My Own Private Idaho (1991)

11439
Share
Copy the link

Narcolepsy လို့ခေါ်တဲ့ ဦးနှောက်တုံ့ပြန်မှုပုံမမှန်ဝေဒနာသည် ခြေသလုံးအိမ်တိုင် မိုက်ဝေါတားစ်(River Phoenix)က gay prostitute အဖြစ် လုပ်စားနေသူပါ။ စကော့တ်ဖေဗာ(Keanu Reeves)က မြို့တော်ဝန်ရဲ့သား ဖြစ်ပေမယ့် မိဘတွေနဲ့ သဘောထားချင်းမတိုက်ဆိုင်လို့ အိမ်ပေါ်က ဆင်းပြီး မိုက်တို့လို လိုက်လုပ်ပြီး နေတယ်။

သူတို့လို လမ်းဘေးလူငယ်လေးတွေက ဘော့ပ်လို့ ခေါ်တဲ့ လူဝကြီးတဦးကို ခေါင်းဆောင်တင်ထားတယ်။ ငယ်ငယ်ကတည်းက မေတ္တာငတ်ခဲ့တဲ့ မိုက်ဟာ ပျောက်ဆုံးနေတဲ့ မိခင်ကို ရှာဖွေရင်း စကော့တ်ကို သံယောဇဉ်တွယ်လာခဲ့တယ်။

အခြေအနေတခုကြောင့်သာ လမ်းဘေးဘဝကို ရွေးချယ်ခဲ့တဲ့ စကော့တ်က အချိန်တန်ရင် မိဘဆီ ပြန်မှာလို့ ပြောထားပြီးသား။ ဘော့ပ်တို့ကလည်း စကော့တ်ကို မျှော်မှန်းပြီး ဆင်ဖြူတော်မှီကြံစုပ်ဖို့ ရည်ရွယ်ထားတယ်။ အဆင့်အတန်းနဲ့ ဘဝ မိုးနဲ့မြေလို ကွာခြားတဲ့ သူငယ်ချင်းနှစ်ယောက် ခွဲရမယ့် တနေ့ကို ရောက်လာတဲ့အခါမှာတော့…။

ဒီကားကို ရှိတ်စပီးယားရဲ့ Henry IV ပြဇာတ်ကို မှီငြမ်းပြီး indepentdant film အဖြစ် ရိုက်ထားတာ ဖြစ်ပါတယ်။ ကျနော်တို့ဂျွန်ဝစ်ကြီး ငယ်ငယ်က River Phoenix နဲ့ ရိုက်ခဲ့တဲ့ bromance ဇာတ်ကားဖြစ်ပါတယ်။

(Joaquin Phoenix ရဲ့အကိုလို့ ပြောစရာ မလိုအောင်) River Phoenix က သရုပ်ဆောင် ကောင်းလွန်းလို့ ဒီကားနဲ့ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ Best Actor ဆုရခဲ့သလို Best Supporting Actor အဖြစ် အော်စကာတစ်ကြိုစာရင်းထဲ ဝင်ခဲ့ပါတယ်။

ကီနူးရိဗ်က ဒီရုပ်ရှင်ရဲ့ ဇာတ်အကြမ်းမူကို သူ့အချစ်ဆုံးသူငယ်ချင်း River ဆီ မိုင်တထောင်ကျော်ခရီးကို ဆိုင်ကယ်စီးပြီး သွားပြခဲ့သတဲ့။ ဝမ်းနည်းစရာကောင်းတာက River ဟာ ဒီကားရိုက်ပြီး နှစ်နှစ်အကြာ အသက် ၂၃ အရွယ်မှာ overdose ဖြစ်ပြီး ကွယ်လွန်ခဲ့ပါတယ်။

လူကြီးများနှင့် အတူကြည့်ဖို့ မသင့်တော်တဲ့ ဇာတ်ဝင်ခန်းနဲ့ စကားလုံးတွေ ပါဝင်ပါတယ်။ ဖောင်းဒိုင်းအခန်းတွေကို သရုပ်ဖော်ထားပုံက ထူးခြားပါတယ် (ကြည့်ပြီးရင်တော့ မဆဲပါနဲ့ :3 )။

Zawgyi

Narcolepsy လို႔ေခၚတဲ့ ဦးေႏွာက္တုံ႔ျပန္မႈပုံမမွန္ေဝဒနာသည္ ေျခသလုံးအိမ္တိုင္ မိုက္ေဝါတားစ္(River Phoenix)က gay prostitute အျဖစ္ လုပ္စားေနသူပါ။ စေကာ့တ္ေဖဗာ(Keanu Reeves)က ၿမိဳ႕ေတာ္ဝန္ရဲ႕သား ျဖစ္ေပမယ့္ မိဘေတြနဲ႔ သေဘာထားခ်င္းမတိုက္ဆိုင္လို႔ အိမ္ေပၚက ဆင္းၿပီး မိုက္တို႔လို လိုက္လုပ္ၿပီး ေနတယ္။

သူတို႔လို လမ္းေဘးလူငယ္ေလးေတြက ေဘာ့ပ္လို႔ ေခၚတဲ့ လူဝႀကီးတဦးကို ေခါင္းေဆာင္တင္ထားတယ္။ ငယ္ငယ္ကတည္းက ေမတၱာငတ္ခဲ့တဲ့ မိုက္ဟာ ေပ်ာက္ဆုံးေနတဲ့ မိခင္ကို ရွာေဖြရင္း စေကာ့တ္ကို သံေယာဇဥ္တြယ္လာခဲ့တယ္။

အေျခအေနတခုေၾကာင့္သာ လမ္းေဘးဘဝကို ေ႐ြးခ်ယ္ခဲ့တဲ့ စေကာ့တ္က အခ်ိန္တန္ရင္ မိဘဆီ ျပန္မွာလို႔ ေျပာထားၿပီးသား။ ေဘာ့ပ္တို႔ကလည္း စေကာ့တ္ကို ေမွ်ာ္မွန္းၿပီး ဆင္ျဖဴေတာ္မွီႀကံစုပ္ဖို႔ ရည္႐ြယ္ထားတယ္။ အဆင့္အတန္းနဲ႔ ဘဝ မိုးနဲ႔ေျမလို ကြာျခားတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ ခြဲရမယ့္ တေန႔ကို ေရာက္လာတဲ့အခါမွာေတာ့…။

ဒီကားကို ရွိတ္စပီးယားရဲ႕ Henry IV ျပဇာတ္ကို မွီျငမ္းၿပီး indepentdant film အျဖစ္ ႐ိုက္ထားတာ ျဖစ္ပါတယ္။ က်ေနာ္တို႔ဂြၽန္ဝစ္ႀကီး ငယ္ငယ္က River Phoenix နဲ႔ ႐ိုက္ခဲ့တဲ့ bromance ဇာတ္ကားျဖစ္ပါတယ္။

(Joaquin Phoenix ရဲ႕အကိုလို႔ ေျပာစရာ မလိုေအာင္) River Phoenix က သ႐ုပ္ေဆာင္ ေကာင္းလြန္းလို႔ ဒီကားနဲ႔ ဗင္းနစ္႐ုပ္ရွင္ပြဲေတာ္မွာ Best Actor ဆုရခဲ့သလို Best Supporting Actor အျဖစ္ ေအာ္စကာတစ္ႀကိဳစာရင္းထဲ ဝင္ခဲ့ပါတယ္။

ကီႏူးရိဗ္က ဒီ႐ုပ္ရွင္ရဲ႕ ဇာတ္အၾကမ္းမူကို သူ႔အခ်စ္ဆုံးသူငယ္ခ်င္း River ဆီ မိုင္တေထာင္ေက်ာ္ခရီးကို ဆိုင္ကယ္စီးၿပီး သြားျပခဲ့သတဲ့။ ဝမ္းနည္းစရာေကာင္းတာက River ဟာ ဒီကား႐ိုက္ၿပီး ႏွစ္ႏွစ္အၾကာ အသက္ ၂၃ အ႐ြယ္မွာ overdose ျဖစ္ၿပီး ကြယ္လြန္ခဲ့ပါတယ္။

လူႀကီးမ်ားႏွင့္ အတူၾကည့္ဖို႔ မသင့္ေတာ္တဲ့ ဇာတ္ဝင္ခန္းနဲ႔ စကားလုံးေတြ ပါဝင္ပါတယ္။ ေဖာင္းဒိုင္းအခန္းေတြကို သ႐ုပ္ေဖာ္ထားပုံက ထူးျခားပါတယ္ (ၾကည့္ၿပီးရင္ေတာ့ မဆဲပါနဲ႔ :3 )။

mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *