No one killed Jessica (2011)

13868
Share
Copy the link

ဒီဇာတ်ကားလေးကတော့တရားမျှတမုှနဲ့သြဇာအာဏာတို့လွန်ဆွဲမုှတို့ကိုထင်းလင်းအောင် ဖော်ပြထားပြီးအမှန်တရားရဲ့နိမိတ်ပုံကိုလည်းမီးမောင်းထိုးပြပေးနေတဲ့ဇာတ်ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ဤ ဇာတ်ကားရဲ့အဖွင့်မှာတော့Night Club တစ်ခုမှာ လူသတ်မှုဖြစ်ပွားပုံနဲ့အစပျိုးထားခဲ့ပါတယ်။

အသတ်ခံရသူမှာ တက်သစ်စမော်ဒယ်လ် ဂျက်ဆီကာ ဖြစ်ပြီး သူမ အားသေနတ်ဖြင့်ပစ်သတ်ခဲ့သူကတော့ မနစ်ရှ်ဘာဝဂျ် ပဲဖြစ်ပါတယ်။ဖြစ်ပွားပုံကတော့ မနစ်ရ်ှ အရက်တောင်းဝယ်ရင်းဂျက်ဆီကာ နဲ့အချင်းများရာမှစခဲ့တာပါ။

ဘားပိတ်ချိန်ဖြစ်၍ အရက်မရောင်းတော့ကြောင်းဂျက်ဆီကာ ရှင်းပြသော်လည်း အရက်မူးလွန်သူမနစ်ရှ် အတွက်တော့ နားမဝင်ခဲ့ဘဲ လူသတ်မှုကျူးလွန်ခဲ့တာပါ။အဲ့ဒီနောက် ဂျက်ဆီကာရဲ့အစ်မ ဆက်ဘရီနားကမနစ်ရှ်ကို စွဲချက်တင်ပြီးအမှန်တရားပေါ်ပေါက်စေရန်ကြိုးပမ်းခဲ့ပါတယ်။

သို့သော် မနစ်ရှ် ဟာ ဝန်ကြီးတစ်ဦးရဲ့သားဖြစ်တာကြောင့်ဆက်ဘရီနားအတွက် မလွယ်ကူခဲ့ပါဘူး။ဒီလူသတ်မှုမှာမျက်မြင်သက်သေ ၃၀၀ ကျော်ရှိခဲ့သော်လည်းဝန်ကြီးရဲ့သြဇာအာဏာကြောင့် အားလုံးဟာအမှန်တရားကိုပုန်းလျှိုး လျစ်လျူရှုလိုက်ကြပါတယ်။

ဒါဟာညီမလေးတစ်ယောက်အတွက် အမှန်တရားပေါ်ပေါက်စေလိုသူ ဆက်ဘရီနားအတွက် ကြေကွဲမှုတွေ ဖြစ်ထွန်းစေခဲ့ပါတယ်။တရားရုံး ကြားနားချိန်တွေမှာလည်းဆုံးဖြတ်မှုတွေအောက်မှာ လာဘ်စားမှုတွေအောက်မှာအာဏာမရှိသူ ပြည်သူသာ ကျရှုံးခဲ့ရပါတယ်။

အဓိက မျက်မြင်သက်သေကလည်းငွေနဲ့ အဝယ်ခံရပြီး အမှုကိုအဆုံးသတ်ထွက်ဆိုပေးခဲ့ပါတယ်။ဆက်ဘရီနားအတွက်တော့ညီမလေးရဲ့အမှန်တရားမပေါ်ပေါက်ခဲ့သလိုမိဘတွေစိတ်ဆင်းရဲ ဒုက္ခကိုကြည့်ရင်းစိတ်ဓာတ်ကျသူလုံးလုံးဖြစ်လာခဲ့ရှာသည်။

ဒီအမှုစစ်ဆေးမှုဟာ ခြောက်နှစ်တာကြာမြင့်ခဲ့ပြီးဂျက်ဆီကာအတွက်လည်းတရားမျှတမှုမရှိဘဲ ပိတ်သိမ်းခဲ့ရပါတယ်။ဒီလိုမျိုးအချိန်မှာတော့NDTV သတင်းဌာနရဲ့သတင်းထောက်မလေးမီရာက တရားမျှတမှုကိုပြန်လည်ဖော်ထုတ်ခဲ့သောအခါ၌——–။ကဲ ဘာတွေဆက်ဖြစ်လာမှာလဲ။

အစ်မတစ်ယောက်အဖို့ လက်လွှတ်ခဲ့ရသောအမှုအား မီရာက ဘယ်လိုကြိုးပမ်းဆောင်ရွက်မှာလဲ။အောင်မြင်မည်လား၊ကျရှုံးမည်လား။ဒီဇာတ်ကားလေးမှာတော့လူသတ်သမားအား ဖော်ပြပေးခဲ့ပြီးသြဇာအာဏာရဲ့လွှမ်းခြုံမှုတွေကပြည်သူ့ဥပဒေအပေါ် ရက်စက်သလားဆိုတဲ့မေးခွန်းမျိုးမေးရတဲ့အထိ ကျန်ရစ်စေသည့်ဇာတ်ကားကောင်းလည်းဖြစ်ပါတယ်။

ထို့အပြင် ရိုးရိုးရှင်းရှင်းနဲ့ ပေးပို့စေချင်သည့်အသိပညာအားလည်း တိုက်ရိုက်ပေးစွမ်းနိုင်ခဲ့သည်။မီဒီယာသမား မီရာ ဆိုတဲ့သတင်းထောက်မလေးအတွက်အမှန်တရားရဲ့ထိုးနှက်မှုတွေ၊ကြိုးပမ်းမှုတွေ စွမ်းဆောင်မှုတွေ၊ဆက်ဘရီနားရဲ့ ညီအစ်မမေတ္တာတွေ၊နိုင်ငံရေးသြဇာအာဏာရှင်တွေနဲ့ပြည်သူ့ဥပဒေ လွန်ဆွဲခဲ့မှုတွေ စတဲ့အချက်တွေကလည်းလူ့သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်းမြင်တတ်စေခဲ့သည်။

ဒါ့ကြောင့်ဒီဇာတ်ကားလေးမှာတော့အမှန်တရားအနိုင်ရခဲ့မည်လော၊ သို့မဟုတ်ဥပဒေအထက် ဝန်ကြီးတွေပဲရှိခဲ့မည်လော ဆိုတာတော့ဒီဇာတ်ကားလေးကြည့်ရင်းခန့်မှန်းညွှန်းဆိုကြည့်ရအောင်လား မိတ်ဆွေ။

Zawgyi

ဒီဇာတ္ကားေလးကေတာ့တရားမွ်တမုွနဲ႔ၾသဇာအာဏာတို႔လြန္ဆြဲမုွတို႔ကိုထင္းလင္းေအာင္ ေဖာ္ျပထားၿပီးအမွန္တရားရဲ႕နိမိတ္ပုံကိုလည္းမီးေမာင္းထိုးျပေပးေနတဲ့ဇာတ္ကားေကာင္းေလးတစ္ခုပဲျဖစ္ပါတယ္။ဤ ဇာတ္ကားရဲ႕အဖြင့္မွာေတာ့Night Club တစ္ခုမွာ လူသတ္မႈျဖစ္ပြားပုံနဲ႔အစပ်ိဳးထားခဲ့ပါတယ္။

အသတ္ခံရသူမွာ တက္သစ္စေမာ္ဒယ္လ္ ဂ်က္ဆီကာ ျဖစ္ၿပီး သူမ အားေသနတ္ျဖင့္ပစ္သတ္ခဲ့သူကေတာ့ မနစ္ရွ္ဘာဝဂ်္ ပဲျဖစ္ပါတယ္။ျဖစ္ပြားပုံကေတာ့ မနစ္ရ္ွ အရက္ေတာင္းဝယ္ရင္းဂ်က္ဆီကာ နဲ႔အခ်င္းမ်ားရာမွစခဲ့တာပါ။

ဘားပိတ္ခ်ိန္ျဖစ္၍ အရက္မေရာင္းေတာ့ေၾကာင္းဂ်က္ဆီကာ ရွင္းျပေသာ္လည္း အရက္မူးလြန္သူမနစ္ရွ္ အတြက္ေတာ့ နားမဝင္ခဲ့ဘဲ လူသတ္မႈက်ဴးလြန္ခဲ့တာပါ။အဲ့ဒီေနာက္ ဂ်က္ဆီကာရဲ႕အစ္မ ဆက္ဘရီနားကမနစ္ရွ္ကို စြဲခ်က္တင္ၿပီးအမွန္တရားေပၚေပါက္ေစရန္ႀကိဳးပမ္းခဲ့ပါတယ္။

သို႔ေသာ္ မနစ္ရွ္ ဟာ ဝန္ႀကီးတစ္ဦးရဲ႕သားျဖစ္တာေၾကာင့္ဆက္ဘရီနားအတြက္ မလြယ္ကူခဲ့ပါဘူး။ဒီလူသတ္မႈမွာမ်က္ျမင္သက္ေသ ၃၀၀ ေက်ာ္ရွိခဲ့ေသာ္လည္းဝန္ႀကီးရဲ႕ၾသဇာအာဏာေၾကာင့္ အားလုံးဟာအမွန္တရားကိုပုန္းလွ်ိဳး လ်စ္လ်ဴရႈလိုက္ၾကပါတယ္။

ဒါဟာညီမေလးတစ္ေယာက္အတြက္ အမွန္တရားေပၚေပါက္ေစလိုသူ ဆက္ဘရီနားအတြက္ ေၾကကြဲမႈေတြ ျဖစ္ထြန္းေစခဲ့ပါတယ္။တရား႐ုံး ၾကားနားခ်ိန္ေတြမွာလည္းဆုံးျဖတ္မႈေတြေအာက္မွာ လာဘ္စားမႈေတြေအာက္မွာအာဏာမရွိသူ ျပည္သူသာ က်ရႈံးခဲ့ရပါတယ္။

အဓိက မ်က္ျမင္သက္ေသကလည္းေငြနဲ႔ အဝယ္ခံရၿပီး အမႈကိုအဆုံးသတ္ထြက္ဆိုေပးခဲ့ပါတယ္။ဆက္ဘရီနားအတြက္ေတာ့ညီမေလးရဲ႕အမွန္တရားမေပၚေပါက္ခဲ့သလိုမိဘေတြစိတ္ဆင္းရဲ ဒုကၡကိုၾကည့္ရင္းစိတ္ဓာတ္က်သူလုံးလုံးျဖစ္လာခဲ့ရွာသည္။

ဒီအမႈစစ္ေဆးမႈဟာ ေျခာက္ႏွစ္တာၾကာျမင့္ခဲ့ၿပီးဂ်က္ဆီကာအတြက္လည္းတရားမွ်တမႈမရွိဘဲ ပိတ္သိမ္းခဲ့ရပါတယ္။ဒီလိုမ်ိဳးအခ်ိန္မွာေတာ့NDTV သတင္းဌာနရဲ႕သတင္းေထာက္မေလးမီရာက တရားမွ်တမႈကိုျပန္လည္ေဖာ္ထုတ္ခဲ့ေသာအခါ၌——–။ကဲ ဘာေတြဆက္ျဖစ္လာမွာလဲ။

အစ္မတစ္ေယာက္အဖို႔ လက္လႊတ္ခဲ့ရေသာအမႈအား မီရာက ဘယ္လိုႀကိဳးပမ္းေဆာင္႐ြက္မွာလဲ။ေအာင္ျမင္မည္လား၊က်ရႈံးမည္လား။ဒီဇာတ္ကားေလးမွာေတာ့လူသတ္သမားအား ေဖာ္ျပေပးခဲ့ၿပီးၾသဇာအာဏာရဲ႕လႊမ္းၿခဳံမႈေတြကျပည္သူ႔ဥပေဒအေပၚ ရက္စက္သလားဆိုတဲ့ေမးခြန္းမ်ိဳးေမးရတဲ့အထိ က်န္ရစ္ေစသည့္ဇာတ္ကားေကာင္းလည္းျဖစ္ပါတယ္။

ထို႔အျပင္ ႐ိုး႐ိုးရွင္းရွင္းနဲ႔ ေပးပို႔ေစခ်င္သည့္အသိပညာအားလည္း တိုက္႐ိုက္ေပးစြမ္းႏိုင္ခဲ့သည္။မီဒီယာသမား မီရာ ဆိုတဲ့သတင္းေထာက္မေလးအတြက္အမွန္တရားရဲ႕ထိုးႏွက္မႈေတြ၊ႀကိဳးပမ္းမႈေတြ စြမ္းေဆာင္မႈေတြ၊ဆက္ဘရီနားရဲ႕ ညီအစ္မေမတၱာေတြ၊ႏိုင္ငံေရးၾသဇာအာဏာရွင္ေတြနဲ႔ျပည္သူ႔ဥပေဒ လြန္ဆြဲခဲ့မႈေတြ စတဲ့အခ်က္ေတြကလည္းလူ႔သေဘာသဘာဝကို ကြက္ကြက္ကြင္းကြင္းျမင္တတ္ေစခဲ့သည္။

ဒါ့ေၾကာင့္ဒီဇာတ္ကားေလးမွာေတာ့အမွန္တရားအႏိုင္ရခဲ့မည္ေလာ၊ သို႔မဟုတ္ဥပေဒအထက္ ဝန္ႀကီးေတြပဲရွိခဲ့မည္ေလာ ဆိုတာေတာ့ဒီဇာတ္ကားေလးၾကည့္ရင္းခန႔္မွန္းၫႊန္းဆိုၾကည့္ရေအာင္လား မိတ္ေဆြ။

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *