London Boulevard (2010)

13597
Share
Copy the link

မင်းသား ကောလင်းဖာရဲလ်နဲ့ မင်းသမီး ကီရာနိုက်တလေ တို့အဓိကပါဝင်ထားတဲ့ Crime , Drama အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။Mitch အဖြစ်သရုပ်ဆောင်ထားတဲ့ Colin Farrell ဟာ Pentonville အကျဉ်းထောင်ကနေ လောလောလတ်လတ် ထွက်လာသူပါ။

ရိုးရိုးသားသားပဲ ဘဝကို ဖြတ်သန်းတော့မယ်ဆိုတဲ့ စိတ်ကူးတွေ အပြည့်နဲ့ပေါ့။ဒါပေမယ့် ရုတ်တရက်ဆိုသလိုပဲ ကျွန်တော်တို့ရဲ့ ပြစ်ချက်တွေနဲ့ သူရဲကောင်းကြီးဟာရွေးချယ်ရခက်တဲ့ အနေအထားတစ်ခုထဲကို အမှတ်မထင်ရောက်ရှိသွားပါတယ်။

Mitch တစ်ယောက် သူ့ရဲ့ရည်ရွယ်ရင်းကနေ သွေဖယ်ပြီးအကြမ်းဖက်မှုတွေ ပြည့်နှက်နေတဲ့ ဒုစရိုက်အမှောင်လောကထဲကို ပြန်ဆွဲသွင်းခံရသင့်သလား…ဒါမှမဟုတ် Keira Knightley သရုပ်ဆောင်ထားတဲ့ ခပ်ပျော့ပျော့ စူပါစတား ကောင်မလေး Charlotte ရှေ့မှာမားမားမတ်မတ်ရပ်တည်ပေးပြီး ပါပါရာဇီတွေရန်ကနေ ကာကွယ်ပေးရမယ့် သတ္တိခဲကိုယ်ရံတော်ပဲ ဖြစ်သင့်သလား..

ကောင်မလေးအတွက် အသက်ကိုပေးဆပ်ပြီးကာကွယ်ရမယ့် သူရဲကောင်းကြီး ဖြစ်လာသင့်သလား…ဆိုတာကိုပရိသတ်ကြီးက ဆက်လက်ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ Ken Bruen ရဲ့ဝတ္ထု London Boulevard ကိုအခြေခံပြီး ဒါရိုက်တာ William Monahan ကရိုက်ကူးထားတာဖြစ်ပါတယ်။

ဇာတ်ကားရဲ့ အစပိုင်းမှာ တကယ်ကောင်းတဲ့ အိုင်ဒီယာတွေ စိတ်ဝင်စားဖွယ်အရာတွေနဲ့ အားစိုက်ထားတာ တွေ့ရပြီးနောက်ပိုင်း အကြမ်းဖက်ခန်းတွေကတော့ အနည်းငယ် ငြီးငွေ့ဖို့ကောင်းတယ်လို့ ပြောကြပါတယ်။

ဒါပေမယ့် ဂန္တဝင်ဆန်ဆန် Charlotte ရဲ့ အကျင့်စရိုက်တွေကို Mitch ရဲ့ခပ်ကြမ်းကြမ်း ကာရိုက်တာနဲ့ ပေးထိတွေ့ထားပုံကတမျိုးတဖုံ စိတ်ဝင်စားဖွယ်ကောင်းနေခဲ့ပါတယ်။ဗြိတိန်ရဲ့ Classic ဆန်တဲ့ အငွေ့အသက် တချို့ကို အကြမ်းဖက်မှုတွေနဲ့ ပေါင်းစပ်ထားပုံကလည်း ဘာမှန်းမသိတဲ့ ရသတစ်ခုကို ပေးစွမ်းစေနိုင်ခဲ့ပါတယ်။ခံစားကြည့်ပါဦး။

Zawgyi

မင္းသား ေကာလင္းဖာရဲလ္နဲ႔ မင္းသမီး ကီရာႏိုက္တေလ တို႔အဓိကပါဝင္ထားတဲ့ Crime , Drama အမ်ိဳးအစား ဇာတ္ကားျဖစ္ပါတယ္။Mitch အျဖစ္သ႐ုပ္ေဆာင္ထားတဲ့ Colin Farrell ဟာ Pentonville အက်ဥ္းေထာင္ကေန ေလာေလာလတ္လတ္ ထြက္လာသူပါ။

႐ိုး႐ိုးသားသားပဲ ဘဝကို ျဖတ္သန္းေတာ့မယ္ဆိုတဲ့ စိတ္ကူးေတြ အျပည့္နဲ႔ေပါ့။ဒါေပမယ့္ ႐ုတ္တရက္ဆိုသလိုပဲ ကြၽန္ေတာ္တို႔ရဲ႕ ျပစ္ခ်က္ေတြနဲ႔ သူရဲေကာင္းႀကီးဟာေ႐ြးခ်ယ္ရခက္တဲ့ အေနအထားတစ္ခုထဲကို အမွတ္မထင္ေရာက္ရွိသြားပါတယ္။

Mitch တစ္ေယာက္ သူ႔ရဲ႕ရည္႐ြယ္ရင္းကေန ေသြဖယ္ၿပီးအၾကမ္းဖက္မႈေတြ ျပည့္ႏွက္ေနတဲ့ ဒုစ႐ိုက္အေမွာင္ေလာကထဲကို ျပန္ဆြဲသြင္းခံရသင့္သလား…ဒါမွမဟုတ္ Keira Knightley သ႐ုပ္ေဆာင္ထားတဲ့ ခပ္ေပ်ာ့ေပ်ာ့ စူပါစတား ေကာင္မေလး Charlotte ေရွ႕မွာမားမားမတ္မတ္ရပ္တည္ေပးၿပီး ပါပါရာဇီေတြရန္ကေန ကာကြယ္ေပးရမယ့္ သတၱိခဲကိုယ္ရံေတာ္ပဲ ျဖစ္သင့္သလား..

ေကာင္မေလးအတြက္ အသက္ကိုေပးဆပ္ၿပီးကာကြယ္ရမယ့္ သူရဲေကာင္းႀကီး ျဖစ္လာသင့္သလား…ဆိုတာကိုပရိသတ္ႀကီးက ဆက္လက္ရႈစားၾကရမွာ ျဖစ္ပါတယ္။
ဒီဇာတ္ကားဟာ Ken Bruen ရဲ႕ဝတၳဳ London Boulevard ကိုအေျခခံၿပီး ဒါ႐ိုက္တာ William Monahan က႐ိုက္ကူးထားတာျဖစ္ပါတယ္။

ဇာတ္ကားရဲ႕ အစပိုင္းမွာ တကယ္ေကာင္းတဲ့ အိုင္ဒီယာေတြ စိတ္ဝင္စားဖြယ္အရာေတြနဲ႔ အားစိုက္ထားတာ ေတြ႕ရၿပီးေနာက္ပိုင္း အၾကမ္းဖက္ခန္းေတြကေတာ့ အနည္းငယ္ ၿငီးေငြ႕ဖို႔ေကာင္းတယ္လို႔ ေျပာၾကပါတယ္။

ဒါေပမယ့္ ဂႏၲဝင္ဆန္ဆန္ Charlotte ရဲ႕ အက်င့္စ႐ိုက္ေတြကို Mitch ရဲ႕ခပ္ၾကမ္းၾကမ္း ကာ႐ိုက္တာနဲ႔ ေပးထိေတြ႕ထားပုံကတမ်ိဳးတဖုံ စိတ္ဝင္စားဖြယ္ေကာင္းေနခဲ့ပါတယ္။ၿဗိတိန္ရဲ႕ Classic ဆန္တဲ့ အေငြ႕အသက္ တခ်ိဳ႕ကို အၾကမ္းဖက္မႈေတြနဲ႔ ေပါင္းစပ္ထားပုံကလည္း ဘာမွန္းမသိတဲ့ ရသတစ္ခုကို ေပးစြမ္းေစႏိုင္ခဲ့ပါတယ္။ခံစားၾကည့္ပါဦး။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *