Nightcrawler (2014)

18025
Share
Copy the link

ဒီဇာတ်ကားမှာလဲ ကိုယ့်ကိုယ်ကျို းအတွက်သာကြည့်တဲ့ သတင်းသမားတစ်ယောက်အကြောင်းကို တင်ပြရိုက်ကူးထားတာပါ။ Lou Bloom( Jake Gyllenhaal)ဟာ အလုပ်လက်မဲ့တစ်ယောက်ဖြစ်ပြီးတော့ ကုမ္ပဏီတွေဆီမှာ အလုပ်လျှောက်ခဲ့ပေမယ့်အလုပ်မရခဲ့ပါဘူး။

တစ်ညမှာ အက်စီးဒင့်တစ်ခုဖြစ်နေတာကို သတင်းသမားတွေက သတင်းယူ သတင်းရောင်းတာ တွေ့လိုက်တော့သူ သတင်းသမားဘဝကို စိတ်ဝင်စားသွားပါတယ်။သူ စက်ဘီးတစ်စီးကို ခိုးရောင်းပြီးတော့ ရတဲ့ပိုက်ဆံနဲ့ ကင်မရာ ဆက်သွယ်ရေးကိရိယာတွေဝယ်ပြီးကားစုတ်လေးပေါ်တပ် သတင်းသမားဘဝကို စတင်ပါတော့တယ်။

တကယ်တော့ သတင်းယူတယ်ဆိုတာလည်း မလွယ်လှပါဘူး။ရေဒီယိုက မြည်လာတဲ့အကူအညီတောင်းတဲ့နေရာ ဖြစ်ပွားတဲ့နေရာဆီကို အလုအယက်သွားနိုင်မှ သတင်းကိုဦးဦးဖျားဖျားရယူနိုင်တာပါ။နောက်ကျရင်တော့ သူ့သတင်းကို ဘယ်သတင်းဋ္ဌာနကမှ မဝယ်တော့ပါဘူး။

နည်းနည်းလူရည်လာ တဲ့ Lou Bloomက လူတစ်ယောက်ကို တစ်ည ဒေါ်လာသုံးဆယ်နဲ့ငှားလိုက်ပါတယ်။အဲဒီလူက ရေဒီယိုက မြည်လာတဲ့နေရာကို Lou Bloomကို လမ်းညွှန်ပြောပြရတာပါ။ Lou Bloomက ကားမောင်းတာပါ။

Lou Bloom က ပိုက်ဆံလိုချင်လို့သာ သတင်းသမားဝင်လုပ်ခဲ့တာပါ။ဘာကျင့်ဝတ်ဘာစည်းကမ်းမှ နားလည်တဲ့သူမဟုတ်ပါဘူး။သူ့ခေါင်းထဲမှာ သတင်းရ ရင် ပိုက်ဆံရမယ်ဆိုတာပဲ တွေးထားသူပါ။ဘယ်သူ့ကိုမှလည်း အားနာထောက်ထားသူမဟုတ်ပါဘူး။

အမဲလိုက်ခွေးလိုသတင်းကိုပဲ အမြဲ အနံ့ခံနေတတ်ပြီး သူ့အလုပ်ကို အချိန်ပြည့်အာရုံစိုက်တာကြောင့် သတင်းဋ္ဌာနတွေကသူ့ကို သဘောကျကြပါတယ်။သူရဲ့ ဝိရီယကောင်းမှု လျင်မြန်ဖျတ်လတ်မှု ဖျတ်ထိုးဉာဏ်ကောင်းမှု တွေက သူ့အလုပ်မှာအောင်မြင်လာပြီး ထိုက်သင့်တဲ့ငွေကြေးတွေပါပိုင်ဆိုင်လာခဲ့ပါတော့တယ်။

Lou Bloom ရဲ့ ငွေကြေးမက်မောမှု က ဘယ်လောက်ဆိုးရွားသလဲဆိုရင် သူလိုဘဝတူသတင်းသမားတစ်ယောက် သတင်းယူရင်ကားအက်ဆီးဒင့်ဖြစ်တာကိုတောင် အားနာငဲ့ညှာမှု မပေးပဲ သတင်းလုပ်ရောင်းစားခဲ့သူပါ။

တစ်ညတော့ လူသတ်ဓါးမြတိုက်တဲ့နေရာကို သူတို့က အရင်ဆုံးရောက်ခဲ့ကြပြီးတော့ လူသတ်သမားတွေရော စီးတဲ့ကားကိုပါ ကင်မရာနဲ့ရိုက်ကူးနိုင်ခဲ့ပါတယ်။ နောက် အိမ်ထဲထိဝင်ပြီးတော့ အသတ်ခံရတဲ့မိသားစု တွေကိုပါ သတင်းရိုက်ကူးခဲ့ပါတယ်။သူအဲဒီသတင်းအတွက် မြိုးမြို းမြက်မြက်ရလိုက်ပါပြီ။

အပြင်မှာတော့ဂယက်ထနေပါပြီ။ရဲကခေါ်စစ်ပါတယ်။သူက လူသတ်သမားတွေကိုရိုက်ထားတဲ့ဗီဒီယိုဖိုင်ကို ဝှက်ထားပြီး မသိကြောင်းငြင်းခဲ့ပါတယ်။သူက အဲဒါကို ထပ်ပြီးအသုံးချဖို့ပါ။
နောက်တော့ လူသတ်သမားတွေနောက်ကို ခြေရာခံပြီး ရဲတွေဆီသတင်းပို့ပါတယ်။သူတို့က ကင်မရာနဲ့ ချိန်ထားပါတယ်။

အမှန်က သတင်းတစ်ခုဖြစ်အောင် Lou Bloom ကလက်တစ်လုံးခြားလုပ်လိုက်တာပါပဲ။ဘဝရပ်တည်ရေးအတွက် ဘာမဆိုလုပ်ရဲတဲ့ Lou Bloomတစ်ယောက်သတင်း သမားအဖြစ်အောင်မြင်သွားအောင်မှာလား၊ရဲတွေလက်ကရော လွတ်မြောက်နိူင်ပါ့မှာလား ဆိုတာ စိတ်ဝင်စားစရာပါ။

သတင်းသမားဆိုင်မှာ ကျင့်ဝတ်တွေနဲ့ ပတ်သတ်ပြီး ပညာပေးထားတဲ့ဒီဇာတ်ကားကို မကြည့်ရသေးတဲ့ ဘော်ဒါများ မလွတ်တမ်းအားပေးကြပါဟု ပြောရင်းနဲ့။ရုပ်ရှင်ချစ်သယ်ရင်းများကျန်းမာချမ်းသာကြပါစေ

Zawgyi

ဒီဇာတ္ကားမွာလဲ ကိုယ့္ကိုယ္က်ိဳ းအတြက္သာၾကည့္တဲ့ သတင္းသမားတစ္ေယာက္အေၾကာင္းကို တင္ျပ႐ိုက္ကူးထားတာပါ။ Lou Bloom( Jake Gyllenhaal)ဟာ အလုပ္လက္မဲ့တစ္ေယာက္ျဖစ္ၿပီးေတာ့ ကုမၸဏီေတြဆီမွာ အလုပ္ေလွ်ာက္ခဲ့ေပမယ့္အလုပ္မရခဲ့ပါဘူး။

တစ္ညမွာ အက္စီးဒင့္တစ္ခုျဖစ္ေနတာကို သတင္းသမားေတြက သတင္းယူ သတင္းေရာင္းတာ ေတြ႕လိုက္ေတာ့သူ သတင္းသမားဘဝကို စိတ္ဝင္စားသြားပါတယ္။သူ စက္ဘီးတစ္စီးကို ခိုးေရာင္းၿပီးေတာ့ ရတဲ့ပိုက္ဆံနဲ႔ ကင္မရာ ဆက္သြယ္ေရးကိရိယာေတြဝယ္ၿပီးကားစုတ္ေလးေပၚတပ္ သတင္းသမားဘဝကို စတင္ပါေတာ့တယ္။

တကယ္ေတာ့ သတင္းယူတယ္ဆိုတာလည္း မလြယ္လွပါဘူး။ေရဒီယိုက ျမည္လာတဲ့အကူအညီေတာင္းတဲ့ေနရာ ျဖစ္ပြားတဲ့ေနရာဆီကို အလုအယက္သြားႏိုင္မွ သတင္းကိုဦးဦးဖ်ားဖ်ားရယူႏိုင္တာပါ။ေနာက္က်ရင္ေတာ့ သူ႔သတင္းကို ဘယ္သတင္း႒ာနကမွ မဝယ္ေတာ့ပါဘူး။

နည္းနည္းလူရည္လာ တဲ့ Lou Bloomက လူတစ္ေယာက္ကို တစ္ည ေဒၚလာသုံးဆယ္နဲ႔ငွားလိုက္ပါတယ္။အဲဒီလူက ေရဒီယိုက ျမည္လာတဲ့ေနရာကို Lou Bloomကို လမ္းၫႊန္ေျပာျပရတာပါ။ Lou Bloomက ကားေမာင္းတာပါ။

Lou Bloom က ပိုက္ဆံလိုခ်င္လို႔သာ သတင္းသမားဝင္လုပ္ခဲ့တာပါ။ဘာက်င့္ဝတ္ဘာစည္းကမ္းမွ နားလည္တဲ့သူမဟုတ္ပါဘူး။သူ႔ေခါင္းထဲမွာ သတင္းရ ရင္ ပိုက္ဆံရမယ္ဆိုတာပဲ ေတြးထားသူပါ။ဘယ္သူ႔ကိုမွလည္း အားနာေထာက္ထားသူမဟုတ္ပါဘူး။

အမဲလိုက္ေခြးလိုသတင္းကိုပဲ အၿမဲ အနံ႔ခံေနတတ္ၿပီး သူ႔အလုပ္ကို အခ်ိန္ျပည့္အာ႐ုံစိုက္တာေၾကာင့္ သတင္း႒ာနေတြကသူ႔ကို သေဘာက်ၾကပါတယ္။သူရဲ႕ ဝိရီယေကာင္းမႈ လ်င္ျမန္ဖ်တ္လတ္မႈ ဖ်တ္ထိုးဉာဏ္ေကာင္းမႈ ေတြက သူ႔အလုပ္မွာေအာင္ျမင္လာၿပီး ထိုက္သင့္တဲ့ေငြေၾကးေတြပါပိုင္ဆိုင္လာခဲ့ပါေတာ့တယ္။

Lou Bloom ရဲ႕ ေငြေၾကးမက္ေမာမႈ က ဘယ္ေလာက္ဆိုး႐ြားသလဲဆိုရင္ သူလိုဘဝတူသတင္းသမားတစ္ေယာက္ သတင္းယူရင္ကားအက္ဆီးဒင့္ျဖစ္တာကိုေတာင္ အားနာငဲ့ညႇာမႈ မေပးပဲ သတင္းလုပ္ေရာင္းစားခဲ့သူပါ။

တစ္ညေတာ့ လူသတ္ဓါးျမတိုက္တဲ့ေနရာကို သူတို႔က အရင္ဆုံးေရာက္ခဲ့ၾကၿပီးေတာ့ လူသတ္သမားေတြေရာ စီးတဲ့ကားကိုပါ ကင္မရာနဲ႔႐ိုက္ကူးႏိုင္ခဲ့ပါတယ္။ ေနာက္ အိမ္ထဲထိဝင္ၿပီးေတာ့ အသတ္ခံရတဲ့မိသားစု ေတြကိုပါ သတင္း႐ိုက္ကူးခဲ့ပါတယ္။သူအဲဒီသတင္းအတြက္ ၿမိဳးၿမိဳ းျမက္ျမက္ရလိုက္ပါၿပီ။

အျပင္မွာေတာ့ဂယက္ထေနပါၿပီ။ရဲကေခၚစစ္ပါတယ္။သူက လူသတ္သမားေတြကို႐ိုက္ထားတဲ့ဗီဒီယိုဖိုင္ကို ဝွက္ထားၿပီး မသိေၾကာင္းျငင္းခဲ့ပါတယ္။သူက အဲဒါကို ထပ္ၿပီးအသုံးခ်ဖို႔ပါ။
ေနာက္ေတာ့ လူသတ္သမားေတြေနာက္ကို ေျခရာခံၿပီး ရဲေတြဆီသတင္းပို႔ပါတယ္။သူတို႔က ကင္မရာနဲ႔ ခ်ိန္ထားပါတယ္။

အမွန္က သတင္းတစ္ခုျဖစ္ေအာင္ Lou Bloom ကလက္တစ္လုံးျခားလုပ္လိုက္တာပါပဲ။ဘဝရပ္တည္ေရးအတြက္ ဘာမဆိုလုပ္ရဲတဲ့ Lou Bloomတစ္ေယာက္သတင္း သမားအျဖစ္ေအာင္ျမင္သြားေအာင္မွာလား၊ရဲေတြလက္ကေရာ လြတ္ေျမာက္ႏိူင္ပါ့မွာလား ဆိုတာ စိတ္ဝင္စားစရာပါ။

သတင္းသမားဆိုင္မွာ က်င့္ဝတ္ေတြနဲ႔ ပတ္သတ္ၿပီး ပညာေပးထားတဲ့ဒီဇာတ္ကားကို မၾကည့္ရေသးတဲ့ ေဘာ္ဒါမ်ား မလြတ္တမ္းအားေပးၾကပါဟု ေျပာရင္းနဲ႔။႐ုပ္ရွင္ခ်စ္သယ္ရင္းမ်ားက်န္းမာခ်မ္းသာၾကပါေစ

(Direct Link) Large Size ~ Download

(Mega) Large Size ~ Download

(Users Drive) Large Size ~ Download

(Megaup.net) Large Size ~ Download

(Up stream) Large Size ~ Download

(Yoteshin Portal) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *