Mulholland Drive (2001)

18639
Share
Copy the link

Hollywood က ငွေရောင်ပိတ်ကားတွေထက်မှာ အထင်ပေါ်ဆုံးသူဖြစ်ဖို့၊ အကျော်ကြားဆုံးနဲ့ အရည်အချင်းအရှိဆုံး မင်းသမီးအဖြစ် လူတွေဝိုင်းရံနေတဲ့ ကော်ဇောနီတွေပေါ်မှာ လျှောက်လှမ်းနိုင်ဖို့။ ဒါတွေက အိမ်နဲ့ဝေးရာ California က ရုပ်ရှင်ကမ္ဘာကို အရောက်လာခဲ့တဲ့ Betty Elms ရဲ့ စိတ်ကူးအိပ်မက်တွေပဲ။

City of Angels လို့ သမုတ်ကြတဲ့ဒီမြို့တော်က သူ့အဒေါ်ရဲ့နေအိမ်ကို Betty ရောက်တဲ့အချိန်မှာ၊ သူမမျှော်လင့်ထားတဲ့ အံ့သြစရာတစ်ခုက အဆင်သင့်စောင့်ကြိုနေတယ်။ အဲဒါကတော့၊ အိမ်ထဲမှာ ကြိုရောက်နေတဲ့၊ အတိတ်မေ့နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံရတာပဲ။

သူ့ရဲ့အဒေါ်နဲ့လဲ ဆက်စပ်မှုမရှိ၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုလဲ မေးမရပေမယ့်၊ ရှင်းပြလို့မရနိုင်တဲ့ ခံစားချက်တစ်ခုကြောင့်၊ Rita လို့ သူ့ကိုယ်သူ နာမည်ပေးထားတဲ့ ဒီကောင်မလေး ဘယ်သူဆိုတာကို သိရအောင်ကူညီပေးဖို့ Betty ဆုံးဖြတ်လိုက်တယ်။

သူစိတ်ဝင်စားနေတဲ့ ရုပ်ရှင်ဇာတ်ရုပ်တစ်ခုမှာ သရုပ်ဆောင်ရမယ့် အခွင့်အရေးကို၊ အဆက်အသွယ်ကောင်းတဲ့ တခြားမင်းသမီးလက်ထဲကို လွှဲပေးလိုက်ရတဲ့အချိန်၊ တစ်ဖက်မှာလည်း Rita ခုလို အတိတ်မေ့သွားတာ သွေးရိုးသားရိုးမဟုတ်တဲ့ မတော်တဆမှုတစ်ခုကြောင့် ဆိုတာကို သိလိုက်ရတယ်။

ဒီလိုနဲ့ တစ်စတစ်စ ပေါ်လာတဲံ Rita ရဲ့ နောက်ကြောင်းကို စုံစမ်းရင်း၊ Rita အတိတ်မမေ့ခင် နေခဲ့တယ်လို့ ယူဆရတဲ့အိမ်ကို သူတို့တွေရောက်သွားချိန်မှာ ကိစ္စအားလုံးကို ပိုပြီးရှုပ်ထွေးစေမယ့် အရာတစ်ခုကို တွေ့လိုက်ရတဲ့အခါမှာတော့ … … …

Naomi Watts နဲ့ Laura Elena Harring တို့ ဦးဆောင်ပါဝင်ထားတဲ့ ဒါရိုက်တာ David Lynch ရဲ့လက်ရာပါ။ ဒီမင်းသမီးတွေကို အနုပညာလမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်ခဲ့သလို၊ Lynch ကိုလည်း အကယ်ဒမီဆုအတွက် nomination ရစေခဲ့တဲ့ Mulholland Drive ကို ဒီဒါရိုက်တာကြီးရဲ့ အပြောင်မြောက်ဆုံး ဇာတ်ကားတွေထဲ ထိပ်ဆုံးကလို့ ညွှန်းဆိုကြလေ့ရှိပါတယ်။

မူလက ရုပ်သံဇာတ်လမ်းတွဲတစ်ခု ဖန်တီးဖို့ရည်ရွယ်ချက်နဲ့ ဇာတ်သိမ်းမရေရာတဲ့ Pilot Episode အဖြစ် ရိုက်ကူးခဲ့ပေမယ့်၊ ပယ်ချခံခဲ့ရတဲ့နောက်မှာ၊ ရိုက်ထားပြီးသားဇာတ်လမ်းကို ဇာတ်သိမ်းခန်း ထပ်မံရိုက်ကူးဖြည့်စွက်ပြီး ရုပ်ရှင်ကားကြီးအဖြစ် အသွင်ပြောင်းခဲ့တာပါ။

ဒီအချက်ကြောင့်ရယ်၊ Lynch ရဲ့ ပင်ကိုယ်ရိုက်ကူးမှုပုံစံရယ်ကြောင့်၊ Mulholland Drive ရဲ့ ဇာတ်လမ်းဟာ တိတိကျကျရယ်လို့ မဟုတ်ပဲ ကြည့်ရှုသူရဲ့ အဓိပ္ပါယ်ကောက်မှုအပေါ် မူတည်ပြီး ကွာခြားသွားတတ်တဲ့ သဘာ၀ ရှိနေတာဖြစ်ပြီး၊ အဲဒါကပဲ သူ့ရဲ့အဓိကဆွဲဆောင်မှု ဖြစ်လာခဲ့ပါတယ်။

ရိုက်ကူးထားတဲ့ပုံစံကတော့ David Lynch ကားတွေရဲ့ထုံးစံအတိုင်းပဲ၊ တစ်သမတ်တည်းဖြစ်တဲ့ ဇာတ်လမ်းသွားမဟုတ်သလို၊ တစ်ကားလုံးမှာ ကင်မရာအသုံးပြုနည်းမျိုးစုံကို သုံးထားတာကြောင့် ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ အတွင်းစိတ်နဲ့ အခြေအနေတစ်ခုအပေါ် ဘာကြောင့်ဒီလိုတုံ့ပြန်လဲ ဆိုတဲ့အကြောင်းရင်းကို ကြည့်နေတဲ့သူကို အတွင်းကျကျခံစားမိစေပါတယ်။

ဒါ့အပြင်၊ ဇာတ်ဝင်ခန်းတိုင်းမှာ အသုံးပြုထားတဲ့ နောက်ခံအသံကလဲ ဒီဇာတ်ဝင်ခန်းကပေးချင်တဲ့ စိုးရိမ်စိတ်၊ ကြောက်စိတ် အစရှိတဲ့ ခံစားချက်တွေကို ပရိသတ်ခံစားမိအောင် တွန်းပို့ပေးခဲ့ပါတယ်။

2001 ခုနှစ်၊ Cannes ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့ပြီး၊ ဝေဖန်ရေးဆရာတွေနဲ့ ပရိသတ်တွေရဲ့ အထူးချီးကျူးမှုကိုရရှိခဲ့တဲ့ Mulholland Drive ဟာ ဒေါ်လာ ၁၅ သန်း အကုန်အကျခံ ရိုက်ကူးခဲ့တာဖြစ်ပြီး၊ ကမ္ဘာတစ်ဝှမ်း စုစုပေါင်းဝင်ငွေ သန်း ၂၀ ကျော် ပြန်ရခဲ့ပါတယ်။

ဒါတွေကတော့ Mulholland Drive ရဲ့ Wikipedia article က fact တွေ သက်သက်ရယ်ပါ။ ပြောချင်တာကတော့၊ Mulholland Drive ကို ပထမဆုံး ကြည့်မိတဲ့အချိန်မှာ ကင်မရာရိုက်ချက်တွေနဲ့ ပတ်သတ်တဲ့အရာတွေ၊ နောက်ခံအသံတွေ၊ အဲဒီလိုအရာတွေကို ဂရုမစိုက်အားခဲ့ဘူး ဆိုတာပါပဲ။

ဒါ့ကြောင့် အခုပြောပြမယ့် ကျွန်တော့်အမြင် ဆိုတာကလဲ၊ review ဆိုတာထက်၊ ပရိသတ်တစ်ယောက်အနေနဲ့ကြည့်ပြီး ခံစားရတဲ့ ကိုယ်ပိုင်ခံစားချက်သက်သက်ပါ။ဒါရိုက်တာကြီး David Lynch ရဲ့လက်ရာတွေထဲ ပထမဆုံးကြည့်မိတဲ့ ဒီကားထဲ မျောနေရင်း ပထမဆုံး ရလိုက်တာက အိပ်မက်မက်နေရတဲ့ ဖီလ်လင်ပါပဲ။

ဇာတ်လမ်းဟာ ကစဉ့်ကလျားနဲ့ အစီအစဉ်မကျဘူး။ ဒါပေမယ့်၊ အဲဒီအပိုင်းအစလေးတွေကပဲ အာရုံကို တခြားမလွှဲနိုင်အောင် ဆွဲဆောင်ထားတယ်။ အဆက်အစပ်မရှိတဲ့ ဇာတ်ဝင်ခန်းတွေ တစ်ခုပေါ်တစ်ခု ထပ်လာတဲ့အချိန်မှာ၊ စိတ်ရှုပ်ထွေးသွားရမယ့်အစား၊ ဘာတွေထပ်မြင်ရမလဲဆိုတဲ့ စူးစမ်းစိတ်ကသာ ပိုလာတယ်။

အဓိပ္ပါယ် ရေရေရာရာ မထင်ရှားတဲ့ ကမ္ဘာတစ်ခုထဲကို ရောက်နေပေမယ့်၊ ကသိကအောက်ဖြစ်မနေပဲ အချိန်တန်ရင် အားလုံးဆက်စပ်မိမှာပါဆိုတဲ့ အာမခံချက်လေးက စိတ်ထဲမှာ အလိုလိုရောက်နှင့်နေတယ်။

တကယ်လည်း ဇာတ်လမ်းဆုံးတဲ့အခါမှာ၊ ဇာတ်လမ်းရှေ့ပိုင်း တစ်ဝက်ကျော်ကျော်လောက် ကြည့်ခဲ့ရတဲ့ ဟိုရောက်ဒီရောက်ဖြစ်နေတဲ့ ဇာတ်အိမ်ငယ်တွေက အစပ်အဟပ်တည့်သွားတယ်။ ဒါပေမယ့်၊ ထူးခြားချက်က အဲဒီဇာတ်လမ်းအပိုင်းအစလေးတွေရဲ့ အဓိပ္ပါယ်ဟာ ဇာတ်သိမ်းတဲ့အထိ သတ်သတ်မှတ်မှတ်မရှိပဲ၊ ကိုယ်အဓိပါ္ပယ်ဖွင့်ချင်သလို ဖွင့်လိုရနေတာပဲ။

အဲဒါကြောင့်ပဲ၊ ဒီဒါရိုက်တာကြီးက သူ့ဇာတ်ကားရဲ့ အဓိကလိုရင်းက ဘာဆိုတာကို ရှင်းရှင်းလင်းလင်းထုတ်ပြောဖို့ ငြင်းခဲ့တယ်ဆိုတာ နားလည်သွားရတယ်။ဒ

ါ့အပြင်၊ Betty Elms နဲ့ Diane Selwyn, Rita နဲ့ Camilla Rhodes တို့တွေ ဘယ်လိုဆက်စပ်မှူရှိနေလဲ၊ ဇာတ်လမ်းအစမှာ ကြားခဲ့ရတဲ့ Betty ရဲ့ စကားလေးတစ်ခွန်းဟာ နောက်ပိုင်း Diane ရဲ့ အမူအကျင့်ကို ဘယ်လိုသက်ရောက်နေလဲ။

ဇာတ်သိမ်းမှာ တွေ့ရတဲ့ Camilla ရဲ့ စရိုက်က Rita နဲ့ Betty တို့ရဲ့ ကနဦးဆက်ဆံရေးကို ဘယ်လိုပုံဖော်ခဲ့သလဲ။ ဒီလိုမေးခွန်းတွေအများကြီး ကိုယ့်ကိုယ်ကို ပြန်မေးနေရင်း၊ ရလာတဲ့အဖြေက တစ်ခုတည်းမဟုတ်သလို၊ ဒီအဖြေတစ်ခုချင်းကလဲ အဓိပ္ပါယ်ရှိနေတာတွေက Mulholland Drive ကို ကြည့်ပြီး ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊

ဒီကားနဲ့ပတ်သတ်တဲ့ ကိုယ့်အမြင်ကို ထုတ်ပြောမှဖြစ်မယ်ဆိုတဲ့ ပရိသတ်တွေ ချင်ခြင်းတက်မှုရဲ့ အဓိကအကြောင်းရင်းပါပဲ။အခုဒီလိုတွေ ပြောနေပေမယ့်၊ ဒီကားရဲ့အရသာကို တကယ်နားလည်ဖို့က ကိုယ်တိုင်ကြည့်လိုက်မှ ဖြစ်မှာပါ။

Psychological Thriller တွေကို အရသာတွေ့တဲ့သူတွေ၊ တွေးစရာပေးတဲ့ ဇာတ်ကားမျိုးကို သဘောကျပါတယ်ဆိုတဲ့သူတွေ သာမက၊ ရုပ်ရှင်ကို ဝါသနာပါသူမှန်ရင် လက်မလွှတ်သင့်တဲ့ ဇာတ်ကားပါပဲ။

တကယ်ကြည့်ဖြစ်မယ့်သူတွေ အရသာမပျက်အောင် ဒီပို့စ်မှာ spoiler မထည့်ထားပေမယ့်၊ တကယ်လို့ တခြား review တွေဖတ်ပြီးသား၊ ဇာတ်လမ်းသွားသိပြီးသားမို့၊ မကြည့်တော့ဘူးဆိုရင်တော့ နစ်နာမယ်လို့ပဲ ပြောပါရစေ။

Zawgyi

Hollywood က ေငြေရာင္ပိတ္ကားေတြထက္မွာ အထင္ေပၚဆုံးသူျဖစ္ဖို႔၊ အေက်ာ္ၾကားဆုံးနဲ႔ အရည္အခ်င္းအရွိဆုံး မင္းသမီးအျဖစ္ လူေတြဝိုင္းရံေနတဲ့ ေကာ္ေဇာနီေတြေပၚမွာ ေလွ်ာက္လွမ္းႏိုင္ဖို႔။ ဒါေတြက အိမ္နဲ႔ေဝးရာ California က ႐ုပ္ရွင္ကမာၻကို အေရာက္လာခဲ့တဲ့ Betty Elms ရဲ႕ စိတ္ကူးအိပ္မက္ေတြပဲ။

City of Angels လို႔ သမုတ္ၾကတဲ့ဒီၿမိဳ႕ေတာ္က သူ႔အေဒၚရဲ႕ေနအိမ္ကို Betty ေရာက္တဲ့အခ်ိန္မွာ၊ သူမေမွ်ာ္လင့္ထားတဲ့ အံ့ၾသစရာတစ္ခုက အဆင္သင့္ေစာင့္ႀကိဳေနတယ္။ အဲဒါကေတာ့၊ အိမ္ထဲမွာ ႀကိဳေရာက္ေနတဲ့၊ အတိတ္ေမ့ေနတဲ့ မိန္းကေလးတစ္ေယာက္နဲ႔ ဆုံရတာပဲ။

သူ႔ရဲ႕အေဒၚနဲ႔လဲ ဆက္စပ္မႈမရွိ၊ ဘာေတြျဖစ္ခဲ့တယ္ဆိုတာကိုလဲ ေမးမရေပမယ့္၊ ရွင္းျပလို႔မရႏိုင္တဲ့ ခံစားခ်က္တစ္ခုေၾကာင့္၊ Rita လို႔ သူ႔ကိုယ္သူ နာမည္ေပးထားတဲ့ ဒီေကာင္မေလး ဘယ္သူဆိုတာကို သိရေအာင္ကူညီေပးဖို႔ Betty ဆုံးျဖတ္လိုက္တယ္။

သူစိတ္ဝင္စားေနတဲ့ ႐ုပ္ရွင္ဇာတ္႐ုပ္တစ္ခုမွာ သ႐ုပ္ေဆာင္ရမယ့္ အခြင့္အေရးကို၊ အဆက္အသြယ္ေကာင္းတဲ့ တျခားမင္းသမီးလက္ထဲကို လႊဲေပးလိုက္ရတဲ့အခ်ိန္၊ တစ္ဖက္မွာလည္း Rita ခုလို အတိတ္ေမ့သြားတာ ေသြး႐ိုးသား႐ိုးမဟုတ္တဲ့ မေတာ္တဆမႈတစ္ခုေၾကာင့္ ဆိုတာကို သိလိုက္ရတယ္။

ဒီလိုနဲ႔ တစ္စတစ္စ ေပၚလာတဲံ Rita ရဲ႕ ေနာက္ေၾကာင္းကို စုံစမ္းရင္း၊ Rita အတိတ္မေမ့ခင္ ေနခဲ့တယ္လို႔ ယူဆရတဲ့အိမ္ကို သူတို႔ေတြေရာက္သြားခ်ိန္မွာ ကိစၥအားလုံးကို ပိုၿပီးရႈပ္ေထြးေစမယ့္ အရာတစ္ခုကို ေတြ႕လိုက္ရတဲ့အခါမွာေတာ့ … … …

Naomi Watts နဲ႔ Laura Elena Harring တို႔ ဦးေဆာင္ပါဝင္ထားတဲ့ ဒါ႐ိုက္တာ David Lynch ရဲ႕လက္ရာပါ။ ဒီမင္းသမီးေတြကို အႏုပညာလမ္းေၾကာင္းမွန္ေပၚ တင္ေပးႏိုင္ခဲ့သလို၊ Lynch ကိုလည္း အကယ္ဒမီဆုအတြက္ nomination ရေစခဲ့တဲ့ Mulholland Drive ကို ဒီဒါ႐ိုက္တာႀကီးရဲ႕ အေျပာင္ေျမာက္ဆုံး ဇာတ္ကားေတြထဲ ထိပ္ဆုံးကလို႔ ၫႊန္းဆိုၾကေလ့ရွိပါတယ္။

မူလက ႐ုပ္သံဇာတ္လမ္းတြဲတစ္ခု ဖန္တီးဖို႔ရည္႐ြယ္ခ်က္နဲ႔ ဇာတ္သိမ္းမေရရာတဲ့ Pilot Episode အျဖစ္ ႐ိုက္ကူးခဲ့ေပမယ့္၊ ပယ္ခ်ခံခဲ့ရတဲ့ေနာက္မွာ၊ ႐ိုက္ထားၿပီးသားဇာတ္လမ္းကို ဇာတ္သိမ္းခန္း ထပ္မံ႐ိုက္ကူးျဖည့္စြက္ၿပီး ႐ုပ္ရွင္ကားႀကီးအျဖစ္ အသြင္ေျပာင္းခဲ့တာပါ။

ဒီအခ်က္ေၾကာင့္ရယ္၊ Lynch ရဲ႕ ပင္ကိုယ္႐ိုက္ကူးမႈပုံစံရယ္ေၾကာင့္၊ Mulholland Drive ရဲ႕ ဇာတ္လမ္းဟာ တိတိက်က်ရယ္လို႔ မဟုတ္ပဲ ၾကည့္ရႈသူရဲ႕ အဓိပၸါယ္ေကာက္မႈအေပၚ မူတည္ၿပီး ကြာျခားသြားတတ္တဲ့ သဘာ၀ ရွိေနတာျဖစ္ၿပီး၊ အဲဒါကပဲ သူ႔ရဲ႕အဓိကဆြဲေဆာင္မႈ ျဖစ္လာခဲ့ပါတယ္။

႐ိုက္ကူးထားတဲ့ပုံစံကေတာ့ David Lynch ကားေတြရဲ႕ထုံးစံအတိုင္းပဲ၊ တစ္သမတ္တည္းျဖစ္တဲ့ ဇာတ္လမ္းသြားမဟုတ္သလို၊ တစ္ကားလုံးမွာ ကင္မရာအသုံးျပဳနည္းမ်ိဳးစုံကို သုံးထားတာေၾကာင့္ ဇာတ္ေကာင္တစ္ေယာက္ခ်င္းစီရဲ႕ အတြင္းစိတ္နဲ႔ အေျခအေနတစ္ခုအေပၚ ဘာေၾကာင့္ဒီလိုတုံ႔ျပန္လဲ ဆိုတဲ့အေၾကာင္းရင္းကို ၾကည့္ေနတဲ့သူကို အတြင္းက်က်ခံစားမိေစပါတယ္။

ဒါ့အျပင္၊ ဇာတ္ဝင္ခန္းတိုင္းမွာ အသုံးျပဳထားတဲ့ ေနာက္ခံအသံကလဲ ဒီဇာတ္ဝင္ခန္းကေပးခ်င္တဲ့ စိုးရိမ္စိတ္၊ ေၾကာက္စိတ္ အစရွိတဲ့ ခံစားခ်က္ေတြကို ပရိသတ္ခံစားမိေအာင္ တြန္းပို႔ေပးခဲ့ပါတယ္။

2001 ခုႏွစ္၊ Cannes ႐ုပ္ရွင္ပြဲေတာ္မွာ ပြဲဦးထြက္ျပသခဲ့ၿပီး၊ ေဝဖန္ေရးဆရာေတြနဲ႔ ပရိသတ္ေတြရဲ႕ အထူးခ်ီးက်ဴးမႈကိုရရွိခဲ့တဲ့ Mulholland Drive ဟာ ေဒၚလာ ၁၅ သန္း အကုန္အက်ခံ ႐ိုက္ကူးခဲ့တာျဖစ္ၿပီး၊ ကမာၻတစ္ဝွမ္း စုစုေပါင္းဝင္ေငြ သန္း ၂၀ ေက်ာ္ ျပန္ရခဲ့ပါတယ္။

ဒါေတြကေတာ့ Mulholland Drive ရဲ႕ Wikipedia article က fact ေတြ သက္သက္ရယ္ပါ။ ေျပာခ်င္တာကေတာ့၊ Mulholland Drive ကို ပထမဆုံး ၾကည့္မိတဲ့အခ်ိန္မွာ ကင္မရာ႐ိုက္ခ်က္ေတြနဲ႔ ပတ္သတ္တဲ့အရာေတြ၊ ေနာက္ခံအသံေတြ၊ အဲဒီလိုအရာေတြကို ဂ႐ုမစိုက္အားခဲ့ဘူး ဆိုတာပါပဲ။

ဒါ့ေၾကာင့္ အခုေျပာျပမယ့္ ကြၽန္ေတာ့္အျမင္ ဆိုတာကလဲ၊ review ဆိုတာထက္၊ ပရိသတ္တစ္ေယာက္အေနနဲ႔ၾကည့္ၿပီး ခံစားရတဲ့ ကိုယ္ပိုင္ခံစားခ်က္သက္သက္ပါ။ဒါ႐ိုက္တာႀကီး David Lynch ရဲ႕လက္ရာေတြထဲ ပထမဆုံးၾကည့္မိတဲ့ ဒီကားထဲ ေမ်ာေနရင္း ပထမဆုံး ရလိုက္တာက အိပ္မက္မက္ေနရတဲ့ ဖီလ္လင္ပါပဲ။

ဇာတ္လမ္းဟာ ကစဥ့္ကလ်ားနဲ႔ အစီအစဥ္မက်ဘူး။ ဒါေပမယ့္၊ အဲဒီအပိုင္းအစေလးေတြကပဲ အာ႐ုံကို တျခားမလႊဲႏိုင္ေအာင္ ဆြဲေဆာင္ထားတယ္။ အဆက္အစပ္မရွိတဲ့ ဇာတ္ဝင္ခန္းေတြ တစ္ခုေပၚတစ္ခု ထပ္လာတဲ့အခ်ိန္မွာ၊ စိတ္ရႈပ္ေထြးသြားရမယ့္အစား၊ ဘာေတြထပ္ျမင္ရမလဲဆိုတဲ့ စူးစမ္းစိတ္ကသာ ပိုလာတယ္။

အဓိပၸါယ္ ေရေရရာရာ မထင္ရွားတဲ့ ကမာၻတစ္ခုထဲကို ေရာက္ေနေပမယ့္၊ ကသိကေအာက္ျဖစ္မေနပဲ အခ်ိန္တန္ရင္ အားလုံးဆက္စပ္မိမွာပါဆိုတဲ့ အာမခံခ်က္ေလးက စိတ္ထဲမွာ အလိုလိုေရာက္ႏွင့္ေနတယ္။

တကယ္လည္း ဇာတ္လမ္းဆုံးတဲ့အခါမွာ၊ ဇာတ္လမ္းေရွ႕ပိုင္း တစ္ဝက္ေက်ာ္ေက်ာ္ေလာက္ ၾကည့္ခဲ့ရတဲ့ ဟိုေရာက္ဒီေရာက္ျဖစ္ေနတဲ့ ဇာတ္အိမ္ငယ္ေတြက အစပ္အဟပ္တည့္သြားတယ္။ ဒါေပမယ့္၊ ထူးျခားခ်က္က အဲဒီဇာတ္လမ္းအပိုင္းအစေလးေတြရဲ႕ အဓိပၸါယ္ဟာ ဇာတ္သိမ္းတဲ့အထိ သတ္သတ္မွတ္မွတ္မရွိပဲ၊ ကိုယ္အဓိပါၸယ္ဖြင့္ခ်င္သလို ဖြင့္လိုရေနတာပဲ။

အဲဒါေၾကာင့္ပဲ၊ ဒီဒါ႐ိုက္တာႀကီးက သူ႔ဇာတ္ကားရဲ႕ အဓိကလိုရင္းက ဘာဆိုတာကို ရွင္းရွင္းလင္းလင္းထုတ္ေျပာဖို႔ ျငင္းခဲ့တယ္ဆိုတာ နားလည္သြားရတယ္။ဒ

ါ့အျပင္၊ Betty Elms နဲ႔ Diane Selwyn, Rita နဲ႔ Camilla Rhodes တို႔ေတြ ဘယ္လိုဆက္စပ္မႉရွိေနလဲ၊ ဇာတ္လမ္းအစမွာ ၾကားခဲ့ရတဲ့ Betty ရဲ႕ စကားေလးတစ္ခြန္းဟာ ေနာက္ပိုင္း Diane ရဲ႕ အမူအက်င့္ကို ဘယ္လိုသက္ေရာက္ေနလဲ။

ဇာတ္သိမ္းမွာ ေတြ႕ရတဲ့ Camilla ရဲ႕ စ႐ိုက္က Rita နဲ႔ Betty တို႔ရဲ႕ ကနဦးဆက္ဆံေရးကို ဘယ္လိုပုံေဖာ္ခဲ့သလဲ။ ဒီလိုေမးခြန္းေတြအမ်ားႀကီး ကိုယ့္ကိုယ္ကို ျပန္ေမးေနရင္း၊ ရလာတဲ့အေျဖက တစ္ခုတည္းမဟုတ္သလို၊ ဒီအေျဖတစ္ခုခ်င္းကလဲ အဓိပၸါယ္ရွိေနတာေတြက Mulholland Drive ကို ၾကည့္ၿပီး ႀကိဳက္သည္ျဖစ္ေစ၊ မႀကိဳက္သည္ျဖစ္ေစ၊

ဒီကားနဲ႔ပတ္သတ္တဲ့ ကိုယ့္အျမင္ကို ထုတ္ေျပာမွျဖစ္မယ္ဆိုတဲ့ ပရိသတ္ေတြ ခ်င္ျခင္းတက္မႈရဲ႕ အဓိကအေၾကာင္းရင္းပါပဲ။အခုဒီလိုေတြ ေျပာေနေပမယ့္၊ ဒီကားရဲ႕အရသာကို တကယ္နားလည္ဖို႔က ကိုယ္တိုင္ၾကည့္လိုက္မွ ျဖစ္မွာပါ။

Psychological Thriller ေတြကို အရသာေတြ႕တဲ့သူေတြ၊ ေတြးစရာေပးတဲ့ ဇာတ္ကားမ်ိဳးကို သေဘာက်ပါတယ္ဆိုတဲ့သူေတြ သာမက၊ ႐ုပ္ရွင္ကို ဝါသနာပါသူမွန္ရင္ လက္မလႊတ္သင့္တဲ့ ဇာတ္ကားပါပဲ။

တကယ္ၾကည့္ျဖစ္မယ့္သူေတြ အရသာမပ်က္ေအာင္ ဒီပို႔စ္မွာ spoiler မထည့္ထားေပမယ့္၊ တကယ္လို႔ တျခား review ေတြဖတ္ၿပီးသား၊ ဇာတ္လမ္းသြားသိၿပီးသားမို႔၊ မၾကည့္ေတာ့ဘူးဆိုရင္ေတာ့ နစ္နာမယ္လို႔ပဲ ေျပာပါရေစ။

mega.nz (Mega) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

upstream.to (Up Stream) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *