Locked Down (2021)
18578ဒီ Locked Down ဆိုတဲ့ကားလေးက ကြည့်ရှူသူတွေကို ဇာတ်လမ်းခပ်အေးအေး Cast အလန်းစားတွေနဲ့ ဖြည်းဖြည်းချင်းရင်ထဲထည့်သွားစေမဲ့ကားလေး ဒီကားလေးကိုကြည့်ပြီးရင် Covid ကြောင့် ဖြစ်ရတဲ့အခြေအနေတချို့ကို ကွက်ကွက်ကွင်းကွင်း မြင်လာနိုင်မယ်။
ဇာတ်လမ်းအကျဉ်းအရတော့ တဖြည်းဖြည်းယိုယွင်းပျက်စီးလာတဲ့ အိမ်ထောင်ရေးကြောင့် ခွာပြဲရတော့မဲ့ Linda နဲ့ Paxton ဟာCovid Lockdown ကြောင့် တစ်အိမ်တည်းမှာ ပိတ်မိနေကြတယ်။
ဘ၀ကိုအရိုင်းဆန်ဆန်ဖြတ်သန်းခဲ့တဲ့ Paxton နဲ့ တော်ပြီးထက်မြက်တဲ့ Linda တို့ အချိုးအကွေ့တစ်ခုမှာ ဆုံခဲ့ကြပေမဲ့ Paxton တစ်ယောက်ကတော့ တစ်ညမှာ သူလုပ်လိုက်တဲ့အမှားတစ်ခုကြောင့်ဒီလိုတွေ သူဘ၀ဆက်တိုက် ကံဆိုနေရတာလို့ ထင်နေတယ်။
Linda ဆိုတဲ့အမျိုးသမီးလေးကလည်း အပြင်ပန်းကကြည့်ရင် အလုပ်အကိုင်ကောင်း ၀င်ငွေကောင်းပေမဲ့ စိတ်ဖိစီးစရာ စိတ်ရှုပ်စရာတွေအပြည့်ရှိနေတာကို အတူနေတဲ့ သူ့ရည်းစား Paxton မပြောနဲ့ တစ်ဦးတစ်လေတောင်မသိ၊ ဒီလိုနဲ့ ကံကြမ္မာကြောင့်ပဲလိုဆိုရမလား သူတို့ရဲ့ ချွတ်ချော်နေတဲ့လမ်းတွေကို ပြန်စုံစည်းပေးမဲ့ကိစ္စတစ်ခုပေါ်လာခဲ့ပါတော့တယ်။
မထင်မှတ်ပဲ တကယ်ရင်ထဲရောက်စေတဲ့ကားလေးမို့ အများကြီးဆက်ညွှန်းနေရင် အရသာပေါ့သွားမှာဖြစ်တဲ့အတွက်အခုပဲကြည့်ရှုလိုက်ဖို့ တိုက်တွန်းပါရစေ။ဒီကားထဲက Cast တွေကတော့ အားလုံးသိကြတဲ့ Anne Hathaway (Cat Woman) နဲ့ Chiwetel Ejiofor တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။
Zawgyi
ဒီ Locked Down ဆိုတဲ့ကားေလးက ၾကည့္ရႉသူေတြကို ဇာတ္လမ္းခပ္ေအးေအး Cast အလန္းစားေတြနဲ႔ ျဖည္းျဖည္းခ်င္းရင္ထဲထည့္သြားေစမဲ့ကားေလး ဒီကားေလးကိုၾကည့္ၿပီးရင္ Covid ေၾကာင့္ ျဖစ္ရတဲ့အေျခအေနတခ်ိဳ႕ကို ကြက္ကြက္ကြင္းကြင္း ျမင္လာႏိုင္မယ္။
ဇာတ္လမ္းအက်ဥ္းအရေတာ့ တျဖည္းျဖည္းယိုယြင္းပ်က္စီးလာတဲ့ အိမ္ေထာင္ေရးေၾကာင့္ ခြာၿပဲရေတာ့မဲ့ Linda နဲ႔ Paxton ဟာCovid Lockdown ေၾကာင့္ တစ္အိမ္တည္းမွာ ပိတ္မိေနၾကတယ္။
ဘ၀ကိုအ႐ိုင္းဆန္ဆန္ျဖတ္သန္းခဲ့တဲ့ Paxton နဲ႔ ေတာ္ၿပီးထက္ျမက္တဲ့ Linda တို႔ အခ်ိဳးအေကြ႕တစ္ခုမွာ ဆုံခဲ့ၾကေပမဲ့ Paxton တစ္ေယာက္ကေတာ့ တစ္ညမွာ သူလုပ္လိုက္တဲ့အမွားတစ္ခုေၾကာင့္ဒီလိုေတြ သူဘ၀ဆက္တိုက္ ကံဆိုေနရတာလို႔ ထင္ေနတယ္။
Linda ဆိုတဲ့အမ်ိဳးသမီးေလးကလည္း အျပင္ပန္းကၾကည့္ရင္ အလုပ္အကိုင္ေကာင္း ၀င္ေငြေကာင္းေပမဲ့ စိတ္ဖိစီးစရာ စိတ္ရႈပ္စရာေတြအျပည့္ရွိေနတာကို အတူေနတဲ့ သူ႔ရည္းစား Paxton မေျပာနဲ႔ တစ္ဦးတစ္ေလေတာင္မသိ၊ ဒီလိုနဲ႔ ကံၾကမၼာေၾကာင့္ပဲလိုဆိုရမလား သူတို႔ရဲ႕ ခြၽတ္ေခ်ာ္ေနတဲ့လမ္းေတြကို ျပန္စုံစည္းေပးမဲ့ကိစၥတစ္ခုေပၚလာခဲ့ပါေတာ့တယ္။
မထင္မွတ္ပဲ တကယ္ရင္ထဲေရာက္ေစတဲ့ကားေလးမို႔ အမ်ားႀကီးဆက္ၫႊန္းေနရင္ အရသာေပါ့သြားမွာျဖစ္တဲ့အတြက္အခုပဲၾကည့္ရႈလိုက္ဖို႔ တိုက္တြန္းပါရေစ။ဒီကားထဲက Cast ေတြကေတာ့ အားလုံးသိၾကတဲ့ Anne Hathaway (Cat Woman) နဲ႔ Chiwetel Ejiofor တို႔က အဓိကပါဝင္သ႐ုပ္ေဆာင္ေပးထားပါတယ္။


(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download
(Users Drive) Large Size ~ Download
(Users Drive) Small Size ~ Download
(Up Stream) Large Size ~ Download
(Yoteshin) Large Size ~ Download
(Yoteshin) Small Size ~ Download