Let Him Go (2020)

15917
Share
Copy the link

ဝါရင့်သရုပ်ဆောင် Diane Lane နဲ့ Kevin Costner ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး IMDB 7/10 ရရှိထားပါတယ်…ဂျော့နဲ့ မာဂရက်ဆိုတဲ့အဘိုးကြီး လင်မယားမှာ တစ်ဉီးထဲသောသားလေးတစ်ယောက်ရှိတယ်…အချိန်တန်အရွယ်ရောက်လို့ သားဖြစ်သူ အိမ်ထောင်ကျပြီး သားယောင်္ကျားလေးရလို့ အဘိုးအဘွားဖြစ်သူတို့အတွက်ပီတိတွေဖြာလို့ပေါ့…

သားအချစ်မြေးအနှစ်ဆိုတဲ့အတိုင်း မြေးလေးကိုအရိပ်တကြည့်ကြည့်ပေါ့…တစ်နေ့ မြင်းပေါ်ကပြုတ်ကျပြီး သားဖြစ်သူဆုံးပါးသွားတယ်…နှစ်အနည်းငယ်ကြာတော့ ချွေးမဖြစ်သူလည်းနောက်အိမ်ထောင်ပြုသွားတယ်….မြေးလေးနဲ့ အိမ်မှာပဲနေစေချင်ပေမဲ့ ချွေးမဖြစ်သူလည်း သူ့အားကိုးရာရှာလေတော့အဘိုးအဘွားလင်မယားဟာ မြေးလေးနဲ့ခွဲရတော့တာပေါ့…

အဘိုးအဘွားဆိုတာ ပထွေးနဲ့ ဘယ်စိတ်ချပါ့မလဲ..တစ်နေ့ အဘွားဖြစ်သူဈေးသွားတော့ ချွေးမနဲ့သားကို ပထွေးဖြစ်သူကရိုက်နှက်နေတာတွေ့သွားတယ်..အဘိုးအဘွားရဲ့စိုးရိမ်မှုတွေဟာ ပြောမပြနိုင်အောင်ပါပဲ..ဒါ့ကြောင့် မြေးလေးတို့အိမ်လိုက်သွားပေမဲ့အိမ်ပြောင်းသွားကြတယ်…

မြေးလေးရဲ့ပထွေးဖြစ်သူဟာ ထစ်ခနဲရှိလက်ပါတတ်ပြီး သဘောထားကျဉ်းမြောင်းတဲ့သူဖြစ်နိုင်တာကြောင့် မြေးလေးကို ပြန်တွေ့ပြီး အိမ်ကိုပြန်ခေါ်ဖို့ ရေဆုံးမြေဆုံးလိုက်ပါတော့တယ်..

တကယ်တော့ ဒီဇာတ်ကားဟာ ဆန်းပြားပြီးလှည့်ကွက်တွေပါတဲ့အမျိုးအစားမျိုးမဟုတ်ပေမဲ့မင်းသားကြီး မင်းသမီးတွေရဲ့သရုပ်ဆောင်မှုနဲ့အတူ အဘိုးအဘွားတွေရဲ့ချစ်ခြင်းမေတ္တာကို ခံစားရတဲ့ကားမို့တော်တော်ကြီးကိုကြည့်လို့ကောင်းပါတယ်…

အမလေးငါ့မြေးလေးရဲ့ဆိုပြီး ငိုကြီးချက်မနဲ့ အာဗြဲကြီးနဲ့အော်ငိုနေတဲ့ပုံစံမျိုးတွေမပါဘဲ ခပ်တိုးတိုးစကားသံနဲ့ မျက်လုံးတွေကိုကြည့်ရုံနဲ့ သူတို့ဘယ်လောက်စိုးရိမ်ပြီးမြေးလေးကိုလွမ်းဆွတ်နေလဲဆိုတာ အလိုလိုခံစားရပါတယ်…မြေးလေးနဲ့ပြန်တွေ့နိုင်မလား..တခြားဘယ်လိုအခက်အခဲတွေရော မမျှော်လင့်ဘဲကြုံတွေကြရမလဲဆိုတာကိုတော့…

Zawgyi







mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

disk.yandex.com (Disk Yandex) Large Size ~ Download

disk.yandex.com (Disk Yandex) Small Size ~ Download

upstream.to (Up Stream) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *