Léon: The Professional (1994)
14306
Share
Copy the link
အမြဲတမ်းအားပေးစောင့်ကြည့်နေတဲ့ပရိသတ်ကြီးအတွက် သည်တစ်ခါ မိတ်ဆက်ပေးချင်တာတော့ ကြေးစားလူသတ်သမားဆစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။
အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံး သရုပ်ဆောင်ဆု၊ အကောင်းဆုံး ဒါရိုက်တာ ဆုတို့အပြင် Japanese Academy ကပေးအပ်တဲ့ အကောင်းဆုံး နိုင်ငံခြားဘာသာစကားဆု တို့ရရှိထားသော “Leon The Profeesional” အီတလီ ဇာတ်ကားလေးဖြစ်ပါတယ်။
Rating ပိုင်းအနေနဲ့လည်း IMDb 8.5/10 ၊ Rotten Tomatoes 74% ရရှိထားတဲ့ ကားကောင်းလေးတစ်ကားပါ။ Google မှာ လူကြည့်များတဲ့ ကားဆိုလည်းမမှားပါဘူးနော်။သည်ကားလေးကို Sep 14 ရက် 1994 ခုနှစ်မှာ ပြသခဲ့ပါတယ်။
ဇာတ်ကားအကျဥ်းချုပ်ကတော့ သေနတ်ပစ်သိပ်တော်တဲ့ ကြေးစားလူသတ်သမားတစ်ဦး လီယွန်… အဖေတူ အမေကွဲ မောင်နှမ မိထွေးနှင့်အတူ နေနေရသော… အဖေကလည်း ဂရုစိုက်ခြင်းအလျဥ်းမရှိသော ကောင်မလေး မက်ချင်ဒါ ….
တစ်ရက်တွင် မူးယစ်ဆေး အရောင်းအဝယ်လုပ်သော လူများအား ကလိမ်ကျရင်း မက်ချင်ဒါဆို့ တစ်မိသားစုလုံး အသတ်ခံခဲ့ရသည်။ မက်ချင်ဒါသည် သူ့အမေတူအဖေကွဲ အသက်၄နှစ်သာ ရှိသေးသော ကလေးငယ်လေးကိုအချစ်ဆုံးဖြစ်သည်။
သို့သော်… စျေးဝယ်ပြီးပြန်အလာ တစ်မိသားစုလုံးအသတ်ခံရတာကို မြင်ပြီးနောက် အိမ်နီးချင်း လီယွန်၏ အိမ်ကို တံခါးခေါက်ရင်း ဝင်ခွင့်ပေးရန် တောင်းပန်ခဲ့သည်။
လီယွန်တစ်ယောက် တံခါးဖွင့်ပေးခဲ့သည့် အချိန်မှစ၍ သူ၏ တစ်ဘဝလုံး ပြောင်းလဲ သွားခဲ့သည်။ အကြောက်အလန့်မရှိသော မက်ချင်ဒါတစ်ယောက် ကြေးစားလူသတ်သမားဖြစ်ဖို့ တတွတ်တွတ် တောင်းဆိုရင်း…. ဆက်ပြီး ဘာတွေဖြစ်ကြမလဲ… လီယွန်ကရော ဘယ်သူလဲ… ဘယ်လိုအတိတ်တွေကို ဖွက်ထားတဲ့သူလဲ…
လောကကြီးမှာ လူများတွင် မိမိ၏ စိတ်အမှောင်ဘက်ခြမ်းဆိုတာ အနည်းအများ ရှိတတ်ကြသည်။ မည်သို့ပင် လူသတ်သောလူပင် ဖြစ်စေကာမူ နှလုံးသား ကားထိုနည်းအတိုင်း မဟုတ်နိုင်ရာ။
သည်ဇာတ်ကားလေးကား မဖြစ်နိုင်သော မေတ္တာမျှမှု ဆိုပေမယ့်လို့… နှလုံးသားနားခိုရာတစ်ခု လိုအပ်နေသော သူတစ်ယောက်အဖို့… အရာအားလုံး လွှတ်ချပြီး တစ်ရက်လောက် မျက်လုံးများကို မှိတ်ကာ စိတ်အေးလက်အေး အိပ်ပျော်နိုင်သော နေ့ရက်လေးတစ်ရက်… မေတ္တာ၏ လှပပုံကို ရိုက်ကူးဖော်ပြထားသော ဇာတ်ကားကောင်းလေးမို့… အားပေးကြည့်ရှူဖို့ ဖိတ်ခေါ်လိုက်ပါရစေ။
Zawgyi
သို့သော်… ဈေးဝယ်ပြီးပြန်အလာ တစ်မိသားစုလုံးအသတ်ခံရတာကို မြင်ပြီးနောက် အိမ်နီးချင်း လီယွန်၏ အိမ်ကို တံခါးခေါက်ရင်း ဝင်ခွင့်ပေးရန် တောင်းပန်ခဲ့သည်။
mega.nz (Mega) Large Size ~ Download
megaup.net (Megaup.net) Large Size ~ Download
usersdrive.com (Users Drive) Large Size ~ Download
usersdrive.com (Users Drive) Small Size ~ Download
disk.yandex.com (Disk Yandex) Large Size ~ Download
upstream.to (Up Stream) Large Size ~ Download
yoteshinportal.cc (Yoteshin) Large Size ~ Download
Comments
Your email address will not be published. Required fields are marked *