Moonlight (2016)

14700
Share
Copy the link

MOONLIGHT မြန်မာလိုပြန်ရပါမူ လရောင်ဟု အဓိပ္ပါယ်ရသည်….လရောင်ဆမ်းသောညကိုမကြုံဖူးသူမရှိပေ..လရောင်သည် သက်ရှိသက်မဲ့အရာအားလုံး၏ မူလအရောင်ကိုမှေးဖျော့လွှမ်းမိုးနိုင်စွမ်းရှိသည် လရောင်သည် နူးညံသည် သိမ့်မွေ့သည် သို့သော်ထိရောက်မှုစွမ်းအား ကသိပ်ကိုကြီးမားလွန်းသည်

ဒြပ်ရှိအရာများကိုမဆိုထားဘိ ဒြပ်မဲ့နှလုံးသားရဲ့ခံစားချက်ကိုပင် ဆွဲငင်နိုင်စွမ်းရှိသည် ယခုဇတ်ကား…Moonlight ဟုအမည်ပေးထားသော ဒီဇတ်ကားထဲမှာ အပိုင်း ၃ပိုင်းပါသည် ကလေးဘ၀ လူငယ်ဘ၀ လူကြီးဘဝ…. အပျံသင်ခါစနုလုံးသားနုနုအရွယ်ကလေးဘဝမှာလရောင်နှင့် အလားသဏ္ဍန်တူသည့် ပတ်ဝန်းကျင်စိုးမိုးမှုကိုစပြသည်…

အမေကဆေးစွဲနေသည် အားကိုးရမဲ့ဖြစ်နေတဲ့သူ့ကိုရွယ်တူလူငယ်တစ်စုကနာမည်ပြောင်ခပ်ဆိုးဆိုးတွေခေါ်ရင်းအနိုင်ကျင့်ခံရနေရသည်…..ကလေးရဲ့နှလုံးသားက ဒဏ်ရာဗရပွဖြစ်နေသည်……လူငယ်ဘ၀ လူကြီး အခြေအနေတွေ သူ့ရဲ့ရပ်တည်ပုံတွေပြသည်……

ဒီကားက နောက်ခံတေးသွားက မပါသလောက် effectနတ္ထိ….မျက်စိပသာဒဖြစ်စေမဲ့ အပေါ်ယံအလှတရားမပါအကုန်လုံးက လူမဲတွေကြီးသရုပ်ဆောင်ထားသည်….ဒါရိုက်တာကလည်း လူမဲ….သို့ပေမဲ့ LA LA LAND ,HACKSAW RIDGEတို့ကိုကျော်လွန်ပြီး အကောင်းဆုံးရုပ်ရှင်ဆု၊အကောင်းဆုံးမှီငြိမ်းဇတ်ညွှန်းဆု၊အကောင်းဆုံးဇတ်ပို့ဆုတို့ကိုရရှိသွားသည်…..

ဇတ်ကားရဲ့ဖြစ်စဉ်တွေ ပေးချင်တဲ့Messageတွေက moonlightဆိုသောအမည်နာမနှင့်လိုက်ဖက်လှသည်….ကိုင်းပရိတ်သတ်ကြီးရေ ခင်ဗျားတို့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာရော ဘယ်လို လရောင်လေးများလွှမ်းမိုးခံနေရလဲခင်ဗျားတို့ကလည်း တခြားသူကို ဘယ်လိုအရောင်အဆင်းတွေများ လွှမ်းမိုးပေးနိုင်လဲကို ဒီကားလေးကြည့်ရင်း ဆုံးဖြတ်လိုကြပါတော့ဗျာ

Zawgyi






megaup.net (Megaup.net) Large Size ~ Download

disk.yandex.com (Disk Yandex) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *