Love Sarah (2020)
17353ယခုတစ်တင်ဆက်ပေးမယ့်ဇာတ်ကားကတော့ Love sarah ဆိုတဲ့ drama ကားလေးပါ။ 2020 ကမှထွက်ထားပြီးတော့ imdb 6 အထိရရှိထားပါတယ်။ဇာတ်လမ်းလေးကတော့ ဆုံးသွားတဲ့အမေဆန္ဒကိုဖြည့်စည်းပေးပြီးတော့ အဖွားနဲ့အတူတူကြိုးစားဖို့အတွက်လုပ်နေတဲ့ ကောင်မလေးတစ်ယောက်အကြောင်းရိုက်ထားတာပါ။
ကောင်မလေးနာမည်ကတော့ ကက်စီရာပါ။ သူက ဘဲလေးအကသင်တန်းမှာ တက်ရောက်နေသူဖြစ်ပြီးတော့ မိဘတွေမရှိတော့ ခိုကိုးရာမဲ့နေပါတယ်။ ဒီတော့သူက နေထိုင်အဖို့သူ့ကောင်လေးအိမ်မာကပ်နေတာပါ။
ဒါပေမယ့် သူ့ကောင်လေးနဲ့အဆင်မပြေတာတွေဖြစ်လာတော့သူမက သူမရဲ့အမေ ဆာရာဖွင့်ဖို့အတွက်ပြင်ဆင်ထားခဲ့တဲ့ ဆိုင်ခန်းအဟောင်းလေးမှာအိပ်ခဲ့ပါတယ်။ ဒါပေမယ့်ရဲတွေကရှာဖွေတွေ့ရှိခဲ့တော့ ဆာရာရဲ့သူငယ်ချင်း အစ်စဘယ်လာဆီကိုဆက်သွယ်ခဲ့ပါတယ်။
ဒီလိုနဲ့ အစ်စဘယ်လာက ကက်စီရာကိုနိုးပြီးတော့ အကျိုးအကြောင်းမေးမြန်းခဲ့တော့ သူ့ရဲ့အိမ်မှာလိုက်နေဖို့ ကက်စီရာက ပူဆာခဲ့ပါတယ်။ ဒါပေမယိ့ အိမ်ကကျဥ်းတော့ သူ့အတွက်အဆင်မပြေခဲ့ပါဘူး။ ဒီလိုနဲ့ ကက်စီရာရဲ့ အဖွားအိမ်ကိုခေါ်သွားပါတော့တယ်။
ဒီလိုနဲ့ပဲကက်စီရာက သူ့အမေအကြောင်းကိုအဖွားဆီစကားစမြည်ပြောလိုက်တဲ့အခါကောင်မလေးစိတ်ထဲမှာ သူ့အမေဆန္ဒတွေကိုဖြည့်ဆည်းချင်စိတ်တွေပေါ်ပေါက်လာခဲ့ပါတယ်။
ဒီလိုနဲ့ပဲနောက်နေ့မှာ အစ်စဘယ်လာဆီကိုသွားပြီးတော့ ကိတ်မုန့်ဆိုင်အကြောင်းတိုင်ပင်ခဲ့ပါတယ်။ ဒါပေမယ့်သူတို့တွေအတွက်ငွေလိုအပ်လာပါတော့ ကိတ်မုန့်ဖုတ်တက်တဲ့သူတစ်ယောက်လည်းလိုအပ်လာပါတယ်။ ဒီလိုနဲ့သူတို့တွေ လိုအပ်တာတွေကိုရသွားပြီချိန်မှာ ကိတ်မုန့်ဖုတ်တဲ့သူက ဆာရာရဲ့ရည်းစားဟောင်းဖြစ်နေတာပါ။
ဆာရာရဲ့ရည်းစားဟောင်းက ကောင်မလေးကို သူ့သမီးလို့ထင်မှတ်နေခဲ့ပါတယ်။ အမေ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးချင်တဲ့သမီးလေး၊ သမီးကိုဆုံးရှုံးပြီးမှအလိုလိုက်ဖို့အတွက်နောင်တရတဲ့အဖွား၊ ဆာရာရဲ့ အချစ်ဆုံးသူငယ်ချင်း.. အစ်စဘယ်လာ၊ ကက်စီရာကိုသမီးလို့ထင်နေတဲ့ မက်သရူး၊ သူတို့တွေဘယ်လိုဆုံစည်းပြီးတော့ ဘယ်လို ဇာတ်လမ်းတွေဖြစ်ကြမလည်းဆိုတာတော့ ဇာတ်လမ်းလေးကိုပဲကြည့်ရှုခံစားလိုက်ပါ။
Zawgyi
ယခုတစ္တင္ဆက္ေပးမယ့္ဇာတ္ကားကေတာ့ Love sarah ဆိုတဲ့ drama ကားေလးပါ။ 2020 ကမွထြက္ထားၿပီးေတာ့ imdb 6 အထိရရွိထားပါတယ္။ဇာတ္လမ္းေလးကေတာ့ ဆုံးသြားတဲ့အေမဆႏၵကိုျဖည့္စည္းေပးၿပီးေတာ့ အဖြားနဲ႔အတူတူႀကိဳးစားဖို႔အတြက္လုပ္ေနတဲ့ ေကာင္မေလးတစ္ေယာက္အေၾကာင္း႐ိုက္ထားတာပါ။
ေကာင္မေလးနာမည္ကေတာ့ ကက္စီရာပါ။ သူက ဘဲေလးအကသင္တန္းမွာ တက္ေရာက္ေနသူျဖစ္ၿပီးေတာ့ မိဘေတြမရွိေတာ့ ခိုကိုးရာမဲ့ေနပါတယ္။ ဒီေတာ့သူက ေနထိုင္အဖို႔သူ႔ေကာင္ေလးအိမ္မာကပ္ေနတာပါ။
ဒါေပမယ့္ သူ႔ေကာင္ေလးနဲ႔အဆင္မေျပတာေတြျဖစ္လာေတာ့သူမက သူမရဲ႕အေမ ဆာရာဖြင့္ဖို႔အတြက္ျပင္ဆင္ထားခဲ့တဲ့ ဆိုင္ခန္းအေဟာင္းေလးမွာအိပ္ခဲ့ပါတယ္။ ဒါေပမယ့္ရဲေတြကရွာေဖြေတြ႕ရွိခဲ့ေတာ့ ဆာရာရဲ႕သူငယ္ခ်င္း အစ္စဘယ္လာဆီကိုဆက္သြယ္ခဲ့ပါတယ္။
ဒီလိုနဲ႔ အစ္စဘယ္လာက ကက္စီရာကိုႏိုးၿပီးေတာ့ အက်ိဳးအေၾကာင္းေမးျမန္းခဲ့ေတာ့ သူ႔ရဲ႕အိမ္မွာလိုက္ေနဖို႔ ကက္စီရာက ပူဆာခဲ့ပါတယ္။ ဒါေပမယိ့ အိမ္ကက်ဥ္းေတာ့ သူ႔အတြက္အဆင္မေျပခဲ့ပါဘူး။ ဒီလိုနဲ႔ ကက္စီရာရဲ႕ အဖြားအိမ္ကိုေခၚသြားပါေတာ့တယ္။
ဒီလိုနဲ႔ပဲကက္စီရာက သူ႔အေမအေၾကာင္းကိုအဖြားဆီစကားစျမည္ေျပာလိုက္တဲ့အခါေကာင္မေလးစိတ္ထဲမွာ သူ႔အေမဆႏၵေတြကိုျဖည့္ဆည္းခ်င္စိတ္ေတြေပၚေပါက္လာခဲ့ပါတယ္။
ဒီလိုနဲ႔ပဲေနာက္ေန႔မွာ အစ္စဘယ္လာဆီကိုသြားၿပီးေတာ့ ကိတ္မုန္႔ဆိုင္အေၾကာင္းတိုင္ပင္ခဲ့ပါတယ္။ ဒါေပမယ့္သူတို႔ေတြအတြက္ေငြလိုအပ္လာပါေတာ့ ကိတ္မုန္႔ဖုတ္တက္တဲ့သူတစ္ေယာက္လည္းလိုအပ္လာပါတယ္။ ဒီလိုနဲ႔သူတို႔ေတြ လိုအပ္တာေတြကိုရသြားၿပီခ်ိန္မွာ ကိတ္မုန္႔ဖုတ္တဲ့သူက ဆာရာရဲ႕ရည္းစားေဟာင္းျဖစ္ေနတာပါ။
ဆာရာရဲ႕ရည္းစားေဟာင္းက ေကာင္မေလးကို သူ႔သမီးလို႔ထင္မွတ္ေနခဲ့ပါတယ္။ အေမ့ရဲ႕ဆႏၵကိုျဖည့္ဆည္းေပးခ်င္တဲ့သမီးေလး၊ သမီးကိုဆုံးရႈံးၿပီးမွအလိုလိုက္ဖို႔အတြက္ေနာင္တရတဲ့အဖြား၊ ဆာရာရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္း.. အစ္စဘယ္လာ၊ ကက္စီရာကိုသမီးလို႔ထင္ေနတဲ့ မက္သ႐ူး၊ သူတို႔ေတြဘယ္လိုဆုံစည္းၿပီးေတာ့ ဘယ္လို ဇာတ္လမ္းေတြျဖစ္ၾကမလည္းဆိုတာေတာ့ ဇာတ္လမ္းေလးကိုပဲၾကည့္ရႈခံစားလိုက္ပါ။


(Users Drive) Large Size ~ Download
(Users Drive) Small Size ~ Download