Micmacs (2009)

21852
Share
Copy the link

ဘာဇီးလ် ဆိုတဲ့ကောင်လေးရဲ့ ဖခင်စစ်သားဟာ မြေမြှုပ်မိုင်းကြောင့်သေဆုံးသွားပြီးဘာဇီးလ်ရဲ့အမေလည်း ခင်ပွန်းဖြစ်သူကိုဆုံးရှုံးရတဲ့သောကကြောင့်စိတ်ကျန်းမာရေးဆေးရုံကိုရောက်သွားပါတယ်။ဘာဇီးလ်ဟာ မိဘမဲ့ဂေဟာရောက်သွားပြီး တစ်နေ့မှာတော့ ဂေဟာကထွက်ပြေးသွားပါတယ်။

နှစ်၃၀အကြာမှာ ဗီဒီယိုအခွေဆိုင်တစ်ဆိုင်မှာအလုပ်လုပ်နေရင်းလမ်းပေါ်မှာ သေနတ်ပစ်ခတ်သံတွေကြားပြီး ဆိုင်ကိုလာမှန်လို့ထွက်ကြည့်ရာကနေ ခေါင်းကိုကျည်ဆန်မှန်သွားပါတယ်။ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ အသက်မသေဘဲ ခေါင်းထဲမှာကျည်ဆန်ကျန်နေခဲ့ပြီးဆေးရုံကဆင်းလာတဲ့အချိန်မှာတော့ သူ့ရဲ့အလုပ်နေရာကိုအစားထိုးခံလိုက်ရပါတယ်။

သူ့အစားဝင်လုပ်နေတဲ့မိန်းကလေးက ဆိုင်နားမှာပစ်ခတ်မှုဖြစ်တုန်းကကျည်ဆန်တစ်တောင့်ကို ရထားကြောင်း ပြောပြီး ဘာဇီးလ်ကိုပေးလိုက်ပါတယ်။နေစရာမရှိတော့တဲ့ဘာဇီးလ်ဟာ လမ်းပေါ်မှာလှည့်လည်ဖျော်ဖြေရင်း ပိုက်ဆံရှာနေခဲ့ရာကအဖိုးကြီးတစ်ယောက်နဲ့တွေ့ခဲ့ပြီး ဘာဇီးကို သူ့ရဲ့မိသားစုဆီခေါ်သွားခဲ့ပါတယ်။

အဖိုးကြီးရဲ့မိသားစုဟာ ကားသင်္ချိုင်းအပျက်အစီးတွေထဲ အိမ်ဖြစ်အောင်ဖန်တီးပြီးနေထိုင်နေကြတဲ့ အိမ်ခြေရာမဲ့တွဖြစ်ကြပေမယ့် သာမန်လူတွေမဟုတ်ဘဲပစ္စည်းအပျက်တွေသုံးပြီးစက်ပစ္စည်းတွေတီထွင်နိုင်သူ၊ဘယ်အတိုင်းအတာပမာဏကိုမဆို မျက်လုံးနဲ့ကြည့်ရုံနဲ့တိုင်းထွာတတ်သူ၊ခန္ဓာကိုယ်ကို ကောက်ကွေးနိုင်သူ စတဲ့ စွမ်းရည်ကိုယ်စီနဲ့လူထူးဆန်းတွေစုနေကြတာဖြစ်ပါတယ်။

ဘာဇီးဟာ အဲ့မိသားစုနဲ့အတူနေထိုင်ပြီး တွေပစ္စည်းအပျက်လိုက်ကောက်တဲ့အလုပ်ကိုလုပ်ရင်းလမ်းပေါ်မှာ သူရင်းနှီးနေတဲ့တံဆိပ်နှစ်ခုကိုတွေ့လိုက်ရပါတယ်။သူ့အဖေကိုသေစေခဲ့တဲ့မြေမြှုပ်မိုင်းပေါ်က တံဆိပ်နဲ့၊ သူ့ခေါင်းထဲမှာဝင်နေတဲ့ကျည်ဆန်ရဲ့ တံဆိပ်တွေကိုယ်စီနဲ့ မျက်နှာချင်းဆိုင်ရှိနေကြတဲ့ကမ္ဘာ့ထိပ်တန်းလက်နက်ကုမ္ပဏီကြီးနှစ်ခုဖြစ်နေပါတယ်။

အဲ့လက်နက်ကုမ္ပဏီတစ်ခုထဲကိုခိုးဝင်ခဲ့ပြီးနောက် သူတို့ဖြန့်ချီနေတဲ့လက်နက်တွေကြောင့်လူတွေသေကြေဒုက္ခရောက်နေကြတာကို သိသွားရတဲ့ဘာဇီးလ်ဟာသူ့ရဲ့လူထူးဆန်းမိသားစုကိုအကူအညီတောင်းပြီး လက်နက်ကုမ္ပဏီနှစ်ခုရဲ့ပိုင်ရှင်နှစ်ယောက်ကိုသင်ခန်းစာပေးနိုင်ဖို့ အစီအစဥ်ဆွဲပါတော့တယ်။

ဒီကားကတော့ ပြင်သစ်ဇာတ်ကားဖြစ်ပြီး၊ Comedy အမျိုးအစားဖြစ်တာမို့ဟာသလေးတွေနဲ့ ဇာတ်လမ်းပုံစံ သွက်သွက်လက်လက်ပေါ့ပေါ့ပါးပါးဖြစ်ပါတယ်။Hugo ဇာတ်ကားလို fantasy ဆန်ဆန်ကားမျိုး၊Tim Burton ရဲ့ဇာတ်ကားတွေလိုကာတွန်းဆန်သလိုလို ထူးထူးဆန်းဆန်းကားမျိုးကြိုက်တဲ့သူတွေ သဘောကျမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Zawgyi

ဘာဇီးလ္ ဆိုတဲ့ေကာင္ေလးရဲ႕ ဖခင္စစ္သားဟာ ေျမျမႇဳပ္မိုင္းေၾကာင့္ေသဆုံးသြားၿပီးဘာဇီးလ္ရဲ႕အေမလည္း ခင္ပြန္းျဖစ္သူကိုဆုံးရႈံးရတဲ့ေသာကေၾကာင့္စိတ္က်န္းမာေရးေဆး႐ုံကိုေရာက္သြားပါတယ္။ဘာဇီးလ္ဟာ မိဘမဲ့ေဂဟာေရာက္သြားၿပီး တစ္ေန႔မွာေတာ့ ေဂဟာကထြက္ေျပးသြားပါတယ္။

ႏွစ္၃၀အၾကာမွာ ဗီဒီယိုအေခြဆိုင္တစ္ဆိုင္မွာအလုပ္လုပ္ေနရင္းလမ္းေပၚမွာ ေသနတ္ပစ္ခတ္သံေတြၾကားၿပီး ဆိုင္ကိုလာမွန္လို႔ထြက္ၾကည့္ရာကေန ေခါင္းကိုက်ည္ဆန္မွန္သြားပါတယ္။ဒါေပမယ့္ ကံေကာင္းေထာက္မစြာနဲ႔ အသက္မေသဘဲ ေခါင္းထဲမွာက်ည္ဆန္က်န္ေနခဲ့ၿပီးေဆး႐ုံကဆင္းလာတဲ့အခ်ိန္မွာေတာ့ သူ႔ရဲ႕အလုပ္ေနရာကိုအစားထိုးခံလိုက္ရပါတယ္။

သူ႔အစားဝင္လုပ္ေနတဲ့မိန္းကေလးက ဆိုင္နားမွာပစ္ခတ္မႈျဖစ္တုန္းကက်ည္ဆန္တစ္ေတာင့္ကို ရထားေၾကာင္း ေျပာၿပီး ဘာဇီးလ္ကိုေပးလိုက္ပါတယ္။ေနစရာမရွိေတာ့တဲ့ဘာဇီးလ္ဟာ လမ္းေပၚမွာလွည့္လည္ေဖ်ာ္ေျဖရင္း ပိုက္ဆံရွာေနခဲ့ရာကအဖိုးႀကီးတစ္ေယာက္နဲ႔ေတြ႕ခဲ့ၿပီး ဘာဇီးကို သူ႔ရဲ႕မိသားစုဆီေခၚသြားခဲ့ပါတယ္။

အဖိုးႀကီးရဲ႕မိသားစုဟာ ကားသခ်ႋဳင္းအပ်က္အစီးေတြထဲ အိမ္ျဖစ္ေအာင္ဖန္တီးၿပီးေနထိုင္ေနၾကတဲ့ အိမ္ေျခရာမဲ့တြျဖစ္ၾကေပမယ့္ သာမန္လူေတြမဟုတ္ဘဲပစၥည္းအပ်က္ေတြသုံးၿပီးစက္ပစၥည္းေတြတီထြင္ႏိုင္သူ၊ဘယ္အတိုင္းအတာပမာဏကိုမဆို မ်က္လုံးနဲ႔ၾကည့္႐ုံနဲ႔တိုင္းထြာတတ္သူ၊ခႏၶာကိုယ္ကို ေကာက္ေကြးႏိုင္သူ စတဲ့ စြမ္းရည္ကိုယ္စီနဲ႔လူထူးဆန္းေတြစုေနၾကတာျဖစ္ပါတယ္။

ဘာဇီးဟာ အဲ့မိသားစုနဲ႔အတူေနထိုင္ၿပီး ေတြပစၥည္းအပ်က္လိုက္ေကာက္တဲ့အလုပ္ကိုလုပ္ရင္းလမ္းေပၚမွာ သူရင္းႏွီးေနတဲ့တံဆိပ္ႏွစ္ခုကိုေတြ႕လိုက္ရပါတယ္။သူ႔အေဖကိုေသေစခဲ့တဲ့ေျမျမႇဳပ္မိုင္းေပၚက တံဆိပ္နဲ႔၊ သူ႔ေခါင္းထဲမွာဝင္ေနတဲ့က်ည္ဆန္ရဲ႕ တံဆိပ္ေတြကိုယ္စီနဲ႔ မ်က္ႏွာခ်င္းဆိုင္ရွိေနၾကတဲ့ကမာၻ႔ထိပ္တန္းလက္နက္ကုမၸဏီႀကီးႏွစ္ခုျဖစ္ေနပါတယ္။

အဲ့လက္နက္ကုမၸဏီတစ္ခုထဲကိုခိုးဝင္ခဲ့ၿပီးေနာက္ သူတို႔ျဖန္႔ခ်ီေနတဲ့လက္နက္ေတြေၾကာင့္လူေတြေသေၾကဒုကၡေရာက္ေနၾကတာကို သိသြားရတဲ့ဘာဇီးလ္ဟာသူ႔ရဲ႕လူထူးဆန္းမိသားစုကိုအကူအညီေတာင္းၿပီး လက္နက္ကုမၸဏီႏွစ္ခုရဲ႕ပိုင္ရွင္ႏွစ္ေယာက္ကိုသင္ခန္းစာေပးႏိုင္ဖို႔ အစီအစဥ္ဆြဲပါေတာ့တယ္။

ဒီကားကေတာ့ ျပင္သစ္ဇာတ္ကားျဖစ္ၿပီး၊ Comedy အမ်ိဳးအစားျဖစ္တာမို႔ဟာသေလးေတြနဲ႔ ဇာတ္လမ္းပုံစံ သြက္သြက္လက္လက္ေပါ့ေပါ့ပါးပါးျဖစ္ပါတယ္။Hugo ဇာတ္ကားလို fantasy ဆန္ဆန္ကားမ်ိဳး၊Tim Burton ရဲ႕ဇာတ္ကားေတြလိုကာတြန္းဆန္သလိုလို ထူးထူးဆန္းဆန္းကားမ်ိဳးႀကိဳက္တဲ့သူေတြ သေဘာက်မယ့္ဇာတ္ကားတစ္ကားျဖစ္ပါတယ္။

mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

upstream.to (Up Stream) Large Size ~ Download

upstream.to (Up Stream) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *