ ရမှာပါ

Zawgyi

၂ဝ၁၆ ခုႏွစ္အတြင္း ျပသခဲ့သည့္႐ုပ္ရွင္ႏွင့္ ႐ုပ္သံဇာတ္လမ္းမ်ားထဲမွအေကာင္းဆုံးအတတ္ပညာရွင္၊ အႏုပညာရွင္မ်ားကိုဂုဏ္ျပဳသည့္(၇၄) ႀကိမ္ေျမာက္ ေ႐ႊကမာၻလုံးဆုေပးပြဲကို ဇန္နဝါရီ ၈ ရက္ ေဒသစံေတာ္ ခ်ိန္ညေန ၅ နာရီတြင္ ကယ္လီဖိုးနီးယားျပည္နယ္ ေဘဘရီေဟးစ္ရွိThe Beverly Hilton ဟိုတယ္၌ ခမ္းနားသိုက္ၿမိဳက္စြာ က်င္းပခဲ့သည္။

အစီအစဥ္တင္ဆက္သူအျဖစ္ ဟာသပညာရွင္ ဂ်င္မီေဖာ္လန္က ေဆာင္ ႐ြက္ခဲ့သည့္ဆုေပးပြဲတြင္ “La La Land” ႐ုပ္ရွင္က ဆန္ခါတင္စာရင္းတြင္ ပါဝင္ခဲ့သည့္ဆုခုနစ္ခုကိုသိမ္းက်ဳံးရယူခဲ့ကာ သမိုင္းမွတ္တိုင္သစ္ကို စိုက္ထူႏိုင္ခဲ့သည္။

တင္ဆက္သူ ေဖာ္လန္က ”ဒါဟာလူႀကိဳက္မ်ားတဲ့မဲကိုဂုဏ္ျပဳေနေသးတဲ့ အေမရိကမွာ က်န္ေနေသးတဲ့ေနရာေတြထဲကတစ္ခုျဖစ္တဲ့ ေ႐ႊကမာၻလုံး ဆုေပးပြဲျဖစ္ပါတယ္” ဟုဆိုကာ ႏိုင္ငံေရးႏွင့္ဆက္ႏႊယ္ေသာ စကားျဖင့္ ပြဲကိုစဖြင့္ခဲ့သည္။

ကြယ္လြန္သူ ဒါ႐ိုက္တာႀကီး ဗင္ဆန္တီမီနယ္လီႏွင့္ဂ်က္ကြက္ဒမ္မီတို႔ ဖန္တီးခဲ့ေသာ ႐ုပ္ရွင္မ်ားကို စိန္ေခၚႏိုင္ခဲ့သည့္“La La Land” ႐ုပ္ရွင္ဖန္တီးရွင္အသက္ (၃၁) ႏွစ္ရွိဒါ႐ိုက္တာ ဒါမီယန္ခ်ာဇက္လီကအေကာင္းဆုံးဇာတ္ ၫႊန္းဆုႏွင့္ အေကာင္းဆုံးဒါ႐ိုက္တာဆုမ်ားကို ရရွိခဲ့သည္။

ထို႔ျပင္ယင္း႐ုပ္ရွင္မွ မင္းသား႐ိုင္ယန္ဂိုးစလင္း ႏွင့္ မင္းသမီး အမ္မာစတုန္းတို႔ကအေကာင္းဆုံး သ႐ုပ္ေဆာင္ ဆုမ်ားကို အသီးသီးရရွိခဲ့သည္။

ကခုန္ျခင္းႏွင့္ သီခ်င္းသီဆိုျခင္းကို ဝါသနာပါသည့္ လူငယ္ႏွစ္ဦးက၎တို႔ျဖတ္သန္းရာ ဘဝခရီးလမ္းတြင္ မည္မွ်ၾကမ္းတမ္းေသာအခက္အခဲမ်ားပင္ ရွိလင့္ကစား ေအာင္ျမင္မႈမ်ားကို ရယူႏိုင္ေၾကာင္း ႐ိုက္ကူးျပသခဲ့သည့္႐ုပ္ရွင္က ယခင္က ဆုေျခာက္ခုရရွိခဲ့ဖူးေသာOne Flew Over the Cuckoo’s Nest and Midnight Express ႐ုပ္ရွင္ကိုေက်ာ္တက္ကာ ဆုရရွိမႈစံခ်ိန္တင္ခဲ့ျခင္း ျဖစ္သည္။

နာမည္ေက်ာ္ဘေရာ့ဒ္ေဝး လမ္းမထက္က ေဖ်ာ္ေျဖပြဲမ်ားကိုအေျခခံထားျခင္းမရွိသည့္ ယင္း႐ုပ္ရွင္ျပသသည္ႏွင့္ တစ္ၿပိဳင္နက္စတူဒီယိုမ်ားတြင္ ျပသခြင့္ရရွိခဲ့သည့္ ႐ုပ္ရွင္လည္းျဖစ္သည္။

အႏုပညာစိတ္ကူးဉာဏ္ရင့္သန္မႈတို႔ျဖင့္ ဒါ႐ိုက္တာ ခ်ာဇက္လီသည္ ႐ုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီ Lionsgate ႏွင့္တြဲဖက္ကာ အခြင့္ အေရးကိုပိုင္ႏိုင္စြာအသုံးခ်ၿပီး အႏုပညာအေလာင္းအစားျပဳလုပ္ခဲ့ရာမွေအာင္ျမင္မႈရရွိခဲ့ျခင္းလည္း ျဖစ္သည္။

eeeအမ်ိဳးသား သ႐ုပ္ေဆာင္ဆု တြမ္ဟီဒယ္စတန္ဆန္ခါတင္ စာရင္းထဲတြင္ပါရွိခဲ့သည့္ ဆုအားလုံးကို ရရွိခဲ့သည္သာမကအေကာင္းဆုံး မူရင္းေတးသြားဆု ႏွင့္ ဇာတ္ဝင္ေတးသီခ်င္းတို႔ကိုပါ ရရွိခဲ့သည္။

ယင္း႐ုပ္ရွင္ျဖင့္ အေကာင္းဆုံး အမ်ိဳးသမီးသ႐ုပ္ေဆာင္ဆု (ေတး သံစုံ၊ ဇာတ္ျမဴး) ရရွိခဲ့သူအမ္မာစတုန္းကဆုလက္ခံရယူ ၿပီးေနာက္ ”ဒါဟာ စိတ္ကူးယဥ္သမားေတြအတြက္ ႐ုပ္ရွင္တစ္ခုပါပဲ။ၿပီးေတာ့ ေမွ်ာ္လင့္ခ်က္နဲ႔ဖန္တီးႏိုင္မႈဟာ ကမာၻေပၚက အေရးအႀကီးဆုံး အရာႏွစ္ ခုျဖစ္တယ္ လို႔ကြၽန္မထင္ပါတယ္။

အဲဒါဟာ ဒီ႐ုပ္ရွင္ရဲ႕ဇာတ္ေၾကာင္းပဲျဖစ္ပါတယ္”ဟု ေျပာၾကားခဲ့သည္။ေ႐ႊကမာၻလုံးဆုေပးပြဲသည္ ေဟာလိဝုဒ္႐ုပ္ရွင္မ်ားအတြက္ ဆုေပးပြဲရာသီပြဲဦးထြက္က်င္းပသည့္ပြဲျဖစ္သည္။ ဆုမ်ားစြာကို စံခ်ိန္တင္သိမ္းပိုက္ရရွိခဲ့သည့္ “La La Land” ႐ုပ္ရွင္ကေအာ္စကာဆုအတြက္ ဆုလ်ာထား စာရင္းတြင္ပါဝင္ႏိုင္ရန္ ေသခ်ာသြားခဲ့သည္။

အေကာင္းဆုံး အမ်ိဳးသား သ႐ုပ္ေဆာင္ဆု ႐ိုင္ယန္ဂိုးစလင္းCecil B. DeMille ဘဝတစ္သက္တာ ေအာင္ျမင္မႈ ဆုကိုရရွိခဲ့သူမယ္ရီယယ္စတြိက ၿပီးခဲ့ေသာႏွစ္တြင္ မဲဆြယ္ပြဲတစ္ခု၌ မသန္စြမ္းသတင္းေထာက္တစ္ဦးပုံစံကို သ႐ုပ္ေဆာင္ၿပီး ေဒၚနယ္ထရန႔္က သေရာ္ခဲ့သည့္ အတြက္စိတ္မေကာင္းျဖစ္ခဲ့ရသည္ဟုဆိုကာ ဆုေပးပြဲတြင္ အေမရိကန္သမၼတျဖစ္လာမည့္သူကိုစကားျဖင့္ ထိုးႏွက္တိုက္ခိုက္ခဲ့သည္။

အသက္(၆၇) ႏွစ္အ႐ြယ္စတြိက”ၿပီးခဲ့တဲ့ႏွစ္က ကြၽန္မကို စိတ္မေကာင္းျဖစ္ေစ တဲ့ျဖစ္ရပ္တစ္ခုရွိခဲ့ပါတယ္။ကြၽန္မႏွလုံးသားထဲအထိ နာက်င္ရပါတယ္။ အရမ္းကိုေကာင္းလြန္းလို႔ေတာ့ မဟုတ္ပါဘူး။မသန္စြမ္းသတင္းေထာက္ တစ္ေယာက္ပုံစံတူျပဳၿပီးေတာ့ ကြၽန္မတို႔ႏိုင္ငံရဲ႕အေလးစားခံရဆုံး ထိုင္ခုံမွာ ထိုင္မယ့္သူက လုပ္ခဲ့တဲ့ျဖစ္ရပ္ပါ၊

အာဏာရွိတဲ့သူေတြက သူတို႔ရဲ႕ ရပ္တည္ရာေနရာကိုအသုံးခ်ၿပီးတျခားသူေတြကို အႏိုင္က်င့္မယ္ဆိုရင္ ကြၽန္မတို႔အားလုံးဆုံးရႈံးတာပါပဲ။ၿပီးေတာ့ေဟာလိဝုဒ္ဆို တာ ျပင္ပကလူေတြနဲ႔ ႏိုင္ငံျခားသားေတြဝင္ထြက္သြားေနတဲ့ေနရာပါ။

ရွင္တို႔သာ သူတို႔ကို ႏွင္ထုတ္ပစ္မယ္ဆိုရင္အႏုပညာမဟုတ္တဲ့ ေဘာလုံးပြဲနဲ႔ သိုင္းပညာကလြဲလို႔ ၾကည့္စရာရွိေတာ့မွာ မဟုတ္ပါဘူး” ဟု ေဝ ဖန္ေျပာၾကားခဲ့သည္။မင္းသမီးႀကီးစတြိသည္ ေ႐ႊကမာၻလုံးဆု ဆန္ခါတင္စာရင္းတြင္အႀကိမ္ ၃ဝ ပါ ဝင္ဖူးၿပီး ရွစ္ႀကိမ္ဆုရရွိဖူးသည္။

၎ကဲ့သို႔ Cecil B. De-Mille ဆုရရွိခဲ့ၾကဖူးသူမ်ားမွာဒန္ဇယ္ဝါရွင္တန္၊ ေဂ်ာ့ခ်္ ကလူးေနး၊ ဝူဒီအယ္လန္ႏွင့္ ဂ်ိဳဒီေဖာ္စတာတို႔ျဖစ္ၾကသည္။“La La Land” ႐ုပ္ရွင္ျဖင့္ အေကာင္းဆုံး အမ်ိဳးသားသ႐ုပ္ေဆာင္ဆု ရရွိခဲ့သူ ႐ိုင္ယန္ဂိုးစလင္းကဆန္ခါတင္စာရင္းတြင္ ပါဝင္ခဲ့ၿပီး ကေနဒါႏိုင္ငံသားျဖစ္သူ ႐ိုင္ယန္ေရးႏိုးစ္ကိုဂုဏ္ျပဳသည့္ စကားကိုလည္း ဆု လက္ခံရယူေနခ်ိန္တြင္ ေျပာၾကားခဲ့သည္။၎က ”ကြၽန္ေတာ့္ကို ႐ိုင္ယန္ေရးႏိုးစ္နဲ႔မွားၾကတာ ဒါပထမဆုံးအႀကိမ္မ ဟုတ္ပါဘူး။

တစ္ခါတေလေတာ့လည္း အမွားဟာ အမွားေကာင္းျဖစ္သြားေတာ့တာပါပဲ” ဟုေျပာဆို သည္။La La Land ဇာတ္ကားဟာ ၿဗိတိန္႐ုပ္ရွင္႐ုံမ်ားတြင္ စတင္ျပသသည့္ ပိတ္ရက္ကတည္းက႐ုံဝင္ေငြ ေပါင္ ၆ သန္း ေက်ာ္ရရွိခဲ့ကာ အျခားဇာတ္ကားမ်ားထက္ ေပါင္၅သန္းေက်ာ္ ပိုမိုရရွိခဲ့ၿပီးေပါက္ကားတစ္ကားျဖစ္ခဲ့ပါသည္။

ေ႐ႊကမာၻလုံးဆုေပးပြဲသမိုင္းတြင္ စုစုေပါင္း ဆု ၇ ဆုရရွိခဲ့ကာစံခ်ိန္ခ်ိဳးႏိုင္ခဲ့သည့္ ဂီတေနာက္ခံ႐ုပ္ရွင္ဇာတ္ကား La La Land ဟာBafta ဆုေပးပြဲအတြက္လည္း အေကာင္းဆုံး႐ုပ္ရွင္ဆုအပါအဝင္ဆုေပါင္း ၁၁ ဆုအတြက္ လ်ာထားျခင္း ခံခဲ့ရပါသည္။

ပြဲဦးထြက္႐ုံဝင္ေင ြအေကာင္းဆုံး ဇာတ္ကားအျဖစ္ စံခ်ိန္ခ်ိဳးႏိုင္ခဲ့ေသာ ဇာတ္ကားမွာLes Miserables ျဖစ္ၿပီး ၂၀၁၃ခုႏွစ္က ျပသခဲ့ကာပြဲဦးထြက္႐ုံဝင္ေငြ ေပါင္၈.၁၂သန္း ရရွိခဲ့ပါသည္။

La La Land တြင္ မင္းသား Ryan Gosling ကJazz ဂီတသမားစႏၵယားဆရာအျဖစ္ သ႐ုပ္ေဆာင္ထားၿပီးမင္းသမီး Emma Stone က ရည္မွန္းခ်က္ႀကီးေသာ မင္းသမီးတစ္ေယာက္အျဖစ္သ႐ုပ္ေဆာင္ထားကာ သူတို႔ ႏွစ္ဦး၏ အိပ္မက္ေတြကို ေလာ့စ္အိန္ဂ်ယ္လိစ္ၿမိဳ႕၌အေကာင္အထည္ေဖာ္ႏိုင္ရန္ ႀကိဳးပမ္းေသာ ဇာတ္လမ္းတစ္ပုဒ္ ျဖစ္ၿပီးသူတို႔၂ေယာက္အေကာင္အထည္ေဖာ္ႏိုင္မေဖာ္ႏိုင္ကိုကေတာ့ ပရိတ္သတ္ႀကီးက ဆက္လက္ၾကည့္ရႉ ရမွာပါ

mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *