Nathan’s Kingdom (2019)
14384Nathan’s kingdom လို့ အမည်ရတဲ့ ဒီကားလေးကတော့ Sci-fi , adventure နဲ့ dramaတို့ကို အချိုးညီညီ ပေါင်းစပ်ထားတဲ့ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ အော်တစ်ဇင်ဖြစ်နေတဲ့ နေသန့်ရဲ့ခေါင်းထဲမှာ ငယ်ငယ်က သူ့ညီမလော်ရာ ပြောပြဖူးတဲ့ kingdomဆိုတဲ့နေရာလေးက အမြဲစွဲလမ်းနေပါတယ်။
Kingdom မှာဆိုရင် ဘာအပူအပင်မှ မရှိပဲ အရာအားလုံးဟာ ပျော်ရွှင်စရာတွေနဲ့ပြည့်နေမယ်လို့ သူက ယုံကြည်ထားပါတယ်။အော်တစ်ဇင် ဖြစ်နေတဲ့ အကိုရဲ့ လုပ်ရပ်တချို့ကြောင့် လော်ရာရဲ့နေ့စဥ်ဘ၀မှာ အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်လာရပါတော့တယ်။
နောက်ဆုံး ဘာဆုံးရှုံးစရာမှ မရှိတော့တဲ့ လော်ရာဟာ သူ့အကို ရှာချင်နေတဲ့ kingdomကို လိုက်ရှာပေးဖို့ နှစ်ယောက်အတူကားတစ်စီးနဲ့ခရီးထွက်ခဲ့ပါတော့တယ်။ broken familyက ဆင်းသက်လာတဲ့အော်တစ်ဇင်တစ်ယောက်ရဲ့ ခံစားချက်တွေကို စာနာပေးနိုင်ကြမှာလား….နေသန်ရဲ့ စိတ်ကူးထဲက Kingdomက အပြင်မှာရော လက်တွေ့ ရှိနိုင်ပါ့မလား……
ဒီခရီးမှာ အရမ်းချစ်ကြတဲ့ မောင်နှမနှစ်ယောက်ကြားမှာရော ဘာတွေ ဖြစ်လာဦးမလဲ..…. IMDb rating 7.2 ရရှိထားတဲ့ ဒီကားလေးဟာ ဆုကိုးဆုထိ ဆွတ်ခူးရရှိထားပြီးအထူးသဖြင့် သူများနဲ့မတူတဲ့animationလေးတွေက စိတ်၀င်စားဖို့ကောင်းနေတာတော့ အမှန်ပဲဖြစ်ပါတယ်..
Zawgyi



(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download
(Users Drive) Large Size ~ Download
(Users Drive) Small Size ~ Download
(Disk Yandex) Large Size ~ Download
(Disk Yandex) Small Size ~ Download
(Yoteshin) Large Size ~ Download
(Yoteshin) Small Size ~ Download