L’ennui – Link 2

16735
Share
Copy the link

မာတင်ဆိုတာ ဒဿနိကဗေဒသင်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး လတ်တလော ဇနီးသည်နဲ့ကွဲကွာထားတဲ့သူဖြစ်ပါတယ်။ဇနီးသည်ကို မမေ့နိုင်သလို သက်တစ်ဝက်ကျိုးသောကရောက်နေတဲ့အချိန်နဲ့လဲတိုက်ဆိုင်နေတော့ လေလွင့်သူတစ်ပိုင်းဖြစ်နေတာပါ။တစ်နေ့တော့ ဘားတစ်ခုမှာ ငွေမရှင်းနိုင်တဲ့အဘိုးကြီးတစ်ယောက်ကို အစောင့်တွေဝိုင်းရိုက်နေတာကို ဝင်ကူညီပေးခဲ့ရာကနေမိတ်ဆွေဖွဲ့မိပြီးတစ်ပတ်ဆယ်ရက်လောက်အကြာမှာ အဘိုးကြီးရဲ့ အိမ်ကိုသွားလည်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီမှာ အဘိုးကြီးဟာ မနေ့ကမှ သေဆုံးသွားခဲ့ပြီဆိုတာသိလိုက်ရပြီး အဘိုးကြီးရဲ့ အခန်းထဲက ပစ္စည်းတွေသိမ်းပြီးထွက်လာတဲ့ အဘိုးကြီးရဲ့ တိတ်တခိုးချစ်သူဟောင်း မိန်းမငယ်လေးတစ်ယောက်နဲ့ဆုံတွေ့ခဲ့ရပါတယ်။

ဒီလိုနဲ့မတော်တဆ အဲ့ဒီကလေးမနဲ့ဇာတ်လမ်းစခဲ့ပါတယ်။ကောင်မလေးမှာ သူ့ဇနီးဟောင်းလိုထက်မြက်တဲ့ ဉာဏ်ရည်မရှိသွယ်လျတဲ့ ကိုယ်လုံးကိုယ်ပေါက် အဆင့်မြင့်မြင့် စမတ်ကျကျပုံစံတွေမရှိ။ငယ်ဂုဏ်ရိုးဂုဏ်ကလွဲလို့ ဘာတစ်ခုမှမရှိတဲ့အပြင် စကားပြောဆိုရာမှာလဲပုံမကျ ပန်းမကျ အဲ့ဒီမိန်းကလေးကိုမှ အစပိုင်းမှာ ပျင်းစရာကြီးလို့ထင်ရာကနေ မာတင်ကြီးတစ်ယောက်အရူးအမူးချစ်မိသွားပါတော့တယ်။ကြီးမှ ဝက်သက်ပေါက်သလိုဖြစ်တဲ့ သက်လတ်ပိုင်းအမျိုးသား မာတင်က ကိုယ့်သမီးအရွယ်လောက်ကလေးမကို အစကနေ ပြန်ပိုးပန်းရတာရယ်စရာ ချစ်စရာကောင်းသလို သနားစရာလဲ အတော်ကောင်းနေတော့တာပါ။နှစ်နာရီအကြာဇာတ်လမ်းကို ကြာတယ်လို့တစ်ချက်မှမတွေးမိအောင်ဆွဲဆောင်နိုင်တဲ့ဇာတ်ကားပါ။ ကွက်ကွက်ကွင်းကွင်းကွင်းမုန့်တီဟင်းလို အချစ်ဇာတ်ဝင်ခန်းအကြမ်းစားတွေကတော့ အပိုဆုပါ။မာတင်ချစ်သွားတဲ့ မထုံတက်တေးကောင်မလေးကို ကြည့်နေရင်းနဲ့ကိုယ်ပါ ချစ်လာရမှာကတော့ မေတ္တာလက်ဆောင်ပါ။

megaup.net (Megaup.net) Large Size ~ Download

uptobox.com (Uptobox) Large Size ~ Download

streamsb.com (streamsb) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *