Million Dollar Baby (2004)

14072
Share
Copy the link

ဒီနေ့အတွက် 2004 ခုနှစ်က အောင်မြင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားကိုတင်ပေးချင်ပါတယ်။ IMDb rating 8.1/10 အထိရရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။
Million Dollar Baby ဆိုတဲ့ရုပ်ရှင်ဟာ ရိုးစင်းပေမယ့်နက်ရှိုင်းတဲ့အမှန်တရားအပြည့်နဲ့ ဇာတ်လမ်းတစ်ခုပါ။

ဒီဇာတ်လမ်းမှာအသက်ကြီးနေပြီးဖြစ်တဲ့ စကားကိုကန့်လန့်ပြောတတ်တဲ့လက်ဝှေ့ထရိန်နာတစ်ယောက် ရယ်၊ သူ့ရဲ့သူငယ်ချင်း တစ်ချိန်ကအောင်မြင်ခဲ့တဲ့လက်ဝှေ့သမားဟောင်းကြီးပေမယ့် မျက်လုံးတစ်ဖက် ကွယ်ပြီးအားကစားရုံမှာ အောက်ခြေသိမ်းလုပ်နေရတဲ့ သူရယ်၊လက်ဝှေ့သမားတစ်ယောက်ဖြစ်ချင် စိတ်ပြင်းပြပြီး ဇွဲလုံ့လကြီးတဲ့အမျိုးသမီးတစ်ဦးရယ်ကို အဓိကဇာတ်အိမ်တည်ထားတာပါ။

အနှစ်သာရပြည့်ဝတဲ့ နောက်ခံစကားပြောတွေကလည်းဒီဇာတ်ကားရဲ့တစ်ခန်းနဲ့တစ်ခန်းအကူး အပြောင်းကိုမပျင်းရအောင်ခေါ်ဆောင်ပေးသွားမှာပါ။သာမန်လက်ဝှေ့ရုပ်ရှင်တော်တော် များများမှာကတော့အောင်မြင်နေတဲ့လက်ဝှေ့သမားတစ်ယောက်ရဲ့ဘဝတစ်ဆစ်ချိုုးမှာကြုံရတဲ့ဒုက္ခရယ်၊

ဒီဒုက္ခကို ဘယ်လိုကျော်ဖြတ်ပြီးထိပ်ဆုံးကိုပြန်ရောက်သွားသလဲဆိုတာကိုပဲHappy Ending လေးနဲ့သိမ်းထားပေးပြီးကြည့်ရတဲ့သူစိတ်ပျော်အောင်ရိုက်ပြတတ်ကြပါတယ်။ဒီရုပ်ရှင်မှာတော့ အသက် ၃၁ နှစ်မှ သေချာထရိန်နာနဲ့လေ့ကျင့်ခွင့်ရတဲ့၊လက်ဝှေ့ထိုးတာသုံးနှစ်ရှိတာတောင် သဲအိတ်တစ်အိတ်မဝယ်နိုင်တဲ့စားပွဲထိုးမလေးက သူ့ရဲ့အိပ်မက်တွေကို ဘယ်လိုဇွဲနပဲနဲ့အောက်ခြေကနေအဆင့်ဆင့် အကောင်အထည်ဖော်သွားလည်းဆိုတာ တေ့ွရမှာပါ။

ဘဝဆိုတာအနိမ့်အမြင့်အတက်အကျတွေနဲ့ဖွဲ့စည်းထားတဲ့အလျောက်သူ့ရဲ့အောင်မြင်မှုတွေနေဝင်ချိန်မှာထားတဲ့ သူ့ရဲ့စိတ်ဓာတ်နဲ့ခံယူချက်တွေကလည်း တွေးစရာတွေပေးသွားမှာပါ။သူရွေးချယ်လိုက်တဲ့လမ်းဟာ အရှုံးပေးထွက်ခွာခြင်းလား?အနိုင်ပိုင်းထွက်ခွာခြင်းလား?ဒီနှစ်ခုကြားက ကွာခြားချက်ကဘာလဲ?အဲဒါတွေကိုတော့ ကြည့်ရှုတဲ့ပရိတ်သတ်က ဆုံးဖြတ်ရမှာပါ။

ဒီဇာတ်လမ်းကပေးတဲ့ တခြားအတွေးစလေးတွေ ပြောပြချင်ပေမယ့်မကြည့်ရသေးတဲ့သူတွေအတွက် အရသာပေါ့သွားမှာစိုးလို့ဒီအတိုင်းလေးပဲထားလိုက်ပါရစေ။Rotten Tomatoes မှာ 91% တောင် ရထားတဲ့အပြင်IMDB rating ကလည်း 8.1 တောင်ရထားတာမို့လို့ရုပ်ရှင်ကားကောင်းတစ်ကားဆိုတာ ပြောဖို့မလိုတော့ပါဘူး။

လက်ဝှေ့နောက်ခံဇာတ်ကြောင်းကြိုက်တဲ့သူတွေ၊ရုပ်ရှင်တစ်ကားကိုကြည့်ပြီးရင် တွေးစရာကျန်တာကိုသဘောကျတဲ့ရုပ်ရှင်ကြည့်ပရိတ်သတ်တွေ မကြည့်ရသေးရင်ကြည့်သင့်တယ်ဆိုတဲ့အကြောင်းကို ညွှန်းပေးလိုက်ရပါတယ်။

Zawgyi

ဒီေန႔အတြက္ 2004 ခုႏွစ္က ေအာင္ျမင္ခဲ့တဲ့ ဇာတ္ကားေကာင္းတစ္ကားကိုတင္ေပးခ်င္ပါတယ္။ IMDb rating 8.1/10 အထိရရွိထားတဲ့ဇာတ္ကားေကာင္းတစ္ကားလည္းျဖစ္ပါတယ္။
Million Dollar Baby ဆိုတဲ့႐ုပ္ရွင္ဟာ ႐ိုးစင္းေပမယ့္နက္ရႈိင္းတဲ့အမွန္တရားအျပည့္နဲ႔ ဇာတ္လမ္းတစ္ခုပါ။

ဒီဇာတ္လမ္းမွာအသက္ႀကီးေနၿပီးျဖစ္တဲ့ စကားကိုကန႔္လန႔္ေျပာတတ္တဲ့လက္ေဝွ႔ထရိန္နာတစ္ေယာက္ ရယ္၊ သူ႔ရဲ႕သူငယ္ခ်င္း တစ္ခ်ိန္ကေအာင္ျမင္ခဲ့တဲ့လက္ေဝွ႔သမားေဟာင္းႀကီးေပမယ့္ မ်က္လုံးတစ္ဖက္ ကြယ္ၿပီးအားကစား႐ုံမွာ ေအာက္ေျခသိမ္းလုပ္ေနရတဲ့ သူရယ္၊လက္ေဝွ႔သမားတစ္ေယာက္ျဖစ္ခ်င္ စိတ္ျပင္းျပၿပီး ဇြဲလုံ႔လႀကီးတဲ့အမ်ိဳးသမီးတစ္ဦးရယ္ကို အဓိကဇာတ္အိမ္တည္ထားတာပါ။

အႏွစ္သာရျပည့္ဝတဲ့ ေနာက္ခံစကားေျပာေတြကလည္းဒီဇာတ္ကားရဲ႕တစ္ခန္းနဲ႔တစ္ခန္းအကူး အေျပာင္းကိုမပ်င္းရေအာင္ေခၚေဆာင္ေပးသြားမွာပါ။သာမန္လက္ေဝွ႔႐ုပ္ရွင္ေတာ္ေတာ္ မ်ားမ်ားမွာကေတာ့ေအာင္ျမင္ေနတဲ့လက္ေဝွ႔သမားတစ္ေယာက္ရဲ႕ဘဝတစ္ဆစ္ခ်ိဳုးမွာႀကဳံရတဲ့ဒုကၡရယ္၊

ဒီဒုကၡကို ဘယ္လိုေက်ာ္ျဖတ္ၿပီးထိပ္ဆုံးကိုျပန္ေရာက္သြားသလဲဆိုတာကိုပဲHappy Ending ေလးနဲ႔သိမ္းထားေပးၿပီးၾကည့္ရတဲ့သူစိတ္ေပ်ာ္ေအာင္႐ိုက္ျပတတ္ၾကပါတယ္။ဒီ႐ုပ္ရွင္မွာေတာ့ အသက္ ၃၁ ႏွစ္မွ ေသခ်ာထရိန္နာနဲ႔ေလ့က်င့္ခြင့္ရတဲ့၊လက္ေဝွ႔ထိုးတာသုံးႏွစ္ရွိတာေတာင္ သဲအိတ္တစ္အိတ္မဝယ္ႏိုင္တဲ့စားပြဲထိုးမေလးက သူ႔ရဲ႕အိပ္မက္ေတြကို ဘယ္လိုဇြဲနပဲနဲ႔ေအာက္ေျခကေနအဆင့္ဆင့္ အေကာင္အထည္ေဖာ္သြားလည္းဆိုတာ ေတ့ြရမွာပါ။

ဘဝဆိုတာအနိမ့္အျမင့္အတက္အက်ေတြနဲ႔ဖြဲ႕စည္းထားတဲ့အေလ်ာက္သူ႔ရဲ႕ေအာင္ျမင္မႈေတြေနဝင္ခ်ိန္မွာထားတဲ့ သူ႔ရဲ႕စိတ္ဓာတ္နဲ႔ခံယူခ်က္ေတြကလည္း ေတြးစရာေတြေပးသြားမွာပါ။သူေ႐ြးခ်ယ္လိုက္တဲ့လမ္းဟာ အရႈံးေပးထြက္ခြာျခင္းလား?အႏိုင္ပိုင္းထြက္ခြာျခင္းလား?ဒီႏွစ္ခုၾကားက ကြာျခားခ်က္ကဘာလဲ?အဲဒါေတြကိုေတာ့ ၾကည့္ရႈတဲ့ပရိတ္သတ္က ဆုံးျဖတ္ရမွာပါ။

ဒီဇာတ္လမ္းကေပးတဲ့ တျခားအေတြးစေလးေတြ ေျပာျပခ်င္ေပမယ့္မၾကည့္ရေသးတဲ့သူေတြအတြက္ အရသာေပါ့သြားမွာစိုးလို႔ဒီအတိုင္းေလးပဲထားလိုက္ပါရေစ။Rotten Tomatoes မွာ 91% ေတာင္ ရထားတဲ့အျပင္IMDB rating ကလည္း 8.1 ေတာင္ရထားတာမို႔လို႔႐ုပ္ရွင္ကားေကာင္းတစ္ကားဆိုတာ ေျပာဖို႔မလိုေတာ့ပါဘူး။

လက္ေဝွ႔ေနာက္ခံဇာတ္ေၾကာင္းႀကိဳက္တဲ့သူေတြ၊႐ုပ္ရွင္တစ္ကားကိုၾကည့္ၿပီးရင္ ေတြးစရာက်န္တာကိုသေဘာက်တဲ့႐ုပ္ရွင္ၾကည့္ပရိတ္သတ္ေတြ မၾကည့္ရေသးရင္ၾကည့္သင့္တယ္ဆိုတဲ့အေၾကာင္းကို ၫႊန္းေပးလိုက္ရပါတယ္။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *