Love 911 (2012)

18366
Share
Copy the link

ကိုရီးယားတွေကဟာသကားဆိုလဲရယ်ရအောင်ရိုက်သလိုဟာသကားတွေထဲမှာတစ်ခါတစ်ခါ ဒရာမာအချိုးလေးတွေပစ်ပစ်ထည့်တတ်ပါတယ်။အဲ့လိုကားမျိုးတွေကြည့်ရတဲ့အခါ ဟင်းမျိုးစုံချထားတဲ့ ထမင်းဝိုင်းထဲမှာ ထမင်းစားရသလိုမျိုးခံစားရပါတယ်။

အချိုလေးလဲပါတယ် အစပ်ကလေးလဲပါတယ် အချဉ်အငန်ကလဲ အပိုအလိုမရှိဒီ Love 911 ဆိုတာကလဲ အဲ့လိုဇာတ်ကားမျိုးပါဇာတ်လမ်းအညွှန်းကတော့ ဂိုမီဆုက နှလုံးခွဲစိတ်ဆရာဝန်မလေးတစ်ယောက်ပါ အရမ်းကိုတော်ပြီး သွက်သွက်လက်လက်နဲ့ ချစ်ဖို့ကောင်းတဲ့ သူပေါ့

ချောင်ဂန်လီကတော့ မီးသတ်သမားဖြစ်ပြီး လူမှုရေးညံ့ဖျင်း စကားကို အပြောအဆိုမတတ် ဘုဘောက်ပြောပြီးနေတတ်တဲ့သူပါတစ်နေ့မှာဂင်မီဆုတို့ဆေးရုံအရေးပေါ်ဌာနကိုလူနာတစ်ယောက် ရောက်လာပါတယ် လူနာက နှလုံးအဆို့ရှင်အစားထိုးထားခဲ့ဖူးတဲ့ လူဖြစ်ပြီးခေါင်းကိုက်တာတွေအဆက်မပြတ်ဖြစ်လာတာကြောင့်အရေးပေါ် ရောက်လာတာပါ

ဒီမှာ ဂိုမီဆုကနှလုံးနဲ့ပတ်သက်တယ်လို့ မှားယွင်းစွာ ဆုံးဖြတ်မိပြီး ဆေးပေးပြီးပြန်လွှတ်လိုက်ပါတယ်ဒီမှာပဲလူနာဟာဆေးရုံရှေ့ပြန်ရောက်ရောက်ချင်းပဲ မေ့လဲသွားပါတယ် သေချာစစ်ကြည့်မှ လူနာဦးနှောက်ထဲမှာသွေးတွေရောက်နေပြီးအရမ်းကို အသက်အန္တရာယ်ရှိတယ်ဆိုတာအဖြေထွက်လာပါတယ်

လူနာရှင်အမျိုးသားကလဲ ဂိုမီဆုကို ပြဿနာရှာဖို့ ပွဲကြမ်းပါပြီ အဲ့မှာပဲ မင်းသားတို့ မီးသတ်တပ်ဖွဲ့ဟာရောက်လာခဲ့ပြီး ဝင်တားရာက ချောင်ဂန်လီဟာလူနာရှင်အမျိုးသားကြောင့် ဒဏ်ရာရသွားပါတယ် ဒီနောက်မှတော့လူနာရှင်က ဂိုမီဆိုကိုတရားစွဲဆိုပါတယ်

ဆေးရုံကလဲ ဂိုမီဆုကို ၃နှစ်ဆေးကုသခွင့်ပိတ်ထားခဲ့ပြီး ဂိုမီဆုသူငယ်ချင်းပါ အဆစ်ပါသွားပါတယ် ဒါကိုဂိုမီဆုရှေ့နေက အကြမ်းဖက်ခံရတဲ့ မီးသတ်သမားကိုရှာပြီး ထိုလူကိုပြန်တရားစွဲခိုင်းမှသာဂိုမီဆုတို့ဘက်ကအသာစီးရမယ်လို့ပြောတာကြောင့် ဂိုမီဆုမှာ ချောင်ဂန်လီကို ကပ်ရပါတော့တယ်

အကြံနဲ့ချဉ်းကပ်ခဲ့ပေမယ့် တကယ်တမ်း ချောင်ဂန်လီရဲ့စိတ်ထားကို မြင်လာတဲ့အခါ တကယ်ချစ်မိသွားပါတယ်နောက်ပိုင်းမှာတော့ ဂိုမီဆုဆေးမှားကုလိုက်တဲ့လူနာကပိုဆိုးလာတဲ့အခါ. ဂိုမီဆုရဲ့ ဆရာဝန်လိုင်စင်ကပြုတ်လုလုဖြစ်လာပါတယ် ဒါကို ဂိုမီဆုဘယ်လိုဖြေရှင်းမလဲဆိုတာကိုဆက်ကြည့်လိုက်ပါဦး

Zawgyi








megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *