Occupation: Rainfall (2020)

595
Share
Copy the link

ဂြိုလ်သားမျိုးနွယ် နဲ့ လူသားမျိုးနွယ် အချင်းချင်းချကြပါပြီ။ အကျင့်မကောင်းတဲ့ လူသားမျိုးနွယ် နဲ့ နယ်မြေကျူးကျော်ချင်တဲ့ဂြိုလ်သားမျိုးနွယ်တို့ တို့ တိုက်ခိုက်ကြတဲ့အခါ ဘယ်သူနိုင်မယ်လို့ ထင်ကြလဲ ပရိသတ်ကြီး…

အခုဇာတ်လမ်းလေးက ၂၀၁၈ လောက်က ထွက်ခဲ့တဲ့ Occupation ကားရဲ့အဆက်ဖြစ်ပြီး ဇာတ်လမ်းရဲ့ မူလအရသာမပျောက်သွားအောင် Home and Away နဲ့နာမည်ကျော်ခဲ့တဲ့ ဩစတြေးလျမင်းသား Dan Ewing ကပဲ အခုဒုတိယအတွဲမှာ ပြန်လည်သရုပ်ဆောင်ခဲ့ပါတယ်။ ဘဲကြီးရဲ့ သရုပ်ဆောင်ပိုင်နိုင်မှု နဲ့ ဇာတ်လမ်းထဲက ဂျစ်ကန်ကန်စတိုင်တွေကြောင့် ရုပ်ရှင်ချစ်ပရိသတ်ကြီးကိုထပ်ပြီးဆွဲဆောင်မှာတော့ မြင်ယောင်မိပါသေးတယ်။

ပထမပိုင်းဖြစ်တဲ့ Occupation မှာတော့ ကျူးကျော်လာသူ ဂြိုလ်သားတွေကို ပြန်လည်တိုက်ခိုက်ဖို့ လူသားမျိုးနွယ်တွေအချင်းချင်းမဟာမိတ်ဖွဲ့ပြီးပြင်ဆင်ခဲ့ပါတယ်။ မဟာမိတ်အဖွဲ့တိုက်ခိုက်ပြီး လူသားမျိုးနွယ်ထဲကို ဂြိုလ်သားတွေရောနှောပေါင်းစပ်လာတော့မှရင်ခုန်စရာကောင်းအောင် အဆုံးသတ်သွားပြီးနောက် အခု ၂၀၂၁ မှာတော့ ဒုတိယအပိုင်းထွက်ရှိလာခဲ့ပါပြီ။ကမ္ဘာမြေပေါ်ကို ဂရေး လို့ခေါ်တဲ့ ဂြိုလ်သားအုပ်စုကြီး ဆင်းသက်လာတဲ့အချိန်ကစပြီး ကမ္ဘာကြီးမှာ သေဆုံးတဲ့သူတစ်ဖြေးဖြေးများပြားလာပါပြီ ။

အဲ့ဒီ ဂရေး တွေ ဘာလို့ ဒီလောက်သဲကြီးမဲကြီး ကမ္ဘာမြေပေါ်ကို ကျူးကျော်တိုက်ခိုက်ရန်လာလည်းဆိုတာ အဖြေရှာမရဖြစ်နေပါတယ်။ ဒီလိုသွေးစွန်းနေတဲ့အဖြစ်အပျက်တွေကို ကြည့်မနေနိုင်တဲ့ စိတ်ထားကောင်းတဲ့ ဂရေးအုပ်စုကလည်း လူသားမျိုးနွယ်နဲ့ပူးပေါင်းသွားကြပါတယ်။ ဘယ်လိုပဲပေါင်းပေါင်း လူသားကတစ်ဖွဲ့ ဂြိုလ်သားကတစ်ဖွဲ့ ဂြိုလ်သားနဲ့လူသားမဟာမိတ်ကတစ်ဖွဲ့သုံးဖွဲ့ကွဲပြီးအကွဲကွဲအပြားပြားလည်းဖြစ်လာကြရပါတယ်။

ဂရေးဂြိုလ်သားတွေ သဲကြီးမဲကြီး ကမ္ဘာမြေပေါ်မှာ တိုက်ခိုက်ရတဲ့အကြောင်းရင်း… ဂရေးဂြိုလ်သားတွေကို တားဆီးဖို့ လူသားမျိုးနွယ်တွေမဖြစ်မနေရှာဖွေနေတဲ့အရာ… ဂြိုလ်သားနဲ့လူသား မဟာမိတ်တည်တံ့ဖို့ လိုအပ်နေတဲ့ အရေးကြီးဆုံးအဖြေ…. အဲ့ဒါတွေအားလုံးရဲ့ သော့ချက်က ဇာတ်လမ်းခေါင်းစဉ်အတိုင်း Rainfall (ရိန်းဖော) ဖြစ်နေတဲ့အခါ…..ဇာတ်လမ်းထဲမှာအဖြေရှာလိုက်ပါဉီးနော်(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Jo Jo Va မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Jo Jo Va, August, Shwe Pyae တို့ =ပဲ ဖြစ်ပါတယ်။)

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

datbu.com (Datbu) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *