Midnight in the Switchgrass (2021)

12675
Share
Copy the link

တာရာမင်းဝေ ၀တ္တုတိုတစ်ခုထဲ ဖတ်ဖူးတဲ့ဟာပေါ့။ သေချာတော့မမှတ်မိတော့ဘူး။သဘောကတော့ဒီလို အကြီးကျယ်ဆုံး၀တ္တုတွေမှာ အရာသုံးမျိုးပါရတယ်တဲ့။ ခမ်းနားကြီးကျယ်မှု၊ လိင်စေ့ဆော်မှု၊ နောက် သဲထိတ်ရင်ဖိုတဲ့။ ဒီရုပ်ရှင်ဟာ ပထမအချက်က ယွန်းပြီး ကျန်တဲ့နှစ်ချက်ပါတယ်။ဘရုစ်ဝီလ်ကိုလည်း ပြထားပေမယ့်အဓိကဇာတ်ကောင်ကတော့ မီဂန်ဖောက်စ်ပဲ။ မိန်းကလေးလှလှလေးတွေကို ဖမ်းပြီးလှောင်ပိတ်ကစားပြီး လိင်စိတ်ဖြေတဲ့ကွင်းဆက်လူသတ်သမား မုဒိန်းကောင်ကို လိုက်နေတဲ့စုံထောက်မလေးရဲ့ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ဒုတိယအချက်ကို အမိအရသုံးထားတယ်။မှုခင်းရုပ်ရှင် စုံထောက်ရုပ်ရှင်ကြိုက်တဲ့သူတွေကြိုက်မယ့်ကားမျိုးပဲ။ တရားခံကိုတော့ကားအစမှာကတည်းက ဖော်ပြထားလို့သိပ်ပြီးမထူးပေမဲ့ သူပေးတဲ့ သဲထိတ်ရင်ဖိုက တရားခံကို မိ မမိ အပေါ်မှာတော့ မမူတည်ဘူး။ဒါကမြင်နေကြဇာတ်ကွက်ဆိုတော့ သိပ်တော့ရင်ဖိုလှစရာမရှိဘူး။တရားခံဟာလှလွန်းတဲ့ အသွင်ယူရဲမေ မီဂန်ဖောက်စ်ကို ဖမ်းပြီး ခူးဆွတ်ခြွေမွဖို့ ကြံတယ်။ ဒီမှာ ဓားစာခံတွေ သေမလားရှင်မလား ဘာဆက်ဖြစ်မလဲက တဖြည်းဖြည်းနဲ့ရင်ဖိုစရာတော့ကောင်းတယ်။အတိုင်းအတာတစ်ခုအထိ သဲထိတ်ရင်ဖို ရသပေးနိုင်တယ်ပေါ့။ ဒီနှစ်ချက်နဲ့တင် ဒီရုပ်ရှင်ဟာစုံထောက်ရုပ်ရှင် မှုခင်းရုပ်ရှင် ကြိုက်တဲ့သူတွေအတွက် စိတ်ကျေနပ်မှုတစ်ခုတော့ပေးနိုင်မှာပဲ။အထူးသဖြင့် ကြည့်ပျော်တဲ့ကားတောင်အရမ်းရှားနေတဲ့ ဒီကာလထဲမှာပေါ့။တရား၀င်ထွက်ရက်က ဇူလိုင်၂၃ဆိုတော့Rating မရှိသေးဘူး။ ဒါရိုက်တာRandall Emmettကတော့ The Irishmanကားအပါအ၀င်ဘရုစ်ဝီလ်ကား ဆယ်ကားကျော်ကို ပရိုဂျူဆာလုပ်ဖူးတဲ့သူ။ဒါရိုက်တာက ပရိုဂျူဆာလောကကနေ ဒါရိုက်တာဘက် ပထမဆုံးကူးလာတဲ့ကား။သို့ပေမဲ့ ဒါရိုက်တာဟာ ခေသူတော့မဟုတ်ဘူး။ နောက်နှစ်မှာ ရောဘတ်ဒီနဲရိုးနဲ့ပါ wash mein the riverရိုက်ဖို့ရှိတယ်။ မီဂန်ဖောက်စ်ကြောင့်ရောသဲထိတ်ရင်ဖိုရသပေးနိုင်တဲ့ ဇာတ်လမ်းကြောင့်ရောကြည့်ကောင်းတဲ့ စုံထောက်ရုပ်ရှင်ကားအဖြစ်သတ်မှတ်ချင်တယ်။ အရေးအကြီးဆုံးတစ်ချက်တော့ စတားလုံးရဲ့သမီးစစ္စတင်း စတားလုံးလေးလည်း မဆိုသလောက်
ပါထားသေးတယ်။(စာကြွင်း။ ဘာနေနေ မီဂန်ဖောက်စ် ကြမ်းတယ်)

megaup.net (Megaup.net) Large Size ~ Download

uptobox.com (Uptobox) Large Size ~ Download

datbu.com (Datbu) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *