Mirage(2018)

18909
Share
Copy the link

၁၉၈၉ ခုနှစ်….နီကိုဆိုတဲ့ကောင်လေးက ဂစ်တာတီးသီချင်းဆိုဝါသနာတဲ့ကောင်လေး…နီကိုဟာ ဂစ်တာတီးသီချင်းဆိုတဲ့အချိန် ဗွီဒီယိုမှတ်တမ်းလေးတွေတင်ထားလေ့ရှိတယ်….တစ်နေ့သူဂစ်တာတီးနေတုန်း အိမ်နီးနားချင်း မိသားစုဆီကနေ ဆူညံသံတွေကြားလွန်းတော့ ကလေးပီပီ စူးစမ်းချင်စိတ်ကြောင့် သွားကြည့်မိတယ်…

သွားကြည့်မိတာနီကိုအတွက် တကယ့်မဟာအမှားပါပဲ..သူအိမ်ထဲကိုရောက်တဲ့ ယောက်င်္ကျားဖြစ်သူမှ သူ့မိန်းမကို ဓားနဲ့ထိုးသတ်တာကိုတွေ့လိုက်ရပါတယ်..နီကိုတစ်ယောက် ကြောက်လန့်တကြားအိမ်အပြင်ထွက်ပြေးတဲ့အချိန် ကံဆိုးစွာပဲ ကားတိုက်ခံရပြီးဆုံးပါးသွားတယ်…

သူ့ရဲ့ အခန်းလေးထဲမှာတော့ ဗီဒီယိုကင်မရာလေးတစ်လုံး TVတစ်လုံးနဲ့ သီချင်းမှတ်တမ်းတိပ်ခွေပေါင်းများစွာကျန်ခဲ့လေရဲ့…..ဒီTV ၊ကင်မရာ နဲ့ တိပ်ခွေတွေကပဲဒီဇာတ်ကားရဲ့အလှည့်အပြောင်းလို့ဆိုရမယ်…နောက်နှစ်ပေါင်း (၂၅)နှစ်ကြာတော့ နီကိုအသက်ရှိစဉ်ကနေခဲ့တဲ့အိမ်ကို မိသားစုတစ်စုပြောင်းလာတယ်..

အဲ့ဒီမိသားစုဟာ ဒီတိပ်ခွေနဲ့ တီဗွီ ကင်မရာတို့ကိုတွေ့ရှိပြီးနောက်မှာတော့….တကယ့်ကပ်ဆိုးကြီးကျရောက်သလိုဖြစ်သွားတယ်…ဒီကားက စပိန်ဇာတ်ကားဖြစ်ပြီး အလှည့်အပြောင်း များလွန်းတဲ့ဇာတ်ကားလို့တောင်ဆိုရမယ်ထင်တယ်..

ဇာတ်လမ်းကိုနိဒါန်းလေးပျိုးနေတဲ့ မိနစ်(၂၅)မိနစ်လောက်အထိသာ သာမန်လို့ထင်ရပေမယ့် အဲ့ဒီနောက်ပိုင်းတော့ကြည့်ရှုတဲ့သူဟာ “ဟာ” ခနဲတောင်ရေရွတ်မိမယ်ထင်တယ်…Tempo ကျသွားတာမရှိသလောက်ပဲ… မထင်မှတ်ထားတဲ့ဇာတ်အိမ်တွေ plot twist တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်…

sci-fi thriller အပြင် Drama လေးတွေပါ ရောနှောထားတယ်…ဇာတ်လမ်းက အတော်ဆွဲဆောင်မှုရှိတဲ့ကားမို့ စပွိုင်လာရှောင်ပြီးဒီလောက်ပဲပြောပါရစေ…ဒီကားက ခင်ဗျားတို့ထင်ထားတာထက်ပိုကောင်းနေလိမ့်မယ်…..စကားမစပ် ပရော်ဖက်ဆာလို့ ကျွန်တော်တို့ သိခဲ့တဲ့ ဘဏ်ဓားပြကြီးပါဝင်ထားပါတယ်…

Zawgyi

၁၉၈၉ ခုႏွစ္….နီကိုဆိုတဲ့ေကာင္ေလးက ဂစ္တာတီးသီခ်င္းဆိုဝါသနာတဲ့ေကာင္ေလး…နီကိုဟာ ဂစ္တာတီးသီခ်င္းဆိုတဲ့အခ်ိန္ ဗြီဒီယိုမွတ္တမ္းေလးေတြတင္ထားေလ့ရွိတယ္….တစ္ေန႔သူဂစ္တာတီးေနတုန္း အိမ္နီးနားခ်င္း မိသားစုဆီကေန ဆူညံသံေတြၾကားလြန္းေတာ့ ကေလးပီပီ စူးစမ္းခ်င္စိတ္ေၾကာင့္ သြားၾကည့္မိတယ္…

သြားၾကည့္မိတာနီကိုအတြက္ တကယ့္မဟာအမွားပါပဲ..သူအိမ္ထဲကိုေရာက္တဲ့ ေယာက္က်ၤားျဖစ္သူမွ သူ႔မိန္းမကို ဓားနဲ႔ထိုးသတ္တာကိုေတြ႕လိုက္ရပါတယ္..နီကိုတစ္ေယာက္ ေၾကာက္လန႔္တၾကားအိမ္အျပင္ထြက္ေျပးတဲ့အခ်ိန္ ကံဆိုးစြာပဲ ကားတိုက္ခံရၿပီးဆုံးပါးသြားတယ္…

သူ႔ရဲ႕ အခန္းေလးထဲမွာေတာ့ ဗီဒီယိုကင္မရာေလးတစ္လုံး TVတစ္လုံးနဲ႔ သီခ်င္းမွတ္တမ္းတိပ္ေခြေပါင္းမ်ားစြာက်န္ခဲ့ေလရဲ႕…..ဒီTV ၊ကင္မရာ နဲ႔ တိပ္ေခြေတြကပဲဒီဇာတ္ကားရဲ႕အလွည့္အေျပာင္းလို႔ဆိုရမယ္…ေနာက္ႏွစ္ေပါင္း (၂၅)ႏွစ္ၾကာေတာ့ နီကိုအသက္ရွိစဥ္ကေနခဲ့တဲ့အိမ္ကို မိသားစုတစ္စုေျပာင္းလာတယ္..

အဲ့ဒီမိသားစုဟာ ဒီတိပ္ေခြနဲ႔ တီဗြီ ကင္မရာတို႔ကိုေတြ႕ရွိၿပီးေနာက္မွာေတာ့….တကယ့္ကပ္ဆိုးႀကီးက်ေရာက္သလိုျဖစ္သြားတယ္…ဒီကားက စပိန္ဇာတ္ကားျဖစ္ၿပီး အလွည့္အေျပာင္း မ်ားလြန္းတဲ့ဇာတ္ကားလို႔ေတာင္ဆိုရမယ္ထင္တယ္..

ဇာတ္လမ္းကိုနိဒါန္းေလးပ်ိဳးေနတဲ့ မိနစ္(၂၅)မိနစ္ေလာက္အထိသာ သာမန္လို႔ထင္ရေပမယ့္ အဲ့ဒီေနာက္ပိုင္းေတာ့ၾကည့္ရႈတဲ့သူဟာ “ဟာ” ခနဲေတာင္ေရ႐ြတ္မိမယ္ထင္တယ္…Tempo က်သြားတာမရွိသေလာက္ပဲ… မထင္မွတ္ထားတဲ့ဇာတ္အိမ္ေတြ plot twist ေတြကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္…

sci-fi thriller အျပင္ Drama ေလးေတြပါ ေရာေႏွာထားတယ္…ဇာတ္လမ္းက အေတာ္ဆြဲေဆာင္မႈရွိတဲ့ကားမို႔ စပြိဳင္လာေရွာင္ၿပီးဒီေလာက္ပဲေျပာပါရေစ…ဒီကားက ခင္ဗ်ားတို႔ထင္ထားတာထက္ပိုေကာင္းေနလိမ့္မယ္…..စကားမစပ္ ပေရာ္ဖက္ဆာလို႔ ကြၽန္ေတာ္တို႔ သိခဲ့တဲ့ ဘဏ္ဓားျပႀကီးပါဝင္ထားပါတယ္…

megaup.net (Megaup.net) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *