Labor Day (2013)

18985
Share
Copy the link

ခင်ပွန်းက နောက်အိမ်ထောင်ပြုပြီး စွန့်သားတစ်ယောက်နဲ့စွန့်ပစ်ခံရတဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ (Adele) အနေနဲ့ Kate Winslet ပါဝင်ထားပါတယ်။(Adele)ရဲ့ သားတစ်ယောက်အနေနဲ့ ကလေးသရုပ်ဆောင် အကျော်အမော်လေး Gattlin Griffith က (Henry) အဖြစ် သရုပ်ဆောင်ထားပါတယ်။

လူသတ်သမား တစ်ယောက်အနေနဲ့ မင်းသားကြီး Josh Brolin က Frank အဖြစ် ပါဝင်ထားပါတယ်။သားတစ်ယောက်နဲ့ခင်ပွန်းသည်စွန့်ပစ်ခြင်းကို ခံရတဲ့ Adele ရဲ့ဘဝဟာ တိတ်ဆိတ်ခြောက်ကပ်လွန်းနေမှန်း သားဖြစ်သူ Henry ဟာ ခံစားမိနေပါတယ်။

တစ်ရက်သားအမိနှစ်ယောက် Shopping Center မှာ ဈေးဝယ်တုန်း Henry နားကို လူတစ်ယောက်ရောက်လာပြီး သူ့အမေကို လက်ညှိုးထိုးပြကာ မင်းအမေလားလို့ မေးပါတယ်။ ပြီးတာနဲ့ တစ်ဆက်တည်း သူ့ကို အကူအညီပေးဖို့ သူ့မှာဒဏ်ရာရလာကြောင်းပြောပါတယ်။

Adele က ထိုသူကိုတွေ့လိုက်ချိန်မှာတော့ သူမကူညီနိုင်ကြောင်းပြောတဲ့အခါမှာ Frank ဆိုတဲ့သူဟာ သူ့ကိုကူညီမှ ဖြစ်မယ်ဆိုတဲ့ အကြောင်း အတင်းအကြပ်ပြောလာတဲ့အခါမှာတော့။ Adele တို့သားအမိဟာ Frank ဆိုတဲ့သူကို သူတို့အိမ်ရှိရာ ခေါ်လာရပါတော့တယ်။

အိမ်ရောက်ရောက်ခြင်းမှာပဲ ထိုသူဟာ လူသတ်မှုနဲ့ ထောင်ဒဏ်(၁၈)နှစ်ကျခံထားရပြီးထောင်ဆေးရုံကနေ ခုန်ဆင်းပြီးပြေးလာတယ်လို့လည်း တီဗွီချန်နယ်တွေကနေ လွှင့်တာတွေ့ရတဲ့အခါမှာတော့……………….။ဇာတ်ကောင် သုံးယောက်စလုံးဟာ ဇာတ်လမ်းပြီးဆုံးသည်အထိ အပိုအလိုမရှိ ဆွဲခေါ်သွားတဲ့ ဇာတ်ကားပါ။

Kate Winslet ကို အရမ်းနှစ်သက်မိလွန်းလို့ သူ့ကို မချီးကျူးပဲ မနနိုင်အောင်ဖြစ်မိသလို။ ကလေးသရုပ်ဆောင် ကလေးကိုလည်း အလွန်နှစ်သက်မိပါတယ်။ ဇာတ်လမ်းအချိုးအကွေ့လေးတွေဟာ မထင်မှတ်အောင် ကောင်းလှသလို။

မထင်မှတ်ထားတဲ့ Tempo မြင့်မှုတွေနဲ့ ဇာတ်လမ်းအချိုးတွေကို ခံစားချင်တယ်ဆိုရင်တော့။ လက်လွတ်မခံသင့်ပါဘူး။ အက်ရှင်ကားလို့ ထင်ခဲ့ပေမယ့် Drama ကို ရင်တဖိုဖိုကြည့်ခဲ့ရလို့ ကျွန်တော်ကတော့ သိပ်ကြိုက်မိတဲ့ ဇာတ်ကားတစ်ခုအဖြစ် စာရင်းထပ်သွင်းမိပြန်ပါတယ်။

Zawgyi

ခင္ပြန္းက ေနာက္အိမ္ေထာင္ျပဳၿပီး စြန႔္သားတစ္ေယာက္နဲ႔စြန႔္ပစ္ခံရတဲ့ အမ်ိဳးသမီး တစ္ေယာက္အေနနဲ႔ (Adele) အေနနဲ႔ Kate Winslet ပါဝင္ထားပါတယ္။(Adele)ရဲ႕ သားတစ္ေယာက္အေနနဲ႔ ကေလးသ႐ုပ္ေဆာင္ အေက်ာ္အေမာ္ေလး Gattlin Griffith က (Henry) အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။

လူသတ္သမား တစ္ေယာက္အေနနဲ႔ မင္းသားႀကီး Josh Brolin က Frank အျဖစ္ ပါဝင္ထားပါတယ္။သားတစ္ေယာက္နဲ႔ခင္ပြန္းသည္စြန႔္ပစ္ျခင္းကို ခံရတဲ့ Adele ရဲ႕ဘဝဟာ တိတ္ဆိတ္ေျခာက္ကပ္လြန္းေနမွန္း သားျဖစ္သူ Henry ဟာ ခံစားမိေနပါတယ္။

တစ္ရက္သားအမိႏွစ္ေယာက္ Shopping Center မွာ ေဈးဝယ္တုန္း Henry နားကို လူတစ္ေယာက္ေရာက္လာၿပီး သူ႔အေမကို လက္ညႇိဳးထိုးျပကာ မင္းအေမလားလို႔ ေမးပါတယ္။ ၿပီးတာနဲ႔ တစ္ဆက္တည္း သူ႔ကို အကူအညီေပးဖို႔ သူ႔မွာဒဏ္ရာရလာေၾကာင္းေျပာပါတယ္။

Adele က ထိုသူကိုေတြ႕လိုက္ခ်ိန္မွာေတာ့ သူမကူညီႏိုင္ေၾကာင္းေျပာတဲ့အခါမွာ Frank ဆိုတဲ့သူဟာ သူ႔ကိုကူညီမွ ျဖစ္မယ္ဆိုတဲ့ အေၾကာင္း အတင္းအၾကပ္ေျပာလာတဲ့အခါမွာေတာ့။ Adele တို႔သားအမိဟာ Frank ဆိုတဲ့သူကို သူတို႔အိမ္ရွိရာ ေခၚလာရပါေတာ့တယ္။

အိမ္ေရာက္ေရာက္ျခင္းမွာပဲ ထိုသူဟာ လူသတ္မႈနဲ႔ ေထာင္ဒဏ္(၁၈)ႏွစ္က်ခံထားရၿပီးေထာင္ေဆး႐ုံကေန ခုန္ဆင္းၿပီးေျပးလာတယ္လို႔လည္း တီဗြီခ်န္နယ္ေတြကေန လႊင့္တာေတြ႕ရတဲ့အခါမွာေတာ့……………….။ဇာတ္ေကာင္ သုံးေယာက္စလုံးဟာ ဇာတ္လမ္းၿပီးဆုံးသည္အထိ အပိုအလိုမရွိ ဆြဲေခၚသြားတဲ့ ဇာတ္ကားပါ။

Kate Winslet ကို အရမ္းႏွစ္သက္မိလြန္းလို႔ သူ႔ကို မခ်ီးက်ဴးပဲ မနႏိုင္ေအာင္ျဖစ္မိသလို။ ကေလးသ႐ုပ္ေဆာင္ ကေလးကိုလည္း အလြန္ႏွစ္သက္မိပါတယ္။ ဇာတ္လမ္းအခ်ိဳးအေကြ႕ေလးေတြဟာ မထင္မွတ္ေအာင္ ေကာင္းလွသလို။

မထင္မွတ္ထားတဲ့ Tempo ျမင့္မႈေတြနဲ႔ ဇာတ္လမ္းအခ်ိဳးေတြကို ခံစားခ်င္တယ္ဆိုရင္ေတာ့။ လက္လြတ္မခံသင့္ပါဘူး။ အက္ရွင္ကားလို႔ ထင္ခဲ့ေပမယ့္ Drama ကို ရင္တဖိုဖိုၾကည့္ခဲ့ရလို႔ ကြၽန္ေတာ္ကေတာ့ သိပ္ႀကိဳက္မိတဲ့ ဇာတ္ကားတစ္ခုအျဖစ္ စာရင္းထပ္သြင္းမိျပန္ပါတယ္။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *