Midnight in Paris

11481
Share
Copy the link

City oF Lightလို့ သမုတ်ကြတဲ့ ပါရီ ပဲရစ်မြို့အကြောင်း….အဲ့ဒီမြို့ကလေးက ယွင်းယိုပျက်စီးခြင်းမရှိသေးတဲ့အတိတ်တွေအကြောင်း…အဲ့ဒီမြို့ကလေးကစာရေးဆရာ၊ပန်းချီဆရာ အနုပညာသည်တွေအကြောင်းအဲ့ဒီမြို့ကလေးက ရွေးချယ်မှုတွေအကြောင်း ပြောပြချင်တယ်…. ။ အဲ့ဒီမြို့ကလေးဟာ အောက်ဆုံးဘဝမှာတောင်အပျော်ဆုံးဘဝတစ်ခုတည်နိုင်လေမဲ့ နိဗ္ဗာန်ငယ်လေးတစ်ခု..နေခြည်အောက်မှာပဲတည်တည်မိုးမှုန်အောက်မှာပဲတည်တည် အဲ့ဒီမြို့ကလေးရဲ့အလင်းဟာ စကြဝဋ္ဌာထဲ အထင်ရှာဆုံးလို့ ဆိုကြတယ်။ဘာရယ်ကြောင့် ပဲရစ်ဟာ အနုပညာဆန်စွာခမ်းနားနေတာလဲဆိုရင်ပဲရစ်မှာ မွေးဖွားခဲ့ကြတဲ့ အနုပညာတွေကြောင့်လို့ဖြေမဲ့လူအတော်များလောက်မယ်။ဗင်းဆင့်ဗန်ဂိုး ပေါဂေါ်ဂင် အားနက်စ်ဟဲမင်းဝေး ပက်ဘလိုပီကာဆိုအစရှိသဖြင့် မှတ်ကျောက်အထင်ဆုံးအနုပညာသည်တွေဟာဒီမြို့မှာ အကြီးကျယ်ဆုံးအနုပညာပစ္စည်းတွေကိုမွေးထုတ်ပေးခဲ့တာလို အရာတွေကြောင့်လို့ထင်ရင်ထင်လောက်စရာပါပဲ။ ပသို့ပဲထင်ထင်..ပဲရစ်ဟာ သူ့ချည်းသက်သက်မှာလည်း လမ်းတိုင်း အဆောက်အဦးတိုင်း လမ်းမကျယ်ကြီးတိုင်းက အနုပညာဆန်လွန်းနေပါတယ်။

” နေ့ရက်၊ အချိန်အခါ၊ နေရာ၊ အဆောက်အဦး အရာဝတ္ထုတို့ဟာ
အမှတ်တရတို့ကို သိုလှောင်သိမ်းဆည်းထားနိုင်စွမ်းမရှိဘူးတဲ့” တာရာမင်းဝေရဲ့ ကဗျာအက်ဆေးတစ်ပုဒ်ထဲမှာကျွန်တော် ဖတ်ခဲ့ဖူးတယ်။ဒီ ရုပ်ရှင်မှာတော့…အချိန်အခါ နေရာ အဆောက်အဦးတို့မှာသိုလှောင်သိမ်းဆည်းထားတဲ့ မသေဆုံးတတ်တဲ့အတိတ်အမှတ်တရတို့ကို ချစ်မြတ်တဲ့လူတစ်ယောက်နဲ့သူ့ရွေးချယ်မှုတို့အကြောင်း သူ့အနုပညာအကြောင်းကို
ကျွန်တော်တို့ ခံစားကြရမှာပါ။IMDb Rating – 7.7/10 ရရှိထားပါတယ်။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

userdrive.com (Userdrive) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *