Miracle in Cell No. 7 (2013)
16951မေတ္တာတရားတွေကို သေချာ ကြည့်မယ်ဆိုရင် ….. ၁၅၀၀ မေတ္တာ က ၅၂၈ မေတ္တာ ထက် သင်္ချာ အတိုင်းအတာ ပမာဏ အားဖြင့် များပြားတယ်လို့ထင်ရပေမဲ့ … တကယ်တမ်းတော့လေ အဖြူစင်ဆုံးသော တိုင်းတာ မရသော အနန္တမေတ္တာဆိုတာလေ ၅၂၈ ဆိုသော မိသားစု လေးကပေးတဲ့ ဖြူစင် သောမေတ္တာ လေးကသာ တန်ဖိုး အရှိဆုံးပါ…
အခု ဇာတ်ကားလေးမှာ … ဖခင်ကို ချစ်မြတ်နိုးသော သမီးတိုင်း အတွက် သမီး ကို ချစ်သော ဖခင်တိုင်း အတွက် အရမ်းကို ခံစား မှု့တွေပေးတဲ့ မေတ္တာရေး ကိုဖေါ်ကျူးထားတဲ့ဇာတ်လမ်း လေးတစ်ခု ဆိုတာကို မပြောဘဲနဲ့သိမြင်နိုင်ပါတယ်…
လောကမှာ ဘယ်လို မိဘမျိုးဘဲ ဖြစ်နေပါစေ… သားသမီးအပေါ် လိုအင်ဟူသမျှကို ဖြည့်ဆည်းပေးချင်ကြပါတယ် … ဉာဏ်ရည်မမှီသော ဖခင်တစ်ယောက်က သူ့သမီးလေး လိုချင်သော အိတ်လေးတစ်လုံးကြောင့် အမှတ်မထင် အမှု့အခင်း ဖြစ်ပြီး အရမ်းလိမ္မာပြီး အလိုက်သိလွန်းတဲ့သမီးလေးကြောင့် သူ့ဘ၀ ကြီး နဲ့သမီးလေး ဘ၀ ကို ထပ်တူ ထားသော ဖခင် တစ်ယောက် ရဲ့ မေတ္တာ…..
လောကမှာ တစ်ယောက်ထဲ ရှိတဲ့ သမီးလေးသေးဆုံးမှု့ ကြောင့် အရူးတစ်ယောက်လို ဖြစ်ခဲ့ရတဲ့ဖခင်တစ်ယောက်ရဲ့ခံစားချက် …… ဒီဖခင်၂ယောက်ရဲ့အကြားမှာ အားပြိုင်မှု့တွေက ဘာတွေဖြစ်လာမလဲ…… လူဆိုး သူခိုးတွေ ဆိုပေမဲ့ မေတ္တာရေးရဲ့ ဓါတ်အားနဲ့ပြောင်းလဲလာတဲ့ လူဆိုးကြီးတွေ ….
အဲလိုနဲ့…….. မတော်တဆ ဖြစ်ရပ်လေးတွေကနေ အရမ်း အလိုက်သိတဲ့ သမီးလေး နဲ့ ဖခင် တို့၏မေတ္တာတရားကို ဒီဇာတ်ကားလေးထဲမှာ တွေ့မြင်ရမှာပါ … မိဘတိုင်းကတော့ သားသမီးတိုင်းကို အကောင်းဆုံး လက်ဆောင်လေးတွေ ကို ပေးဖို့ အမြဲတန်းကြိုးစားနေကြပါတယ် ….
အခု လာမဲ့ ခရစ္စမတ် လက်ဆောင်လေးကို ဖေဖေလီယောင်ဂူး က သမီးလေး လီ ရီဆွန်းကို ပေးတဲ့လက်ဆောင်လေးကဘာလေး ဖြစ်မလဲ ဆိုတာ ဒီဇာတ်ကား ကို ကြည့်ရင်း …. ပျော်ရွှင်ဖွယ် လက်ဆောင်ကောင်းကောင်းလေး တွေ ရကြပါစေလို့…..
Zawgyi


(Megaup.net) Large Size ~ Download
(Users Drive) Large Size ~ Download
(Yoteshin) Large Size ~ Download