Mohenjo Daro (2016)

19744
Share
Copy the link

ဒီနေ့ မှာတော့ အိန္ဒိယစွန့်စားခန်း အချစ်ဇာတ်လမ်းလေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ဇာတ်လမ်းကို ဘီစီ ၂၀၁၆ ကာလမြင်ကွင်းနဲ့ အစပြုထားပြီး ဆာမန်းနဲ့ ဟိုဂျိုတို့သူငယ်ချင်းနှစ်ယောက်ဟာ အမ်ရီဆိုတဲ့ ရှေးဟောင်းရွာလေးမှာ နေထိုင်သူတွေပါ။

တစ်ရက်မှာတော့ လှေနဲ့ မြစ်ကျောင်းတစ်လျှောက်သွား လာကြရင်း မိကျောင်းသုံးကောင်နဲ့ ထိပ်တိုက်တွေ့ခဲ့ကာ ဆာမန်းက အကြီးဆုံးမိကျောင်းကို သတ်ဖြတ်နိုင်ခဲ့ပါတယ်။ ငယ်ငယ်လေးကတည်းက မိဘနှစ်ပါးဆုံးရှုံးခဲ့ရတဲ့ အကြောင်းအရာဟာ ဆာမန်းကို ယနေ့အထိ ခြောက်လှန့်နေပြီး

မိုဟန်ဂျိုဒါရိုမြို့က ဦးချိုတစ်ခုတည်းပါတဲ့ ထူးဆန်းတဲ့ သတ္တဝါကြီးအကြောင်းကိုလည်း မကြာခဏအိပ်မက်မက်ခဲ့ပါတယ်။တစ်ရက်မှာတော့ ဆာမန်းဟာ ဦးလေးဖြစ်သူ တားနေတဲ့ကြားကနေပဲ မိုဟန်ဂျိုဒါရိုကိုသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီမြို့ဟာ ကြမ်းတမ်းရက်စက်တဲ့အပြင် ဘယ်သူ့ကိုမှ မယုံကြည်ရတဲ့အကြောင်း သူ့ဦးလေးက သတိပေးခဲ့ပြီး သေရေးရှင်ရေးကြုံတဲ့အခါမှာ သုံးဖို့အတွက် အဆောင် ပစ္စည်းတစ်ခုပေးခဲ့ပါတယ်။မိုဟန်ဂျိုဒါရိုမြို့ကို အာဏာရှင်မာဟမ်နဲ့ သူ့သားဖြစ်တဲ့ ကောက်ကျစ်စဉ်းလဲတဲ့ မွန်းဂျာတို့က အုပ်ချုပ်နေတာပါ။

ဆာမန်းဟာ မိုဟန်ဂျိုဒါရိုက ဩဇာရှိဘုန်း တော်ကြီးရဲ့ သမီးဖြစ်တဲ့ ချာနီဆို တဲ့ မိန်းမလှလေးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။အာဏာရှင်မာဟမ်ရဲ့ အခွန်အကောက်သစ်တွေကို ဆန့်ကျင်ကြတဲ့ ဘယ်သမားအဖွဲ့တွေကို မာဟမ်ရဲ့ စစ်သားတွေက အပြတ်ရှင်းပစ်ရာမှာ ဆာမန်းက ဝင်ကူခဲ့ပါတယ်။

ချာနီကိုလည်း မြင်းတွေကြားထဲက ကယ်တင်ခဲ့ပြီးတဲ့နောက် နှစ်ဦးသား ချစ်သွားခဲ့ကြပါတယ်။ ချာနီဟာ ကောက်ကျစ်တဲ့မွန်းဂျာနဲ့ လက်ထပ်ဖို့အတွက် အတင်းအဓမ္မစေ့စပ်ခံထားရတာပါ။

နောက်တော့ ဆာမန်းဟာ မာဟမ်ဆန့်ကျင်ရေး အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့ပြီး မာဟမ်က ဆာမန်းကို သတ်ပစ်ချင်ပေမယ့်လည်း အလောင်းအစားတိုက်ပွဲတစ်ခု စိန်ခေါ်ခဲ့ပြီး ဆာမန်းနိုင်ခဲ့ရင် ချာနီကို လွတ်လပ်ခွင့်ပေးမယ့်အကြောင်း သဘောတူခဲ့ပါတယ်။

မကောင်းဆိုးဝါးမာဟမ်က ဆာမန်းကို ဘယ်လိုစိန်ခေါ်မှုတွေလုပ်ခဲ့တာလဲ၊ ဆာမန်းနဲ့ မိုဟန်ဂျို ဒါရိုက ဘယ်လိုဆက်စပ်မှုတွေရှိနေတာလဲ၊ ချစ်သူနှစ်ဦးကော ပေါင်းစည်းခွင့်ရကြမှာလားဆိုတာ ဆက်ကြည့်လိုက်ပါဦး။ ရှေး ဟောင်းနောက်ခံ အချစ်ဇာတ်ကားလို့ဆိုပေမယ့်လည်း အက်ရှင်ဇာတ်ကွက်လေးတွေပါတာမို့ ပရိသတ်တွေသဘောကျမှာပါ။

Zawgyi

ဒီေန႔ မွာေတာ့ အိႏၵိယစြန႔္စားခန္း အခ်စ္ဇာတ္လမ္းေလးအေၾကာင္း ေဖာ္ျပေပးလိုက္ပါတယ္။ ဇာတ္လမ္းကို ဘီစီ ၂၀၁၆ ကာလျမင္ကြင္းနဲ႔ အစျပဳထားၿပီး ဆာမန္းနဲ႔ ဟိုဂ်ိဳတို႔သူငယ္ခ်င္းႏွစ္ေယာက္ဟာ အမ္ရီဆိုတဲ့ ေရွးေဟာင္း႐ြာေလးမွာ ေနထိုင္သူေတြပါ။

တစ္ရက္မွာေတာ့ ေလွနဲ႔ ျမစ္ေက်ာင္းတစ္ေလွ်ာက္သြား လာၾကရင္း မိေက်ာင္းသုံးေကာင္နဲ႔ ထိပ္တိုက္ေတြ႕ခဲ့ကာ ဆာမန္းက အႀကီးဆုံးမိေက်ာင္းကို သတ္ျဖတ္ႏိုင္ခဲ့ပါတယ္။ ငယ္ငယ္ေလးကတည္းက မိဘႏွစ္ပါးဆုံးရႈံးခဲ့ရတဲ့ အေၾကာင္းအရာဟာ ဆာမန္းကို ယေန႔အထိ ေျခာက္လွန႔္ေနၿပီး

မိုဟန္ဂ်ိဳဒါ႐ိုၿမိဳ႕က ဦးခ်ိဳတစ္ခုတည္းပါတဲ့ ထူးဆန္းတဲ့ သတၱဝါႀကီးအေၾကာင္းကိုလည္း မၾကာခဏအိပ္မက္မက္ခဲ့ပါတယ္။တစ္ရက္မွာေတာ့ ဆာမန္းဟာ ဦးေလးျဖစ္သူ တားေနတဲ့ၾကားကေနပဲ မိုဟန္ဂ်ိဳဒါ႐ိုကိုသြားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

အဲဒီၿမိဳ႕ဟာ ၾကမ္းတမ္းရက္စက္တဲ့အျပင္ ဘယ္သူ႔ကိုမွ မယုံၾကည္ရတဲ့အေၾကာင္း သူ႔ဦးေလးက သတိေပးခဲ့ၿပီး ေသေရးရွင္ေရးႀကဳံတဲ့အခါမွာ သုံးဖို႔အတြက္ အေဆာင္ ပစၥည္းတစ္ခုေပးခဲ့ပါတယ္။မိုဟန္ဂ်ိဳဒါ႐ိုၿမိဳ႕ကို အာဏာရွင္မာဟမ္နဲ႔ သူ႔သားျဖစ္တဲ့ ေကာက္က်စ္စဥ္းလဲတဲ့ မြန္းဂ်ာတို႔က အုပ္ခ်ဳပ္ေနတာပါ။

ဆာမန္းဟာ မိုဟန္ဂ်ိဳဒါ႐ိုက ဩဇာရွိဘုန္း ေတာ္ႀကီးရဲ႕ သမီးျဖစ္တဲ့ ခ်ာနီဆို တဲ့ မိန္းမလွေလးတစ္ေယာက္နဲ႔ ဆုံခဲ့ပါတယ္။အာဏာရွင္မာဟမ္ရဲ႕ အခြန္အေကာက္သစ္ေတြကို ဆန႔္က်င္ၾကတဲ့ ဘယ္သမားအဖြဲ႕ေတြကို မာဟမ္ရဲ႕ စစ္သားေတြက အျပတ္ရွင္းပစ္ရာမွာ ဆာမန္းက ဝင္ကူခဲ့ပါတယ္။

ခ်ာနီကိုလည္း ျမင္းေတြၾကားထဲက ကယ္တင္ခဲ့ၿပီးတဲ့ေနာက္ ႏွစ္ဦးသား ခ်စ္သြားခဲ့ၾကပါတယ္။ ခ်ာနီဟာ ေကာက္က်စ္တဲ့မြန္းဂ်ာနဲ႔ လက္ထပ္ဖို႔အတြက္ အတင္းအဓမၼေစ့စပ္ခံထားရတာပါ။

ေနာက္ေတာ့ ဆာမန္းဟာ မာဟမ္ဆန႔္က်င္ေရး အဖြဲ႕ေခါင္းေဆာင္ျဖစ္ခဲ့ၿပီး မာဟမ္က ဆာမန္းကို သတ္ပစ္ခ်င္ေပမယ့္လည္း အေလာင္းအစားတိုက္ပြဲတစ္ခု စိန္ေခၚခဲ့ၿပီး ဆာမန္းႏိုင္ခဲ့ရင္ ခ်ာနီကို လြတ္လပ္ခြင့္ေပးမယ့္အေၾကာင္း သေဘာတူခဲ့ပါတယ္။

မေကာင္းဆိုးဝါးမာဟမ္က ဆာမန္းကို ဘယ္လိုစိန္ေခၚမႈေတြလုပ္ခဲ့တာလဲ၊ ဆာမန္းနဲ႔ မိုဟန္ဂ်ိဳ ဒါ႐ိုက ဘယ္လိုဆက္စပ္မႈေတြရွိေနတာလဲ၊ ခ်စ္သူႏွစ္ဦးေကာ ေပါင္းစည္းခြင့္ရၾကမွာလားဆိုတာ ဆက္ၾကည့္လိုက္ပါဦး။ ေရွး ေဟာင္းေနာက္ခံ အခ်စ္ဇာတ္ကားလို႔ဆိုေပမယ့္လည္း အက္ရွင္ဇာတ္ကြက္ေလးေတြပါတာမို႔ ပရိသတ္ေတြသေဘာက်မွာပါ။

(Yuu Drive) Large Size ~ Download

(Yoteshin Portal) Large Size ~ Download

(Megaup.net) Large Size ~ Download

(Up Stream) Large Size ~ Download

(Direct Link) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *