Monstrum

1712
Share
Copy the link

Monstrum ဟာ ဘုရင်ဂျောင်ဂျုံလက်ထပ် ၁၅၇၂ ခုနှစ်မှာ တော်ဝင်နန်းတော်ကိုခြိမ်းခြောက်ခဲ့တဲ့ ထူးဆန်းတဲ့သတ္တဝါဆိုးကြီးအကြောင်းကိုမှတ်တမ်းမှတ်ရာတွေကို ပြန်လည်ရိုက်ကူးတင်ပြထားတဲ့ ကိုရီးယားနန်းတွင်းရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်…ဘုရင်က အဲဒီသတ္တဝါကြီးကို အမဲလိုက်ဖို့သူ့လူယုံတွေကိုစေခိုင်းခဲ့တဲ့အကြောင်း သမိုင်းမှတ်တမ်းထဲမှာ ဖော်ပြထားပါတယ်…ရုပ်ရှင်ဒါရိုက်တာ Heo Jang-ho က ”ဒီရုပ်ရှင်ဟာ စိတ်ကူးယဉ်သတ္တဝါအကြောင်းကို ပုံဖော်ထားပါတယ်….ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်စိတ်ကူးယဉ်ပုံစံကို အခြေခံထားတဲ့ သတ္တဝါတစ်ကောင်ကို ဖန်တီးခဲ့ပါတယ်…ဒါပေမယ့် ကွဲပြားချက်ရှိနေတာက ကျွန်တော်တို့က သမိုင်းမှတ်တမ်းတွေကနေအိုင်ဒီယာယူထားတာလည်း ဖြစ်ပါတယ် ” လို့ သြဂုတ်လ ၁၆ ရက်နေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်…

ဝါရင့်သရုပ်ဆောင် ကင်မြောင်မင်းက ဘုရင်ကိုထီးနန်းကနေဖယ်ရှားဖို့နဲ့ အန္တရာယ်ပေးနေတဲ့ သတ္တဝါဆိုးကြီး နောက်ကိုထပ်ကြပ်မကွာလိုက်သွားခဲ့တဲ့ ဘုရင့်ရဲ့လူယုံတော် Yoon Gyeom အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်….မင်းသား Kim In-kwon ကတော့ရှာဖွေရေးအဖွဲ့ထဲကYoon ရဲ့ညာလက်ရုံး Seong-han အဖြစ်သရုပ်ဆောင်ထားပါတယ်…နာမည်ကျော် Kpop အဆိုတော်အဖွဲ့ Girl – Day မှအဆိုတော် သရုပ်ဆောင်Hyeri က Yoon ရဲ့သမီး Myeong အဖြစ်လည်းကောင်းမင်းသား Choi Woo-Sik ကဘုရင့်အမိန့်တော်ကို လာရောက်ပေးအပ်တဲ့တပ်မှူးအဖြစ်လည်းကောင်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်… မင်းသား Kim Myung-min က ”ဇာတ်ညွှန်းကစိတ်ဝင်စားဖို့ကောင်းပြီးထူးခြားပါတယ်…မမြင်ရတဲ့ရန်သူကို တိုက်ခိုက်ရမယ်ဆိုတဲ့အချက်ကကျွန်တော့ကိုစိတ်ဝင်စားစေပါတယ်…ပြီးတော့ ရုပ်ရှင်ဟာ စိတ်ကူးယဉ်နဲ့စိတ်ကူးယဉ်နဲ့တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းကိုအခြေခံထားလို့လည်းစိတ်ဝင်စားဖို့ကောင်းပါတယ်..’Yoon အဖြစ်နဲ့သမိုင်းနောက်ခံဒရာမာတွေမှာ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေအားလုံးကို မြင်တွေ့နိုင်မှာပါ…ကျွန်တော်အရင်တုန်းကသရုပ်ဆောင်ခဲ့တာတွေနဲ့လည်း ဆင်တူပါတယ်…ပြီးတော့ ဇာတ်ကောင်ကို ကျွန်တော်ပေါ့ပေါ့ပါးပါးရောလေးလေးပင်ပင်ရော မဖြစ်အောင်ဖန်တီးထားပါတယ်…” လို့ပြောကြားခဲ့ပါတယ်….အခုရုပ်ရှင်ဟာ မင်းသမီး Hyeri အတွက်တော့ ပထမဆုံး ရုပ်ရှင်လည်းဖြစ်ပါတယ်….သူက ဂျိုဆွန်းခေတ်မှာ ဇာတ်အိမ်တည်ထားတဲ့ သတ္တဝါအဆန်းကြီးအကြောင်းဖြစ်တဲ့အတွက် ရုပ်ရှင်ကပိုပြီးဆွဲဆောင်မှု့ရှိမယ်လို့ ကျွန်မခံစားရပါတယ်…ကျွန်မအတွက်စီနီယာကျတဲ့ သရုပ်ဆောင်ကောင်းတွေနဲ့ အလုပ်အတူလုပ်ရတာ ဂုဏ်ယူမိတယ် ” လို့ပြောဆိုခဲ့ပါတယ်…သူ့အတွက်ပထမဆုံး ရုပ်ရှင်ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိပေမယ့်ရုပ်ရှင်ရိုက်ကူးနေစဉ်နဲ့ မြှားပစ်လေ့ကျင့်ရေးတို့မှာလည်းပျော်ရွှင်ခဲ့ရတဲ့အကြောင်းလည်းပြောဆိုခဲ့ပါတယ်…

ဒီကားဟာ Rating 6 ရရှိထားပြီးတော့ Action ကားတွေကြိုက်တဲ့လူတွေအတွက် ဇာတ်ကားအစပိုင်းမှာ အရသာပေါ့သလိုခံစားနိုင်ပေမယ့်နောက်ပိုင်းတွေကစပြီးတော့ အပြီးထိကြည့်ချင်စိတ်ကိုဆွဲခေါ်သွားစေနိုင်မယ့် ကားဖြစ်ပါတယ်….

mega.nz (Mega) Large Size ~ Download

megaup.net (Megaup) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshinportal) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *