Luck-Key (2016)

15665
Share
Copy the link

ယွန်းဂျယ်ဆောင်းဆိုတဲ့လူငယ်လေးတစ်ယောက်ဟာအလုပ်မှန်သမျှာမှာလည်း မအောင်မြင် အကြွေးတွေကလည်း ပတ်လည်ဝိုင်း ဂရုစိုက်မယ့်သူလည်းမရှိ တွယ်ရမဲ့စုတ်ပြတ်နေတဲ့ဘဝကြောင့် ကိုယ့်ကိုကိုယ် သတ်သေဖို့အထိတောင်ကြိုးစားဖူးတယ်…သို့ပေမယ့် မလုပ်ဖြစ် ဒီလိုနဲ့ တစ်နေ့တော့ အများသုံးရေချိုးကန်ကိုသွားရေချိုးဖြစ်တယ်…

သူရေသွားချိုးတဲ့အချိန် လူတစ်ယောက်ကိုသတိထားမိသွားတယ်… အဝတ်အစားနဲ့ ပတ်တဲ့နာရီကိုကြည့်ရုံနဲ့ အရမ်းချမ်သာပုံရတဲ့လူတစ်ယောက်ကိုဆိုပါတော့… အဲ့ဒီလူဟာ တိုက်ဆိုင်စွာပဲ ရေချိုးခန်းထဲမှာ ဆပ်ပြာတုံးတစ်တုံးကြောင့် လဲကျပြီး ခေါင်းနဲ့ကြမ်းပြင်ကိုရိုက်မိကာဆေးရုံရောက်သွားတယ်…

စိတ်ဓာတ်ပျက်ယွန်းဂျယ်ဆောင်းတစ်ယောက် လဲကျနေတဲ့သူရဲ့ရေချိုးခန်းအဝတ်အစားထားတဲ့အခန်းသော့ကို ချက်ချင်းလဲလိုက်တယ်..တခြားသူက ဆေးရုံရောက်သွားပေမယ့် ယွန်းဂျယ်ဆောင်းအတွက်တကယ့်ပွပေါက်ပဲ…

နာရီအကောင်းစား ပိုက်ဆံအိပ်ထဲလည်း ပိုက်ဆံအပြည့်ပါတဲ့အပြင်ကားအကောင်းစားရဲ့ GPS ကလည်း တန်ဘိုးကြီးမြင့်လွန်းတဲ့အိမ်ဆီကိုရောက်သွားစေတယ်… ယွန်းဂျယ်ဆောင်းဟာ ပစ္စည်းတွေပြန်ပေးဖို့လုပ်ပေမယ့် ပိုင်ရှင်ဖြစ်တဲ့သူဟာ ကြမ်းပြင်နဲ့ရိုက်မိတဲ့ဒဏ်ကြောင့် အတိတ်မေ့သွားတယ်…

ပြောရရင် လူချင်းချိန်းလိုက်သလိုဖြစ်သွားတာကို အခွင့်ကောင်းယူပြီး ယွန်းဂျယ်ဆောင်းဟာ တခြားသူတိုက်ခန်းမှာ ခပ်တည်တည်သွားနေလေရဲ့…သူ့အပျော်တွေဟာ သိပ်တော့ကြာကြာမခံပါဘူး…

တိုက်ခန်းပိုင်ရှင်ဖြစ်တဲ့အတိတ်မေ့နေတဲ့သူဟာလက်နက်ပေါင်းစုံ လူမိုက်တွေနဲ့ဆက်သွယ်ထားတဲ့ အချက်အလက်ပေါင်းစုံPassport ပေါင်းများစွာရှိနေတဲ့ ကြေးစားလူသတ်သမားအဖြစ်သိရှိပြီးတဲ့နောက်ယွန်းဂျယ်ဆောင်းတစ်ယောက် ဘယ်လိုရှေ့ဆက်မလဲ…

အတိတ်မေ့သွားတဲ့ လူမိုက်ကြီးကရော ဘယ်လိုရှေ့ဆက်မလဲ…ဘယ်လိုအန္တရယ်တွေကရော သူတို့ကို ဆီးကြိုနေမလဲ…ကိုင်း အက်ရှင်ကားကြိုက်တဲ့သူတွေ ခံစားကြည့်လိုက်ပါဦးဗျို့….

Zawgyi








megaup.net (Megaup.net) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *