Nomadland (2020)

17875
Share
Copy the link

ဖန်တီးမှုလက်ရာကောင်းတစ်ခုဟာပြောပြချင်တာတွေများလာတဲ့အခါဖြစ်တည်လာတော့တာပါပဲ။ဝေါင်ကာဝေးရုပ်ရှင်အများစုရဲ့Cinematographyသမားခရစ္စတိုဖာဒွိုင်းက ရုပ်ရှင်ရိုက်ကူးရေးနဲ့ပက်သက်ပြီး ပြောဖူးတာတစ်ခုရှိတယ်။” ကမ္ဘာကြီးကို မြင်အောင်ကြည့်၊ထောင်ထဲသုံးလေးခါနေကြည့်၊ခင်ဗျားအတွေ့အကြုံတွေစုဆောင်းမိမယ်။

စုဆောင်းမိလာတာနဲ့ ခင်ဗျားပြောချင်တာတွေရှိလာမယ်။ခင်ဗျားပြောချင်တာဘာမှမရှိရင်တော့ရုပ်ရှင်မရိုက်သင့်ဘူး”တဲ့Nomadlandဟာ ပြောစရာသိပ်များတဲ့လူတွေအတူဖန်တီးထားတဲ့လက်ရာတစ်ခုလို့ဆိုရမယ်။

ညနေစောင်းလို့ တိမ်တောက်တဲ့အခါမြင်ရတဲ့ နေ၀င်ချိန်တိမ်ပွင့်အမျောကလေးကိုကြည့်ပြီး ပြောစရာသိပ်များတဲ့လူတွေ၊ရှင်သန်မှုဆိုတဲ့စကားလုံးကလေးနဲ့ပက်သက်ပြီ ပြောစရာသိပ်များတဲ့လူတွေပေါ့။ဒီတော့ ဒီရုပ်ရှင်မှာ ရှင်သန်မှုနဲ့ပက်သက်ပြီး အများကြီးတွေ့ရလိမ့်မယ်။

Nomadဆိုတာ အိမ်ခြေအတည်မရှိလေလွင့်နေသူတွေ ခြေသလုံးအိမ်တိုင်တွေကိုပြောတာ ၊Nomadlandဆိုတာကိုပြန်ဆိုရရင်တော့ လေလွင့်သူတို့ကွန်းလို့ ဆိုရမယ်။အိမ်ခြေရာမဲ့လို့တော့ မဆိုချင်ဘူး။သူတို့မှာ houseဆိုတဲ့အိမ်မရှိပေမဲ့homeဆိုတဲ့ အိမ်တော့ရှိကြတာကိုး။

ရုပ်၀တ္တုအဆောက်အဦးတွေပေါ်မှာအမှတ်ရစရာတွေက မတည်ကြဘူးတဲ့ရုပ်ခန္ဓာထင်ရှားမရှိတော့တဲ့သူတို့ချစ်ခဲ့တဲ့လူတွေကို အမှတ်ရစေဖို့သူတို့နည်းသူတို့ဟန်နဲ့ ကြိုးစားနေကြတဲ့ဒီရုပ်ရှင်ထဲက Nomadတွေနဲ့ သူတို့ရဲ့ဘ၀နေထိုင်နေမှုဟာတစ်ချို့အတွက်တော့ ဒုက္ခလို့ဆိုလို့ရပေမဲ့ ကျွန်တော်တော့သိပ်ချစ်စရာကောင်းတယ်လို့ပဲဆိုချင်တယ်။

ခွဲခွာခဲ့ရတဲ့သူတွေကိုတစ်နေ့မှာ အနာဂတ်ရဲ့လမ်းခုလတ်မှာပြန်တွေ့ရမယ်လို့ မျှော်ရည်ယုံကြည်ရင်းသူတို့ရှင်သန်ကြတယ်။အဆုံးသတ်ရန်တစ်နေရာမှာတော့အားလုံးဟာ အဆုံးသတ်ကြရတာပါပဲအဲ့ဒီနေ့မရောက်သေးသမျှတော့မျှော်လင့်ချက်တွေကို လိုအပ်ကြတယ်မဟုတ်လား။ Nomadlandဟာဒီမျှော်လင့်ချက်တွေအကြောင်းပါပဲ။

ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ဇာတ်ကားမှာပါဝင်တဲ့ဇာတ်ကောင်တိုင်းရဲ့ နာမည်တွေက သရုပ်ဆောင်တွေရဲ့ နာမည်အတိုကောက်ပါပဲCastအပိုင်းမှာတော့ အော်စကာနှစ်ဆုရှင် Frances McDormandပါရင် သရုပ်ဆောင်ထားပြီး တတိယမြောက်အော်စကားရရှိဖို့ တစ်ပြေးနေပါတယ်

တစ်ချို့ကတော့ ဒီနှစ်ရဲ့အော်စကာBest Pictureရနိုင်ခြေအများဆုံးရုပ်ရှင်လို့ဆိုကြတယ်။Cineamatographyကလည်းLandscape viewနဲ့ရိုက်ပြထားပြီးအတော်ခမ်းနားတယ်။ဘာပဲဖြစ်ဖြစ်ဒီနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင်ဆယ်ကားကိုပြောပါဆိုရင်Nomadlandက ထိပ်ကပါနေမှာပါ။ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားပါပဲ။

Zawgyi

ဖန္တီးမႈလက္ရာေကာင္းတစ္ခုဟာေျပာျပခ်င္တာေတြမ်ားလာတဲ့အခါျဖစ္တည္လာေတာ့တာပါပဲ။ေဝါင္ကာေဝး႐ုပ္ရွင္အမ်ားစုရဲ႕Cinematographyသမားခရစၥတိုဖာဒြိဳင္းက ႐ုပ္ရွင္႐ိုက္ကူးေရးနဲ႔ပက္သက္ၿပီး ေျပာဖူးတာတစ္ခုရွိတယ္။” ကမာၻႀကီးကို ျမင္ေအာင္ၾကည့္၊ေထာင္ထဲသုံးေလးခါေနၾကည့္၊ခင္ဗ်ားအေတြ႕အႀကဳံေတြစုေဆာင္းမိမယ္။

စုေဆာင္းမိလာတာနဲ႔ ခင္ဗ်ားေျပာခ်င္တာေတြရွိလာမယ္။ခင္ဗ်ားေျပာခ်င္တာဘာမွမရွိရင္ေတာ့႐ုပ္ရွင္မ႐ိုက္သင့္ဘူး”တဲ့Nomadlandဟာ ေျပာစရာသိပ္မ်ားတဲ့လူေတြအတူဖန္တီးထားတဲ့လက္ရာတစ္ခုလို႔ဆိုရမယ္။

ညေနေစာင္းလို႔ တိမ္ေတာက္တဲ့အခါျမင္ရတဲ့ ေန၀င္ခ်ိန္တိမ္ပြင့္အေမ်ာကေလးကိုၾကည့္ၿပီး ေျပာစရာသိပ္မ်ားတဲ့လူေတြ၊ရွင္သန္မႈဆိုတဲ့စကားလုံးကေလးနဲ႔ပက္သက္ၿပီ ေျပာစရာသိပ္မ်ားတဲ့လူေတြေပါ့။ဒီေတာ့ ဒီ႐ုပ္ရွင္မွာ ရွင္သန္မႈနဲ႔ပက္သက္ၿပီး အမ်ားႀကီးေတြ႕ရလိမ့္မယ္။

Nomadဆိုတာ အိမ္ေျခအတည္မရွိေလလြင့္ေနသူေတြ ေျခသလုံးအိမ္တိုင္ေတြကိုေျပာတာ ၊Nomadlandဆိုတာကိုျပန္ဆိုရရင္ေတာ့ ေလလြင့္သူတို႔ကြန္းလို႔ ဆိုရမယ္။အိမ္ေျခရာမဲ့လို႔ေတာ့ မဆိုခ်င္ဘူး။သူတို႔မွာ houseဆိုတဲ့အိမ္မရွိေပမဲ့homeဆိုတဲ့ အိမ္ေတာ့ရွိၾကတာကိုး။

႐ုပ္၀တၱဳအေဆာက္အဦးေတြေပၚမွာအမွတ္ရစရာေတြက မတည္ၾကဘူးတဲ့႐ုပ္ခႏၶာထင္ရွားမရွိေတာ့တဲ့သူတို႔ခ်စ္ခဲ့တဲ့လူေတြကို အမွတ္ရေစဖို႔သူတို႔နည္းသူတို႔ဟန္နဲ႔ ႀကိဳးစားေနၾကတဲ့ဒီ႐ုပ္ရွင္ထဲက Nomadေတြနဲ႔ သူတို႔ရဲ႕ဘ၀ေနထိုင္ေနမႈဟာတစ္ခ်ိဳ႕အတြက္ေတာ့ ဒုကၡလို႔ဆိုလို႔ရေပမဲ့ ကြၽန္ေတာ္ေတာ့သိပ္ခ်စ္စရာေကာင္းတယ္လို႔ပဲဆိုခ်င္တယ္။

ခြဲခြာခဲ့ရတဲ့သူေတြကိုတစ္ေန႔မွာ အနာဂတ္ရဲ႕လမ္းခုလတ္မွာျပန္ေတြ႕ရမယ္လို႔ ေမွ်ာ္ရည္ယုံၾကည္ရင္းသူတို႔ရွင္သန္ၾကတယ္။အဆုံးသတ္ရန္တစ္ေနရာမွာေတာ့အားလုံးဟာ အဆုံးသတ္ၾကရတာပါပဲအဲ့ဒီေန႔မေရာက္ေသးသမွ်ေတာ့ေမွ်ာ္လင့္ခ်က္ေတြကို လိုအပ္ၾကတယ္မဟုတ္လား။ Nomadlandဟာဒီေမွ်ာ္လင့္ခ်က္ေတြအေၾကာင္းပါပဲ။

ဒီဇာတ္ကားရဲ႕ ထူးျခားခ်က္ကေတာ့ ဇာတ္ကားမွာပါဝင္တဲ့ဇာတ္ေကာင္တိုင္းရဲ႕ နာမည္ေတြက သ႐ုပ္ေဆာင္ေတြရဲ႕ နာမည္အတိုေကာက္ပါပဲCastအပိုင္းမွာေတာ့ ေအာ္စကာႏွစ္ဆုရွင္ Frances McDormandပါရင္ သ႐ုပ္ေဆာင္ထားၿပီး တတိယေျမာက္ေအာ္စကားရရွိဖို႔ တစ္ေျပးေနပါတယ္

တစ္ခ်ိဳ႕ကေတာ့ ဒီႏွစ္ရဲ႕ေအာ္စကာBest Pictureရႏိုင္ေျခအမ်ားဆုံး႐ုပ္ရွင္လို႔ဆိုၾကတယ္။Cineamatographyကလည္းLandscape viewနဲ႔႐ိုက္ျပထားၿပီးအေတာ္ခမ္းနားတယ္။ဘာပဲျဖစ္ျဖစ္ဒီႏွစ္ရဲ႕ အေကာင္းဆုံး႐ုပ္ရွင္ဆယ္ကားကိုေျပာပါဆိုရင္Nomadlandက ထိပ္ကပါေနမွာပါ။ၾကည့္ကိုၾကည့္သင့္တဲ့႐ုပ္ရွင္တစ္ကားပါပဲ။

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *