Midnight Sun (2018)

19074
Share
Copy the link

၁၇ နှစ်အရွယ် Katie Price ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ငယ်ငယ်တည်းက ထူးဆန်းတဲ့ရောဂါတစ်ခုကို ခံစားနေရတယ်…အဲ့ဒီရောဂါက အသားအရည်ပေါ် နေရောင်ခြည်လုံးဝကျလို့မရတဲ့ရောဂါပေါ့…အဲ့ဒါကြောင့် သူဟာ အထူးစီမံထားတဲ့ ပြတင်းပေါက်မှန်တွေနောက်မှာပဲ နေပြီး သူ့ဘဝကိုဖြတ်သန်းနေတဲ့မိန်းကလေး…

အပြင်ထွက်လို့မရတဲ့အတွက်..ကျောင်းတက်ဖို့လည်းမဖြစ်နိုင်တော့…သူ့ရဲ့အဖေကပဲ အိမ်မှာ စာသင်ပေးရတယ်လေ…သူ့အဖေကလည်း မိတဆိုး သမီးလေးကိုလုံးဝအရှုံးမပေးတဲ့လူမျိုး…ဖြစ်လာသမျှကိုလက်ခံပြီး အကောင်းဆုံးဖြစ်အောင် သူ့ကိုထားခဲ့တာလေ.…

သူ့မှာ ရှားရှားပါးပါး မော်ဂန်လို့ခေါ်တဲ့ BFF မလေးတစ်ယောက်ရှိတယ်…နောက်တစ်ယောက်ကတော့ မူလတန်းကတည်းက သူ့အိမ်ရှေ့မှာ စကိတ်စီးရင်းဖြတ်သွားဖြတ်လာမြင်နေရတဲ့ ချာလီဆိုတဲ့ကောင်လေး…ဒီကောင်လေးကို သူကကျိတ်ပြီးသဘောကျနေတာ…

ချာလီက သူရှိလို့ရှိမှန်းတောင်မသိဘူး…ဘယ်သိမလဲ …ရောဂါကြောင့်အိမ်တွင်းအောင်းနေရတဲ့ ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ပြတ်နေတဲ့ သနားစရာကောင်မလေးလေ…ဒါပေမယ့် တစ်နေ့တော့ ချာလီနဲ့မထင်မှတ်တဲ့ပုံစံနဲ့ဆုံတွေ့ပြီး ဘာတွေဆက်ဖြစ်ကြမလဲ….

၂၀၁၈ ထွက် ရိုမန်တစ်ဒရာမာကားတစ်ကားဖြစ်ပြီး လူငယ်ကားဆိုပေမယ့် လူကြီးတွေလည်း အကြိုက်တွေ့စေမယ်လို့ထင်ပါတယ်…နောက်တစ်ခုက ကြည့်မယ်ဆိုရင် တစ်ရှူးလေးဆောင်ထားဖို့ ပြောပါရစေ…အခြားမဟုတ်ပါဘူး မျက်ရည်သုတ်ဖို့ပါ…ရယ်ရလို့လား ငိုရလို့လားဆိုတာတော့ ပိတ်ကားပေါ်ဆက်လက် ရှူစားကြပါခင်ဗျာ…

Zawgyi






mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *