Little Buddha (1993)
16383ဒီဇာတ်ကားလေးကအနောက်နိုင်ငံ(အမေရိကန်နိုင်ငံ)သားတွေမှကျွန်တော်တို့”ဗုဒ္ဓမြတ်စွာ”ရဲ့ “ဗုဒ္ဓဝင်”ကိုစနစ်တကျလေ့လာပြီး ရိုက်ကူး ပုံဖော်ထားတဲ့ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်…ဇာတ်လမ်းအညွှန်းကို ပြောပြရရင်တော့—ဒီဇာတ်လမ်းမှာ အခန်းကဏ္ဍ၂ခုပါဝင်နေပါတယ်
တခုကတော့ “ဗုဒ္ဓမြတ်စွာ”ရဲ့သိဒ္ဓတ္ထမင်းသားဘဝကနေ သစ္စာလေးပါးသိမြင်ပြီး ဗုဒ္ဓဖြစ်တဲ့အချိန်အထိ ဗုဒ္ဓဝင်ကိုလေးစားအတုယူဖွယ် ရိုက်ပြထားပြီးသိဒ္ဓတ္ထမင်းသားအဖြစ် Keanu Reeve ကီနူးရိဗ်က သရုပ်ဆောင်ထားပါတယ်…
နောက်တခုကတော့ တိဗက်လူမျိုးတို့ရဲ့“လူပြန်ဝင်စားခြင်း” သက်ဝင်ယုံကြည်မှုအရဆရာဖြစ်သူ “ဆရာတော်လာမာဒေါ်ဂျီ”ပြန်ဝင်စားသည်ဟု ယုံကြည်ဖွယ်ရှိသည့်အမေရိကန်လူမျိုးကလေးငယ်“ဂျက်ဆီ” ထံသို့ တိဗက်ဗုဒ္ဓဘာသာဘုန်းကြီးများမှလာရောက်တွေ့ဆုံပြီး ဘူတန်နိုင်ငံသို့လိုက်ခဲ့ရန်မိဘများထံ ခွင့်ပန်တဲ့ဇာတ်လမ်းကို ရိုက်ပြထားပါတယ်။
တိဗက်ဆရာတော်များရဲ့ နောက်ဘဝရှိသည် ဆိုတာကိုအယုံအကြည်မရှိသူ ဂျက်ဆီရဲ့ဖခင်က အထင်အမြင်လွဲမှုတွေရှိနေပေမယ့် သူရဲ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း အက်စီးဒင့်ဖြင့် သေဆုံးသွားတဲ့အခါစိတ်ပြေလက်ပျောက်သဘောဖြင့်သားဖြစ်သူနှင့် ဘူတန်နိုင်ငံသို့ လိုက်သွားခဲ့ရာမှ…
ဘူတန်နိုင်ငံရှိ စေတီအကြောင်းတွေတိဗက်ဘုန်းတော်ကြီးများရဲ့ ဘာသာရေးအယူအဆများအကြောင်းတွေကိုဗဟုသုတရဖွယ် ရိုက်ပြထားပါတယ်….ဒီဇာတ်ကားမှာ ကျွန်တော်တို့နိုင်ငံရဲ့ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာများနဲ့တိဗက်ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာတို့၏အနည်းငယ်ကွဲပြားမှုများကိုလည်းဗဟုသုတဖြစ်ဖွယ် လေ့လာခွင့်ရမှာ ဖြစ်ပါတယ်..
ဒါ့အပြင် ဗုဒ္ဓဘာသာ တိဗက်ဘုန်းကြီးများရဲ့“မမြဲခြင်းသဘော”ကို နက်ရှိုင်းစွာ နှလုံးသွင်းတတ်ပုံနဲ့ကြောက်ရွံ့တုန်လှုပ်ခြင်းကင်းစွာ “သေခြင်းတရား”ကို ရင်ဆိုင်နိုင်တဲ့ စိတ်ဓာတ်ကိုလဲ ချီးကျူးဂုဏ်ယူ တွေ့မြင်ရမှာပါ…
ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတစ်ခုဖြစ်တဲ့သေခြင်းတရားကို မကြောက်လန့်ဘဲရင်ဆိုင်နိုင်တဲ့ နှလုံးသွင်းမှန်မှုသဘောကိုအနောက်နိုင်ငံသားများကပါ လေးစားချီးကျူ းရတာ အမှန်ပါပဲ….ဒီဇာတ်ကားရဲ့ အကောင်းဆုံးအပိုင်းကတော့ဒိုင်ယာလော့ခ်တွေပါ …
ဗုဒ္ဓရဲ့ လေးနက်ပြီးအနှစ်သာရပြည့်ဝတဲ့ဒဿနတွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် …။ဒီဇာတ်ကားဟာ ဗုဒ္ဓဘာသာအကြောင်းကိုလေ့လာလိုသူတွေ ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်…..။
Zawgyi
ဒီဇာတ္ကားေလးကအေနာက္ႏိုင္ငံ(အေမရိကန္ႏိုင္ငံ)သားေတြမွကြၽန္ေတာ္တို႔”ဗုဒၶျမတ္စြာ”ရဲ႕ “ဗုဒၶဝင္”ကိုစနစ္တက်ေလ့လာၿပီး ႐ိုက္ကူး ပုံေဖာ္ထားတဲ့ဇာတ္ကားေကာင္းတစ္ကား ျဖစ္ပါတယ္…ဇာတ္လမ္းအၫႊန္းကို ေျပာျပရရင္ေတာ့—ဒီဇာတ္လမ္းမွာ အခန္းက႑၂ခုပါဝင္ေနပါတယ္
တခုကေတာ့ “ဗုဒၶျမတ္စြာ”ရဲ႕သိဒၶတၳမင္းသားဘဝကေန သစၥာေလးပါးသိျမင္ၿပီး ဗုဒၶျဖစ္တဲ့အခ်ိန္အထိ ဗုဒၶဝင္ကိုေလးစားအတုယူဖြယ္ ႐ိုက္ျပထားၿပီးသိဒၶတၳမင္းသားအျဖစ္ Keanu Reeve ကီႏူးရိဗ္က သ႐ုပ္ေဆာင္ထားပါတယ္…
ေနာက္တခုကေတာ့ တိဗက္လူမ်ိဳးတို႔ရဲ႕“လူျပန္ဝင္စားျခင္း” သက္ဝင္ယုံၾကည္မႈအရဆရာျဖစ္သူ “ဆရာေတာ္လာမာေဒၚဂ်ီ”ျပန္ဝင္စားသည္ဟု ယုံၾကည္ဖြယ္ရွိသည့္အေမရိကန္လူမ်ိဳးကေလးငယ္“ဂ်က္ဆီ” ထံသို႔ တိဗက္ဗုဒၶဘာသာဘုန္းႀကီးမ်ားမွလာေရာက္ေတြ႕ဆုံၿပီး ဘူတန္ႏိုင္ငံသို႔လိုက္ခဲ့ရန္မိဘမ်ားထံ ခြင့္ပန္တဲ့ဇာတ္လမ္းကို ႐ိုက္ျပထားပါတယ္။
တိဗက္ဆရာေတာ္မ်ားရဲ႕ ေနာက္ဘဝရွိသည္ ဆိုတာကိုအယုံအၾကည္မရွိသူ ဂ်က္ဆီရဲ႕ဖခင္က အထင္အျမင္လြဲမႈေတြရွိေနေပမယ့္ သူရဲ႕လုပ္ေဖာ္ကိုင္ဖက္သူငယ္ခ်င္း အက္စီးဒင့္ျဖင့္ ေသဆုံးသြားတဲ့အခါစိတ္ေျပလက္ေပ်ာက္သေဘာျဖင့္သားျဖစ္သူႏွင့္ ဘူတန္ႏိုင္ငံသို႔ လိုက္သြားခဲ့ရာမွ…
ဘူတန္ႏိုင္ငံရွိ ေစတီအေၾကာင္းေတြတိဗက္ဘုန္းေတာ္ႀကီးမ်ားရဲ႕ ဘာသာေရးအယူအဆမ်ားအေၾကာင္းေတြကိုဗဟုသုတရဖြယ္ ႐ိုက္ျပထားပါတယ္….ဒီဇာတ္ကားမွာ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ဗုဒၶဘာသာထုံးတမ္းစဥ္လာမ်ားနဲ႔တိဗက္ဗုဒၶဘာသာထုံးတမ္းစဥ္လာတို႔၏အနည္းငယ္ကြဲျပားမႈမ်ားကိုလည္းဗဟုသုတျဖစ္ဖြယ္ ေလ့လာခြင့္ရမွာ ျဖစ္ပါတယ္..
ဒါ့အျပင္ ဗုဒၶဘာသာ တိဗက္ဘုန္းႀကီးမ်ားရဲ႕“မၿမဲျခင္းသေဘာ”ကို နက္ရႈိင္းစြာ ႏွလုံးသြင္းတတ္ပုံနဲ႔ေၾကာက္႐ြံ႕တုန္လႈပ္ျခင္းကင္းစြာ “ေသျခင္းတရား”ကို ရင္ဆိုင္ႏိုင္တဲ့ စိတ္ဓာတ္ကိုလဲ ခ်ီးက်ဴးဂုဏ္ယူ ေတြ႕ျမင္ရမွာပါ…
ဗုဒၶဘာသာရဲ႕ အႏွစ္သာရတစ္ခုျဖစ္တဲ့ေသျခင္းတရားကို မေၾကာက္လန႔္ဘဲရင္ဆိုင္ႏိုင္တဲ့ ႏွလုံးသြင္းမွန္မႈသေဘာကိုအေနာက္ႏိုင္ငံသားမ်ားကပါ ေလးစားခ်ီးက်ဴ းရတာ အမွန္ပါပဲ….ဒီဇာတ္ကားရဲ႕ အေကာင္းဆုံးအပိုင္းကေတာ့ဒိုင္ယာေလာ့ခ္ေတြပါ …
ဗုဒၶရဲ႕ ေလးနက္ၿပီးအႏွစ္သာရျပည့္ဝတဲ့ဒႆနေတြကို ျမင္ေတြ႕ရမွာပဲ ျဖစ္ပါတယ္ …။ဒီဇာတ္ကားဟာ ဗုဒၶဘာသာအေၾကာင္းကိုေလ့လာလိုသူေတြ ၾကည့္ရႈသင့္တဲ့ဇာတ္ကားတစ္ခုပဲျဖစ္ပါတယ္…..။


(Direct Link) Large Size ~ Download
(Up Stream) Large Size ~ Download
(Megaup.net) Large Size ~ Download
(Yoteshin Portal) Large Size ~ Download