Never Let Me Go (2010)

15967
Share
Copy the link

Kathy, Tommy, Ruth ဆိုတဲ့သူငယ်ချင်း ၃ယောက်ဟာ ကျေးလက်တောရွာလေးတစ်ခုကမိဘမဲ့ကျောင်းမှာတအတူတူကြီးပြင်းလာခဲ့ကြတဲ့ကလေးလေးတွေပေါ့။

ထူးခြားတာတစ်ခုက အဲ့ဒီကျောင်းလေးကသာမန်ကျောင်းလို့ထင်ရပေမယ့် ကျောင်းရဲ့ရည်ရွယ်ချက်အမှန်က ကလေးတွေအတွက်အရမ်းကိုခါးသီးလွန်းတဲ့အပြင် ကလေးတွေမှာရွေးချယ်ခွင့်မရှိပဲအဲ့ဒီခါးသီးတဲ့လမ်းကိုပဲတစ်သက်လုံးလျှောက်လှမ်းကြရမှာပါ။

သူငယ်ချင်း ၃ယောက်ရဲ့ သံယောဇဉ်၊ အချစ်စိတ်တွေ သဝန်တိုမှုတွေ ကြားဝင်ဖြတ်စီးခံရမှုတွေနဲ့ သူတို့ရဲ့ ကံကြမ္မာဘဝလမ်းခရီးကဘယ်လိုဖြစ်မလဲ….. မိဘမဲ့ကျောင်းရဲ့ ရည်ရွယ်ချက်အမှန်ကဘာဖြစ်မလဲ….…ဒါရိုက်တာက လူတစ်ယောက်ရဲ့တန်ဘိုး…စတေးခံတွေရဲ့ဘဝ…ဘယ်သူတွေက ချမ်းသာတဲ့သူလဲ..လူသာချင်းစာနာထောက်ထားမှုဆိုတာဘာလဲ…

ဘယ်သူတွေကစာနာတတ်တဲ့လူလဲ…စတာတွေကိုပြချင်တာပါ…ပြီးတော့ ဒီကားထဲက သရုပ်ဆောင် (၃)ယောက်ဖြစ်တဲ့Carey Mulligan, Kiera Knightley မင်းသား Andrew Garfield တို့ကိုအားလုံးလည်းရင်းနှီးပြီးသားပါ…စပိုက်ဒါမင်းသား အဖြစ်လူသိများတဲ့ Andrew Garfield ဟာ အကောင်းဆုံးဇာတ်ပို့ဆုရသွားပါတယ်

အကောင်းဆုံးရုပ်ရှင်ဆု အကောင်းဆုံးဇာတ်ညွှန်းဆု အကောင်းဆုံး ဇာတ်ပို့ဆုတွေ ဇကာတင်စာရင်းဝင်ခဲ့ပါတယ်.ဖျော်ဖြေရေးဆန်တဲ့ကားမဟုတ်ဘူးလို့ တစ်ချို့သူတွေကဆိုလိမ့်မယ်…
သို့ပေမယ့် ကားကောင်းလေးတစ်ခုပါလို့recommend လုပ်ပါရစေ..

Zawgyi






mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *