Miracle in Cell No. 7 (2019)

22830
Share
Copy the link

Remakeကားတွေ မူလရုပ်ရှင်ကို မှီတာအတော်ရှားပါတယ်။အခုရုပ်ရှင်က အဲ့ဒီလိုရှားတဲ့အထဲက တစ်ကားပါပဲ။သိသလောက်တော့ကိုရီးယားရုပ်ရှင်တွေကို remakeပြန်ရိုက်ကြတဲ့ အနောက်တိုင်းရုပ်ရှင်တွေမှာပျက်ကြတာ အတော်များတယ်။ Old Boyတို့My Sassy Girlတို့ IIMareတို့ဆိုပျက်သလောက်ပါပဲ။

မူလရုပ်ရှင်ရဲ့ခံစားမှုကို မပေးစွမ်းနိုင်ပါဘူး။အခုရုပ်ရှင်ကတော့ Remakeဆိုပေမယ့်မူလရုပ်ရှင်ရဲ့ဟာကွက်ဆန်တာတွေကိုဖြည့်ထားတဲ့အပြင်၊ ထောင်သားတွေရဲ့ဇာတ်ကောင်စရိုက်ကလည်း ပိုပီပြင်တယ်။ဖြစ်ရပ်တွေရဲ့ ယုတ္တိရှိမှုကလည်းပိုပြီးတာသွားတယ်။မူလရုပ်ရှင်ထက်သာတဲ့ Remakeလို့ပဲဆိုချင်တယ်။

မူလ ကိုရီးယားရုပ်ရှင်ကိုကြည့်ပြီး ခံစားခဲ့ရတဲ့သူတွေ ဒီရုပ်ရှင်မှာပိုခံစားလို့ရမှာတော့ သေချာပါတယ်။ဇာတ်အိမ်တည်တာက တူရကီက ရွာလေးတစ်ရွာမှာ။အဲ့ဒီရွာမှာ မွေးထားတဲ့ ခြောက်နှစ်သမီးကလေးလောက်တောင် ညဏ်ရည်မမှီတဲ့လူရှိတယ်။

ဆင်းရဲကလည်းဆင်းရဲရတဲ့အထဲဂြိုလ်ဆိုး၀င်ချက်ကတော့အခြေအနေအကြောင်းကြောင်းကြောင့်စစ်တပ်က ကွန်မန်ဒါရဲ့သမီးလေးသေသွားတာသူ့ကြောင့်ဆိုပြီး သေဒဏ်ချခံလိုက်တာရတာပါပဲ။ကလေးကိုသတ်တဲ့လူဆိုပြီး ထောင်သားချင်းအရိုက်ခံရတဲ့အပြင် ကွန်မန်ဒါကလည်း သူ့ကိုမိသားစုနဲ့ပေးမတွေ့ဖို့ အမိန့်ချထားတယ်။

တွေ့ခွင့်တောင်မရှိတဲ့ ဘ၀မှာသမီးကလွဲဘာမှမရှိတဲ့အဖေတစ်ယောက်ရယ်အဖေကလွဲ ဘာမှမရှိတဲ့သမီးတစ်ယောက်ရယ်ဟာတွေ့ခွင့်ရဖို့ကြိုးစားကြရင်းဒီရုပ်ရှင်ရဲ့ လူသားဆန်မှုတွေကကျွန်တော်တို့ မျက်ရည်ကို ချူယူသွားကြတယ်။ဒီရုပ်ရှင်ကို ကြည့်ဖို့ မိတ်ဆွေအနေနဲ့တစ်ရှုးတစ်ရွက်လောက်တော့ဆောင်ထားသင့်တယ်။

Turkey Youth Awards (2020)နဲ့Golden Palm Awards (2020)တို့မှာ Best Filmဆုရထားပြီးအော်စကာပွဲမှာ Best InternationalFeature Filmဆုအတွက်ယဉ်ပြိုင်ခွင့်ရတဲ့တူရကီရုပ်ရှင်အဖြစ်အရွေးခံခဲ့ရတယ်ဆိုတော့Remakeပေမယ့် အတော်အောင်မြင်တဲ့Remakeပါပဲ။

Zawgyi

Remakeကားေတြ မူလ႐ုပ္ရွင္ကို မွီတာအေတာ္ရွားပါတယ္။အခု႐ုပ္ရွင္က အဲ့ဒီလိုရွားတဲ့အထဲက တစ္ကားပါပဲ။သိသေလာက္ေတာ့ကိုရီးယား႐ုပ္ရွင္ေတြကို remakeျပန္႐ိုက္ၾကတဲ့ အေနာက္တိုင္း႐ုပ္ရွင္ေတြမွာပ်က္ၾကတာ အေတာ္မ်ားတယ္။ Old Boyတို႔My Sassy Girlတို႔ IIMareတို႔ဆိုပ်က္သေလာက္ပါပဲ။

မူလ႐ုပ္ရွင္ရဲ႕ခံစားမႈကို မေပးစြမ္းႏိုင္ပါဘူး။အခု႐ုပ္ရွင္ကေတာ့ Remakeဆိုေပမယ့္မူလ႐ုပ္ရွင္ရဲ႕ဟာကြက္ဆန္တာေတြကိုျဖည့္ထားတဲ့အျပင္၊ ေထာင္သားေတြရဲ႕ဇာတ္ေကာင္စ႐ိုက္ကလည္း ပိုပီျပင္တယ္။ျဖစ္ရပ္ေတြရဲ႕ ယုတၱိရွိမႈကလည္းပိုၿပီးတာသြားတယ္။မူလ႐ုပ္ရွင္ထက္သာတဲ့ Remakeလို႔ပဲဆိုခ်င္တယ္။

မူလ ကိုရီးယား႐ုပ္ရွင္ကိုၾကည့္ၿပီး ခံစားခဲ့ရတဲ့သူေတြ ဒီ႐ုပ္ရွင္မွာပိုခံစားလို႔ရမွာေတာ့ ေသခ်ာပါတယ္။ဇာတ္အိမ္တည္တာက တူရကီက ႐ြာေလးတစ္႐ြာမွာ။အဲ့ဒီ႐ြာမွာ ေမြးထားတဲ့ ေျခာက္ႏွစ္သမီးကေလးေလာက္ေတာင္ ညဏ္ရည္မမွီတဲ့လူရွိတယ္။

ဆင္းရဲကလည္းဆင္းရဲရတဲ့အထဲၿဂိဳလ္ဆိုး၀င္ခ်က္ကေတာ့အေျခအေနအေၾကာင္းေၾကာင္းေၾကာင့္စစ္တပ္က ကြန္မန္ဒါရဲ႕သမီးေလးေသသြားတာသူ႔ေၾကာင့္ဆိုၿပီး ေသဒဏ္ခ်ခံလိုက္တာရတာပါပဲ။ကေလးကိုသတ္တဲ့လူဆိုၿပီး ေထာင္သားခ်င္းအ႐ိုက္ခံရတဲ့အျပင္ ကြန္မန္ဒါကလည္း သူ႔ကိုမိသားစုနဲ႔ေပးမေတြ႕ဖို႔ အမိန႔္ခ်ထားတယ္။

ေတြ႕ခြင့္ေတာင္မရွိတဲ့ ဘ၀မွာသမီးကလြဲဘာမွမရွိတဲ့အေဖတစ္ေယာက္ရယ္အေဖကလြဲ ဘာမွမရွိတဲ့သမီးတစ္ေယာက္ရယ္ဟာေတြ႕ခြင့္ရဖို႔ႀကိဳးစားၾကရင္းဒီ႐ုပ္ရွင္ရဲ႕ လူသားဆန္မႈေတြကကြၽန္ေတာ္တို႔ မ်က္ရည္ကို ခ်ဴယူသြားၾကတယ္။ဒီ႐ုပ္ရွင္ကို ၾကည့္ဖို႔ မိတ္ေဆြအေနနဲ႔တစ္ရႈးတစ္႐ြက္ေလာက္ေတာ့ေဆာင္ထားသင့္တယ္။

Turkey Youth Awards (2020)နဲ႔Golden Palm Awards (2020)တို႔မွာ Best Filmဆုရထားၿပီးေအာ္စကာပြဲမွာ Best InternationalFeature Filmဆုအတြက္ယဥ္ၿပိဳင္ခြင့္ရတဲ့တူရကီ႐ုပ္ရွင္အျဖစ္အေ႐ြးခံခဲ့ရတယ္ဆိုေတာ့Remakeေပမယ့္ အေတာ္ေအာင္ျမင္တဲ့Remakeပါပဲ။

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *