Natsamrat (2016)

15001
Share
Copy the link

ကုလားကားကြိုက်သူတွေအတွက် Rating မြင့် ပညာပေးကားကြီးလာပါပြီဗျား…ဘဝဆိုတာ တိုတောင်းပါတယ်။ဒီတိုတောင်းပါတယ်ဆိုတဲ့ ဘဝထဲမှာပဲအချိန်တွေဆိုတာ တိုင်းတာရအတော်ခက်ပါတယ်။

ဘဝတွေမှာ တည်ဆောက်သမျှ အရာရာဟာ ခိုင်မာလာဖို့အချိန်သာလိုကြောင်း သိရှိခဲ့ပြီးတဲ့နောက်မှာလည်းအရာရာဟာ ဝေးလွင့််ပျက်ပြယ်ခြင်းအလို့ငှါအချိန်ကိုသာပဲ လိုလေကြောင်းလည်း နားလည်ခဲ့ရတယ်။

ဒီဇာတ်လမ်းလေးက တစ်ဘဝလုံးတည်ဆောက်ခဲ့သမျှကိုသားသမီးတွေကို မျက်ကန်းယုံမှတ်ခဲ့လို့….ထင်ပေါ်ကျော်ကြားခဲ့ပါတဲ့ ပြဇာတ်တို့ရဲ့ဘုရင် ဘဝကနေသူတောင်းစားသာသာ ဘဝရောက်သွားခဲ့တဲ့လူတစ်ယောက်အကြောင်းပါ။ဒီအဖြစ်အပျက်ကလေးက ဟိုးငယ်ငယ်တုန်းကကုဋ္ဌေရှစ်ဆယ်သူဋ္ဌေးဘဝကနေသူတောင်းစားဖြစ်သွားခဲ့ကောင်လေးလိုပါပဲ။

သို့ပေမဲ့ ဒီလူကတော့ အဖေတစ်ယောက်ပေါ့။ထပ်ပေါင်းပြောရရင် လူကောင်းတစ်ယောက်ပေါ့။လူတွေရဲ့ ပေတံတွေမှာ ခင်ဗျားရဲ့ တကယ့်စိတ်ကဘယ်လိုပဲကောင်းမွန်နေပါစေ….အပြောအဆို အပြုအမူ ရုပ်ဟန်တွေဟာအပေါ်ယံတွေပါဆိုဆိုကြလည်း ဒီလိုအရာတွေနဲ့လူတွေက ခင်ဗျားကို တိုင်းတာကြမှာပါပဲ။

အဝေးကြီးမတွေးပါနဲ့…ခင်ဗျားရဲ့မိဘခင်ဗျားရဲ့သားသမီး ခင်ဗျားရဲ့ချစ်သူတွေကတောင်ဒီပေတံနဲ့ပဲ တိုင်းတာကြဦးမှာပါ။ဒီဇာတ်လမ်းက အဲ့ဒီလိုအတိုင်းတာခံခဲ့ရတဲ့လူတစ်ယောက်အကြောင်းဆိုလည်း ဟုတ်ပါတယ်။အဖေတစ်ယောက် အဘိုးတစ်ယောက်ရဲ့ ဆန်ရေတို့အကြောင်းကို မိဘမဖြစ်ဖူးတဲ့ ကျွန်တော်သိပ်လည်းမပြောပြတတ်ပါဘူး။

သူ့စိတ်သဘောကိုကျွန်တော် ခံစားရသလိုရေးချပြရမယ်ဆိုရင်တော့…” ပေးအပ်ရန် တစ်စုံတစ်ရာမရှိပါကလည်းမရှိခြင်းကို ပေးအပ်ချင်ပါသေး၏။ခံယူသူ အလို့ငှါ ဘယ်သို့ဘယ်ပုံ သေးငယ်မည်နည်းကိုကျွန်တော် မသိတတ်နိုင်ပါ။

ကျွန်တော့်ကမ္ဘာ၏ ဆယ်ဖို့တစ်ဖို့ကိုသာ နေ့ဖို့ညစာ ချန်ခဲ့ပါ၏။”လို့ပဲ ဆိုရမည်ပေါ့။ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေကြ မိဘနဲ့သားသမီးကြားကအရိုးရှင်းဆုံးအဖြစ်အပျက်တွေကိုပဲ…အနက်ရှိုင်းဆုံး ခံစားချက်တွေနဲ့ ခံစားသက်ဝင်ကြည့်လိုက်ကြပါ။

Zawgyi

ကုလားကားႀကိဳက္သူေတြအတြက္ Rating ျမင့္ ပညာေပးကားႀကီးလာပါၿပီဗ်ား…ဘဝဆိုတာ တိုေတာင္းပါတယ္။ဒီတိုေတာင္းပါတယ္ဆိုတဲ့ ဘဝထဲမွာပဲအခ်ိန္ေတြဆိုတာ တိုင္းတာရအေတာ္ခက္ပါတယ္။

ဘဝေတြမွာ တည္ေဆာက္သမွ် အရာရာဟာ ခိုင္မာလာဖို႔အခ်ိန္သာလိုေၾကာင္း သိရွိခဲ့ၿပီးတဲ့ေနာက္မွာလည္းအရာရာဟာ ေဝးလြင့္္ပ်က္ျပယ္ျခင္းအလို႔ငွါအခ်ိန္ကိုသာပဲ လိုေလေၾကာင္းလည္း နားလည္ခဲ့ရတယ္။

ဒီဇာတ္လမ္းေလးက တစ္ဘဝလုံးတည္ေဆာက္ခဲ့သမွ်ကိုသားသမီးေတြကို မ်က္ကန္းယုံမွတ္ခဲ့လို႔….ထင္ေပၚေက်ာ္ၾကားခဲ့ပါတဲ့ ျပဇာတ္တို႔ရဲ႕ဘုရင္ ဘဝကေနသူေတာင္းစားသာသာ ဘဝေရာက္သြားခဲ့တဲ့လူတစ္ေယာက္အေၾကာင္းပါ။ဒီအျဖစ္အပ်က္ကေလးက ဟိုးငယ္ငယ္တုန္းကကုေ႒ရွစ္ဆယ္သူေ႒းဘဝကေနသူေတာင္းစားျဖစ္သြားခဲ့ေကာင္ေလးလိုပါပဲ။

သို႔ေပမဲ့ ဒီလူကေတာ့ အေဖတစ္ေယာက္ေပါ့။ထပ္ေပါင္းေျပာရရင္ လူေကာင္းတစ္ေယာက္ေပါ့။လူေတြရဲ႕ ေပတံေတြမွာ ခင္ဗ်ားရဲ႕ တကယ့္စိတ္ကဘယ္လိုပဲေကာင္းမြန္ေနပါေစ….အေျပာအဆို အျပဳအမူ ႐ုပ္ဟန္ေတြဟာအေပၚယံေတြပါဆိုဆိုၾကလည္း ဒီလိုအရာေတြနဲ႔လူေတြက ခင္ဗ်ားကို တိုင္းတာၾကမွာပါပဲ။

အေဝးႀကီးမေတြးပါနဲ႔…ခင္ဗ်ားရဲ႕မိဘခင္ဗ်ားရဲ႕သားသမီး ခင္ဗ်ားရဲ႕ခ်စ္သူေတြကေတာင္ဒီေပတံနဲ႔ပဲ တိုင္းတာၾကဦးမွာပါ။ဒီဇာတ္လမ္းက အဲ့ဒီလိုအတိုင္းတာခံခဲ့ရတဲ့လူတစ္ေယာက္အေၾကာင္းဆိုလည္း ဟုတ္ပါတယ္။အေဖတစ္ေယာက္ အဘိုးတစ္ေယာက္ရဲ႕ ဆန္ေရတို႔အေၾကာင္းကို မိဘမျဖစ္ဖူးတဲ့ ကြၽန္ေတာ္သိပ္လည္းမေျပာျပတတ္ပါဘူး။

သူ႔စိတ္သေဘာကိုကြၽန္ေတာ္ ခံစားရသလိုေရးခ်ျပရမယ္ဆိုရင္ေတာ့…” ေပးအပ္ရန္ တစ္စုံတစ္ရာမရွိပါကလည္းမရွိျခင္းကို ေပးအပ္ခ်င္ပါေသး၏။ခံယူသူ အလို႔ငွါ ဘယ္သို႔ဘယ္ပုံ ေသးငယ္မည္နည္းကိုကြၽန္ေတာ္ မသိတတ္ႏိုင္ပါ။

ကြၽန္ေတာ့္ကမာၻ၏ ဆယ္ဖို႔တစ္ဖို႔ကိုသာ ေန႔ဖို႔ညစာ ခ်န္ခဲ့ပါ၏။”လို႔ပဲ ဆိုရမည္ေပါ့။ကမာၻေပၚမွာ ျဖစ္ပ်က္ေနၾက မိဘနဲ႔သားသမီးၾကားကအ႐ိုးရွင္းဆုံးအျဖစ္အပ်က္ေတြကိုပဲ…အနက္ရႈိင္းဆုံး ခံစားခ်က္ေတြနဲ႔ ခံစားသက္ဝင္ၾကည့္လိုက္ၾကပါ။

(Direct Link) Large Size ~ Download

(Users Drive) Large Size ~ Download

(Up Stream) Large Size ~ Download

(Megaup.net) Large Size ~ Download

(Yoteshin Portal) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *