Maharshi (2019)

20613
Share
Copy the link

2018မှာ ဝန်ကြီးချုပ်ဇာတ်ရုပ်နဲ့ မြင်တွေ့ခဲ့ရတဲ့မာဟေ့ရှ်ဘာဘူကို Maharahi-2019မှာတော့ ဇာတ်ရုပ်အမျိုးမျိုးနဲ့ တွေ့မြင်ရမှာပါ။မင်းသမီးချောကတော့ တေလဂူးအချစ်ဇာတ်လမ်းကြိုက်သူတွေ သိပြီးသားဖြစ်မှာပါ။ဇာတ်ရုပ်အမျိုးမျိုးနဲ့ အတူ ခွန်အားတွေ၊ရသတွေကိုလည်းပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဆိုရင်မမှားပါဘူး။

ဇာတ်လမ်းက ရှည်လျားပေမဲ့ဘယ်နေရာမှာမှ ပိုနေတဲ့ ဇာတ်ဝင်ခန်း မတွေ့မိပါဘူး။ကဲ အဆင်ပြေရင် အညွန်းလေး တစ်ချက် လာမယ်။—————————————————မာဟေ့ရှ်ကို ဇာတ်လမ်းရဲ့ စစချင်းမှာနာမည်ကြီး ကုမ္ပဏီတစ်ခုရဲ့စီအီးအိုအဖြစ်ရွေးချယ်ခံရတယ်ဆိုတာတွေကို ရှေးဦးစွာမြင်ရမှာပါ။

သူဟာ ဒီလို ဘဝရောက်ခဲ့ဖို့ ကြိုးစားခဲ့ရတဲ့အခြေခံဘဝကလည်း ဆိုးရွားခဲ့ပါတယ်။ဒါကြောင့်လည်း သူ ဖြစ်ချင်ခဲ့တာကို ကြိုးစားပြီးဖြစ်ခွင့်ရခဲ့တာပါ။ကျောင်းသားဘဝမှာ လွမ်းဆွေးစရာတွေ၊ပြန်မရနိုင်တဲ့ သူငယ်ချင်းကောင်းတွေ၊အချစ်ရေးတွေနဲ့။ကူညီပေးခဲ့တဲ့ ဆရာတွေနဲ့။မိသားစုဖက်မှာဆိုရင် ပြန်တောင်းလို့မရနိုင်တော့တဲ့ နောင်တတွေနဲ့။

ဒါပေမဲ့ သူ.. အောင်မြင်မှုတစ်ခုတည်း အတွက်ဘဝကို ရုန်းကန်လာတဲ့အခါလက်လွှတ်ခဲ့ရတာတွေလည်း အများသား။အောင်မြင်တယ်ဆိုတာကို ငွေတစ်ခုနဲ့ပဲ ဆုံးဖြတ်ကြတာလား … ။အဖက်ဖက်မှာ အောင်မြင်ဖို့ဆိုတာလည်းသူ့အတွက် မလွယ်လှ။

မိဘ…၊ ချစ်သူ…၊ သူငယ်ချင်း..၊ အောင်မြင်မှုဘာတွေဟာ အရေးပါခဲ့လဲ သူမသိခဲ့။အတိတ်ကို ပြန်တွေးရင် တွေးလေ ဆွေးစရာတွေနဲ့ပဲပြည့်နေတဲ့ သူ့ရဲ့ အောင်မြင်မှု၊ဖြစ်သင့်တာကို ဦးစားပေးရင်ဖြစ်ချင်တာကိုလည်း လုပ်ရဦးမယ်မလား။နှလုံးသားရဲ့ လိုအင်ကို ချိုချဉ်ကျွေးပြီးလျှိုထားချင်လို့မှ မရဘဲ။

ကဲ ရီရှီဆိုတဲ့ ကမ္ဘာ့ထိပ်သီးကုမ္ပဏီ အော်ရီဂျင်ရဲ့စီအီးအို… ခရီးဆက်ပါပြီ။——————————————————ဒီဇာတ်ကားထဲမှာတော့ မိဘနဲ့ သားသမီး၊သူငယ်ချင်းကောင်းစိတ်ဓာတ်၊အချစ်ရေးတွေအပြင်အိန္ဒိယနိုင်ငံရဲ့ အခြေခံလူတန်းစားတွေရဲ့ဘဝကိုပါ နိုင်ငံရေးနဲ့တွဲပြီး မြင်ရမှာပါ။

ဇာတ်လမ်းထဲ အကြောင်းအရာများပြီးအကြောင်းရင်းတစ်ခုစီမှာရသတစ်ခု ပေးထားတယ်လို့ မြင်မိပါတယ်။တေလဂူး ပြည်နယ်ဇာတ်ကားမို့ သူတို့ရဲ့ သဘာဝအတိုင်း အချစ်၊ ဘဝသရုပ်ဖော် စတာတွေနဲ့ပြည့်နှက်နေပြီး အက်ရှင်၊အကတွေလည်း ပါပါသေးတယ်။

အက်ရှင်တွေမှာ အိုဗာတွေပါတာတော့သူတို့ရဲ့ သဘာဝမို့ နားလည်ကြည့်ရမှာပါ။ဒီဇာတ်ကားဟာ အိန္ဒိယဇာတ်ကားအများစုအားရစရာမရှိတဲ့ 2019ခုနှစ်မှာတော့ကျေနပ်စရာ ဇာတ်ကားတစ်ကား အဖြစ် မြင်မိပါတယ်။

Zawgyi

2018မွာ ဝန္ႀကီးခ်ဳပ္ဇာတ္႐ုပ္နဲ႔ ျမင္ေတြ႕ခဲ့ရတဲ့မာေဟ့ရွ္ဘာဘူကို Maharahi-2019မွာေတာ့ ဇာတ္႐ုပ္အမ်ိဳးမ်ိဳးနဲ႔ ေတြ႕ျမင္ရမွာပါ။မင္းသမီးေခ်ာကေတာ့ ေတလဂူးအခ်စ္ဇာတ္လမ္းႀကိဳက္သူေတြ သိၿပီးသားျဖစ္မွာပါ။ဇာတ္႐ုပ္အမ်ိဳးမ်ိဳးနဲ႔ အတူ ခြန္အားေတြ၊ရသေတြကိုလည္းေပးစြမ္းႏိုင္တဲ့ ဇာတ္ကားေကာင္းတစ္ကားဆိုရင္မမွားပါဘူး။

ဇာတ္လမ္းက ရွည္လ်ားေပမဲ့ဘယ္ေနရာမွာမွ ပိုေနတဲ့ ဇာတ္ဝင္ခန္း မေတြ႕မိပါဘူး။ကဲ အဆင္ေျပရင္ အၫြန္းေလး တစ္ခ်က္ လာမယ္။—————————————————မာေဟ့ရွ္ကို ဇာတ္လမ္းရဲ႕ စစခ်င္းမွာနာမည္ႀကီး ကုမၸဏီတစ္ခုရဲ႕စီအီးအိုအျဖစ္ေ႐ြးခ်ယ္ခံရတယ္ဆိုတာေတြကို ေရွးဦးစြာျမင္ရမွာပါ။

သူဟာ ဒီလို ဘဝေရာက္ခဲ့ဖို႔ ႀကိဳးစားခဲ့ရတဲ့အေျခခံဘဝကလည္း ဆိုး႐ြားခဲ့ပါတယ္။ဒါေၾကာင့္လည္း သူ ျဖစ္ခ်င္ခဲ့တာကို ႀကိဳးစားၿပီးျဖစ္ခြင့္ရခဲ့တာပါ။ေက်ာင္းသားဘဝမွာ လြမ္းေဆြးစရာေတြ၊ျပန္မရႏိုင္တဲ့ သူငယ္ခ်င္းေကာင္းေတြ၊အခ်စ္ေရးေတြနဲ႔။ကူညီေပးခဲ့တဲ့ ဆရာေတြနဲ႔။မိသားစုဖက္မွာဆိုရင္ ျပန္ေတာင္းလို႔မရႏိုင္ေတာ့တဲ့ ေနာင္တေတြနဲ႔။

ဒါေပမဲ့ သူ.. ေအာင္ျမင္မႈတစ္ခုတည္း အတြက္ဘဝကို ႐ုန္းကန္လာတဲ့အခါလက္လႊတ္ခဲ့ရတာေတြလည္း အမ်ားသား။ေအာင္ျမင္တယ္ဆိုတာကို ေငြတစ္ခုနဲ႔ပဲ ဆုံးျဖတ္ၾကတာလား … ။အဖက္ဖက္မွာ ေအာင္ျမင္ဖို႔ဆိုတာလည္းသူ႔အတြက္ မလြယ္လွ။

မိဘ…၊ ခ်စ္သူ…၊ သူငယ္ခ်င္း..၊ ေအာင္ျမင္မႈဘာေတြဟာ အေရးပါခဲ့လဲ သူမသိခဲ့။အတိတ္ကို ျပန္ေတြးရင္ ေတြးေလ ေဆြးစရာေတြနဲ႔ပဲျပည့္ေနတဲ့ သူ႔ရဲ႕ ေအာင္ျမင္မႈ၊ျဖစ္သင့္တာကို ဦးစားေပးရင္ျဖစ္ခ်င္တာကိုလည္း လုပ္ရဦးမယ္မလား။ႏွလုံးသားရဲ႕ လိုအင္ကို ခ်ိဳခ်ဥ္ေကြၽးၿပီးလွ်ိဳထားခ်င္လို႔မွ မရဘဲ။

ကဲ ရီရွီဆိုတဲ့ ကမာၻ႔ထိပ္သီးကုမၸဏီ ေအာ္ရီဂ်င္ရဲ႕စီအီးအို… ခရီးဆက္ပါၿပီ။——————————————————ဒီဇာတ္ကားထဲမွာေတာ့ မိဘနဲ႔ သားသမီး၊သူငယ္ခ်င္းေကာင္းစိတ္ဓာတ္၊အခ်စ္ေရးေတြအျပင္အိႏၵိယႏိုင္ငံရဲ႕ အေျခခံလူတန္းစားေတြရဲ႕ဘဝကိုပါ ႏိုင္ငံေရးနဲ႔တြဲၿပီး ျမင္ရမွာပါ။

ဇာတ္လမ္းထဲ အေၾကာင္းအရာမ်ားၿပီးအေၾကာင္းရင္းတစ္ခုစီမွာရသတစ္ခု ေပးထားတယ္လို႔ ျမင္မိပါတယ္။ေတလဂူး ျပည္နယ္ဇာတ္ကားမို႔ သူတို႔ရဲ႕ သဘာဝအတိုင္း အခ်စ္၊ ဘဝသ႐ုပ္ေဖာ္ စတာေတြနဲ႔ျပည့္ႏွက္ေနၿပီး အက္ရွင္၊အကေတြလည္း ပါပါေသးတယ္။

အက္ရွင္ေတြမွာ အိုဗာေတြပါတာေတာ့သူတို႔ရဲ႕ သဘာဝမို႔ နားလည္ၾကည့္ရမွာပါ။ဒီဇာတ္ကားဟာ အိႏၵိယဇာတ္ကားအမ်ားစုအားရစရာမရွိတဲ့ 2019ခုႏွစ္မွာေတာ့ေက်နပ္စရာ ဇာတ္ကားတစ္ကား အျဖစ္ ျမင္မိပါတယ္။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *