Monos (2019)

18968
Share
Copy the link

“နာမည်ကျော် Gummy Bearလို့ခေါ်တဲ့ ၀က်ဝံရုပ်မုန့်ကလေးတွေကို 1992မှာ စတီထွင်ခဲ့တယ်။ ဒီမုန့်ကလေးတွေဟာအေးဆေး ဝါးလို့ရအောင်နူးညံ့ရတယ် ဒါပေမယ့် သူ့ပုံစံဖြစ်တဲ့
၀က်ဝံရုပ်ကလေးမပျက်အောင် မာကျောရမယ်။

အဲ့ဒီလိုမျိုးအရည်အသွေး မပါရှိတဲ့မုန့်တွေ ထုတ်လုပ်မှုမှာပါမပါ စစ်ဆေးဖို့၁၅နှစ်ဝန်းကျင်လောက်ရှိတဲ့ကလေးတွေရဲ့ အလုပ်ပါပဲ။”ဒါကရုပ်ရှင်ထဲက တီဗီမှာလာနေတဲ့ သတင်းပါပဲ။ကလေးသာသာအရွယ်ကလေးတွေဟာ မုန့်မြည်းတဲ့အလုပ်လောက်ပဲ လုပ်သင့်ပါတယ်။

ဒါပေမယ့်ဒီသတင်းကိုကြည့်နေတဲ့ ၁၅နှစ်သားကောင်လေးရဲ့အလုပ်ကတော့ စစ်တိုက်ရတာပါ။ ၂၀မကျော်တဲ့ကလေးတစ်အုပ်ကို စစ်တိုက်ဖို့ လေ့ကျင့်ပေးထားပြီးသူတို့အဖွဲ့ကို Monosတွေလို့ခေါ်ပါတယ်။သူတို့ဘယ်ကလာလဲ ဘယ်လိုသူပုန်ဖြစ်လာလဲ မပြပေမယ့်သူတို့ရှင်သန်ရတဲ့ဘ၀ကိုတော့ဆေးမှင်ရည်စုတ်ထိုးသလိုထင်းနေအောင်ကို ပြသွားတယ်။

Monosလို့ခေါ်တဲ့ ကလေးတစ်အုပ်ကို သူပုန်အဖွဲ့အစည်းက သုံ့ပန်းဖမ်းထားတဲ့ အမေရိကန်အင်ဂျင်နီယာမတစ်ယောက်ကို စောင့်ကြည့်ဖို့တာ၀န်ပေးထားတယ်။တစ်ဆက်တည်းမှာပဲရိက္ခာအတွက် နို့စားနွားမတစ်ကောင်ငှားပေးထားတယ်။ငှားပေးတယ်ဆိုတာ စစ်ဆင်းရေးပြီးရင် ပြန်ပေးရမယ့်သဘောပါပဲ။

သူတို့ကိုပေးထားတဲ့တာ၀န်မှာနံပါတ်တစ်အရေးကြီးတာက စစ်သုံ့ပန်းမလွတ်အောင်ကြည့်ရမယ်။နံပါတ်နှစ် အရေးကြီးတာက နွားမကိုသေချာစောင့်ရှောက်ရမယ်။ ဒါပေမယ့် ကလေးတွေထဲကတစ်ယောက်က နွားမကိုသေနတ်နဲ့ပစ်မိသွားပါတယ်။

ဒီနွားတစ်ကောင်သေတဲ့အတွက် သူတို့ထဲကတာ၀န်ယူထားတဲ့တစ်ယောက်က ကွပ်မျက်ခံရမှာပါ။ဒါပေမယ့် သူ့ကို အားပေးမယ့်သူ ဘယ်သူမှမရှိပါဘူးကျန်တဲ့ကလေးတွေအကုန်လုံးဟာသေသွားတဲ့နွားကိုပေါ်ရင်းအလုပ်များနေကြတယ်။ ဒီမှာပဲအဲ့ဒီကောင်လေးဟာ သူ့ကိုယ်သူသတ်သေသွားတယ်။

သူတို့အသက်ဟာ နွားတစ်ကောင်လောက်မှ တန်ဖိုးမရှိတာလားတော့မသိပါဘူး။ ဒီအကြောင်းကိုသတင်းပို့တဲ့အချိန်မှာလည်း သူတို့ခေါင်းဆောင်လူကြီးကအမှတ်မသားမရှိတဲ့မြေပုံမှာမြှပ်ဖို့နဲ့ ပစ္စည်းတွေကိုခွဲယူလိုက်ဖို့ကလွဲ ဘာမှထွေထွေထူးထူးပြောမနေဘဲသူတို့ဖမ်းထားတဲ့သူ အသက်ရှိကြောင်းသက်သေလိုတယ်ပဲပြောတယ်။

Monosဟာ ဒီလို ရှင်လည်းတန်ဖိုးထားမခံရတဲ့ သေလည်းသတိရမယ့်သူမရှိတဲ့ကလေးတစ်အုပ်ရဲ့ ဇာတ်လမ်းပါပဲ။တစ်ခါတလေကျ ကျွန်တော်တို့ကမ္ဘာကြီးကိုရက်စက်တဲ့ကမ္ဘာကြီးလို့ဆိုရင် ငြင်းရက်စရာမရှိပါဘူး။Monosကတော့ ခင်ဗျားကို ရက်စက်တဲ့ကမ္ဘာထဲကပိုခက်တဲ့ဘ၀တွေဆီ ခေါ်သွားပါလိမ့်မယ်။

War Filmအမျိုးအစားပေမယ့် ထူးတာကသူပုန်တွေဘက်က အခြေအနေကို ရိုက်ပြထားတာပါပဲ။Film Festivalအတော်များများမှာ Best Filmဆုရထားတဲ့အပြင်2019မှာထွက်ခဲ့တဲ့ War Filmတွေထဲမှာ 1917ပြီးရင်အကောင်းဆုံး War Filmပါပဲ။

Zawgyi

“နာမည္ေက်ာ္ Gummy Bearလို႔ေခၚတဲ့ ၀က္ဝံ႐ုပ္မုန႔္ကေလးေတြကို 1992မွာ စတီထြင္ခဲ့တယ္။ ဒီမုန႔္ကေလးေတြဟာေအးေဆး ဝါးလို႔ရေအာင္ႏူးညံ့ရတယ္ ဒါေပမယ့္ သူ႔ပုံစံျဖစ္တဲ့
၀က္ဝံ႐ုပ္ကေလးမပ်က္ေအာင္ မာေက်ာရမယ္။

အဲ့ဒီလိုမ်ိဳးအရည္အေသြး မပါရွိတဲ့မုန႔္ေတြ ထုတ္လုပ္မႈမွာပါမပါ စစ္ေဆးဖို႔၁၅ႏွစ္ဝန္းက်င္ေလာက္ရွိတဲ့ကေလးေတြရဲ႕ အလုပ္ပါပဲ။”ဒါက႐ုပ္ရွင္ထဲက တီဗီမွာလာေနတဲ့ သတင္းပါပဲ။ကေလးသာသာအ႐ြယ္ကေလးေတြဟာ မုန႔္ျမည္းတဲ့အလုပ္ေလာက္ပဲ လုပ္သင့္ပါတယ္။

ဒါေပမယ့္ဒီသတင္းကိုၾကည့္ေနတဲ့ ၁၅ႏွစ္သားေကာင္ေလးရဲ႕အလုပ္ကေတာ့ စစ္တိုက္ရတာပါ။ ၂၀မေက်ာ္တဲ့ကေလးတစ္အုပ္ကို စစ္တိုက္ဖို႔ ေလ့က်င့္ေပးထားၿပီးသူတို႔အဖြဲ႕ကို Monosေတြလို႔ေခၚပါတယ္။သူတို႔ဘယ္ကလာလဲ ဘယ္လိုသူပုန္ျဖစ္လာလဲ မျပေပမယ့္သူတို႔ရွင္သန္ရတဲ့ဘ၀ကိုေတာ့ေဆးမွင္ရည္စုတ္ထိုးသလိုထင္းေနေအာင္ကို ျပသြားတယ္။

Monosလို႔ေခၚတဲ့ ကေလးတစ္အုပ္ကို သူပုန္အဖြဲ႕အစည္းက သုံ႔ပန္းဖမ္းထားတဲ့ အေမရိကန္အင္ဂ်င္နီယာမတစ္ေယာက္ကို ေစာင့္ၾကည့္ဖို႔တာ၀န္ေပးထားတယ္။တစ္ဆက္တည္းမွာပဲရိကၡာအတြက္ ႏို႔စားႏြားမတစ္ေကာင္ငွားေပးထားတယ္။ငွားေပးတယ္ဆိုတာ စစ္ဆင္းေရးၿပီးရင္ ျပန္ေပးရမယ့္သေဘာပါပဲ။

သူတို႔ကိုေပးထားတဲ့တာ၀န္မွာနံပါတ္တစ္အေရးႀကီးတာက စစ္သုံ႔ပန္းမလြတ္ေအာင္ၾကည့္ရမယ္။နံပါတ္ႏွစ္ အေရးႀကီးတာက ႏြားမကိုေသခ်ာေစာင့္ေရွာက္ရမယ္။ ဒါေပမယ့္ ကေလးေတြထဲကတစ္ေယာက္က ႏြားမကိုေသနတ္နဲ႔ပစ္မိသြားပါတယ္။

ဒီႏြားတစ္ေကာင္ေသတဲ့အတြက္ သူတို႔ထဲကတာ၀န္ယူထားတဲ့တစ္ေယာက္က ကြပ္မ်က္ခံရမွာပါ။ဒါေပမယ့္ သူ႔ကို အားေပးမယ့္သူ ဘယ္သူမွမရွိပါဘူးက်န္တဲ့ကေလးေတြအကုန္လုံးဟာေသသြားတဲ့ႏြားကိုေပၚရင္းအလုပ္မ်ားေနၾကတယ္။ ဒီမွာပဲအဲ့ဒီေကာင္ေလးဟာ သူ႔ကိုယ္သူသတ္ေသသြားတယ္။

သူတို႔အသက္ဟာ ႏြားတစ္ေကာင္ေလာက္မွ တန္ဖိုးမရွိတာလားေတာ့မသိပါဘူး။ ဒီအေၾကာင္းကိုသတင္းပို႔တဲ့အခ်ိန္မွာလည္း သူတို႔ေခါင္းေဆာင္လူႀကီးကအမွတ္မသားမရွိတဲ့ေျမပုံမွာျမႇပ္ဖို႔နဲ႔ ပစၥည္းေတြကိုခြဲယူလိုက္ဖို႔ကလြဲ ဘာမွေထြေထြထူးထူးေျပာမေနဘဲသူတို႔ဖမ္းထားတဲ့သူ အသက္ရွိေၾကာင္းသက္ေသလိုတယ္ပဲေျပာတယ္။

Monosဟာ ဒီလို ရွင္လည္းတန္ဖိုးထားမခံရတဲ့ ေသလည္းသတိရမယ့္သူမရွိတဲ့ကေလးတစ္အုပ္ရဲ႕ ဇာတ္လမ္းပါပဲ။တစ္ခါတေလက် ကြၽန္ေတာ္တို႔ကမာၻႀကီးကိုရက္စက္တဲ့ကမာၻႀကီးလို႔ဆိုရင္ ျငင္းရက္စရာမရွိပါဘူး။Monosကေတာ့ ခင္ဗ်ားကို ရက္စက္တဲ့ကမာၻထဲကပိုခက္တဲ့ဘ၀ေတြဆီ ေခၚသြားပါလိမ့္မယ္။

War Filmအမ်ိဳးအစားေပမယ့္ ထူးတာကသူပုန္ေတြဘက္က အေျခအေနကို ႐ိုက္ျပထားတာပါပဲ။Film Festivalအေတာ္မ်ားမ်ားမွာ Best Filmဆုရထားတဲ့အျပင္2019မွာထြက္ခဲ့တဲ့ War Filmေတြထဲမွာ 1917ၿပီးရင္အေကာင္းဆုံး War Filmပါပဲ။

(Direct Link) Large Size ~ Download

(Mega) Large Size ~ Download

(Mega) Small Size ~ Download

(Megaup.net) Large Size ~ Download

(Megaup.net) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *