Ocean’s Thirteen (2007)

17195
Share
Copy the link

Al Pacino၊ George Clooney ၊ Brad Pitt ၊ Matt Damon ၊Don Cheadle ၊ Bernie Mac တို့လိုနာမည်ကြီး မင်းသားမင်းသမီးတွေအပြင် တခြား နာမည်ကျော် သရုပ်ဆောင်များစွာလဲ ပါဝင်ထားလို့ ဒိတ်ဒိတ်ကြဲတွေကို တစ်ချိန်တည်းမြင်တွေ့ရမယ့် ဇာတ်ကားပါ၊

Ocean ဟာ Trilogy Film Series ဖြစ်တဲ့အတွက် ၃ ပိုင်းတိတိ ထွက်ရှိထားပါတယ်။Series အလိုက် Ocean 13 ဆိုတဲ့ အမည်နဲ့ပဲ 2007 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာ၊ ထုတ်လုပ်သူနဲ့ သရုပ်ဆောင်များကိုတော့ အထူးမိတ်ဆက်ပေးစရာ မလိုတော့ဘူးလို့ ထင်ပါတယ်။

Rating တွေ ပြန်တက်လာတာကို တွေ့ရမှာပါ။ ဆုတံဆိပ်အနေနဲ့ဆိုရင် People’s Choice Awards, USA 2008 ကို ရရှိခဲ့ပြီး စံကာတင် ၅ ဆု ရှိခဲ့ပါတယ်။

ကျွန်တော်တို့ နောက်ဆုံးတွေ့ခဲ့ရတာက Danny Ocean (George Clooney) နဲ့ သူ့အဖွဲ့က ကာစီနိုင်ပိုင်ရှင် လူညစ်ကြီး Terry Benedict ကို သူတို့ခိုးသွားတဲ့ ငွေတွေ ပြန်ပေးလိုက်တာပြီး အေးဆေးဖြစ်သွားတာကိုပါ။ဒါပေမယ့်လည်း ဒါက သူတို့အဖွဲ့ ပြန်မပေါင်းမိခင်ခဏပါ။

သူတို့အဖွဲ့ထဲက Danny ရဲ့ သူငယ်ချင်းလည်းဖြစ်၊ အကြံပေးလည်းဖြစ်တဲ့ Reuben Tishkoff က တစ်ခြား ကာစီနို ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Willy Bank (Al Pacino) နဲ့ ပေါင်းပြီး ဟိုတယ်လ်တစ်ခု ထောင်လိုက်ပါတယ်။နောက်ပိုင်းမှာတော့ သူဟာ လူညစ်ပတ် Bank နဲ့ လက်တွဲဖြုတ်ချင်လာပါတော့တယ်။

Bank ရဲ့ သဘောက Tishkoff ဒုက္ခရောက်လေ သူပျော်လေပါပဲ။ Tishkoff နှလုံးရောဂါနဲ့ ဆေးရုံရောက်တော့ ပိုဆိုးတော့တာပေါ့ဗျာ။Danny နဲ့ သူ့အဖွဲ့သားတွေဟာ Bank ကွက်ကျော်ရိုက်သွားတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေပါဘူး။

Bank နဲ့ ရန်ညှိုးရန်စရှိခဲ့ဘူးတဲ့ သူတို့ရဲ့ ရန်သူတော်ဟောင်းကြီး Benedict နဲ့ ပေါင်းပြီး မဟာစီမံကိန်းကြီးတစ်ခု ထွင်ပါလေရောခင်ဗျ။Bank ရဲ့ ကျော်ဇောမှုတွေကို ဖျက်စီးပြီး သူ့ရဲ့ မာနကို ရိုက်ချိုးပစ်လိုက်ဖို့ပါ။ ဒီတစ်ခါမှာတော့ သူတို့ဟာ ငွေအတွက်မဟုတ်ပါဘူး…. လက်စားချေဖို့ လုပ်ကြမှာပါ…။

Zawgyi

Al Pacino၊ George Clooney ၊ Brad Pitt ၊ Matt Damon ၊Don Cheadle ၊ Bernie Mac တို႔လိုနာမည္ႀကီး မင္းသားမင္းသမီးေတြအျပင္ တျခား နာမည္ေက်ာ္ သ႐ုပ္ေဆာင္မ်ားစြာလဲ ပါဝင္ထားလို႔ ဒိတ္ဒိတ္ႀကဲေတြကို တစ္ခ်ိန္တည္းျမင္ေတြ႕ရမယ့္ ဇာတ္ကားပါ၊

Ocean ဟာ Trilogy Film Series ျဖစ္တဲ့အတြက္ ၃ ပိုင္းတိတိ ထြက္ရွိထားပါတယ္။Series အလိုက္ Ocean 13 ဆိုတဲ့ အမည္နဲ႔ပဲ 2007 ခုႏွစ္မွာ ထြက္ရွိခဲ့တာျဖစ္ပါတယ္။ ဒါ႐ိုက္တာ၊ ထုတ္လုပ္သူနဲ႔ သ႐ုပ္ေဆာင္မ်ားကိုေတာ့ အထူးမိတ္ဆက္ေပးစရာ မလိုေတာ့ဘူးလို႔ ထင္ပါတယ္။

Rating ေတြ ျပန္တက္လာတာကို ေတြ႕ရမွာပါ။ ဆုတံဆိပ္အေနနဲ႔ဆိုရင္ People’s Choice Awards, USA 2008 ကို ရရွိခဲ့ၿပီး စံကာတင္ ၅ ဆု ရွိခဲ့ပါတယ္။

ကြၽန္ေတာ္တို႔ ေနာက္ဆုံးေတြ႕ခဲ့ရတာက Danny Ocean (George Clooney) နဲ႔ သူ႔အဖြဲ႕က ကာစီႏိုင္ပိုင္ရွင္ လူညစ္ႀကီး Terry Benedict ကို သူတို႔ခိုးသြားတဲ့ ေငြေတြ ျပန္ေပးလိုက္တာၿပီး ေအးေဆးျဖစ္သြားတာကိုပါ။ဒါေပမယ့္လည္း ဒါက သူတို႔အဖြဲ႕ ျပန္မေပါင္းမိခင္ခဏပါ။

သူတို႔အဖြဲ႕ထဲက Danny ရဲ႕ သူငယ္ခ်င္းလည္းျဖစ္၊ အႀကံေပးလည္းျဖစ္တဲ့ Reuben Tishkoff က တစ္ျခား ကာစီႏို ပိုင္ရွင္တစ္ေယာက္ျဖစ္တဲ့ Willy Bank (Al Pacino) နဲ႔ ေပါင္းၿပီး ဟိုတယ္လ္တစ္ခု ေထာင္လိုက္ပါတယ္။ေနာက္ပိုင္းမွာေတာ့ သူဟာ လူညစ္ပတ္ Bank နဲ႔ လက္တြဲျဖဳတ္ခ်င္လာပါေတာ့တယ္။

Bank ရဲ႕ သေဘာက Tishkoff ဒုကၡေရာက္ေလ သူေပ်ာ္ေလပါပဲ။ Tishkoff ႏွလုံးေရာဂါနဲ႔ ေဆး႐ုံေရာက္ေတာ့ ပိုဆိုးေတာ့တာေပါ့ဗ်ာ။Danny နဲ႔ သူ႔အဖြဲ႕သားေတြဟာ Bank ကြက္ေက်ာ္႐ိုက္သြားတာကို ဒီအတိုင္း လက္ပိုက္ၾကည့္မေနပါဘူး။

Bank နဲ႔ ရန္ညႇိဳးရန္စရွိခဲ့ဘူးတဲ့ သူတို႔ရဲ႕ ရန္သူေတာ္ေဟာင္းႀကီး Benedict နဲ႔ ေပါင္းၿပီး မဟာစီမံကိန္းႀကီးတစ္ခု ထြင္ပါေလေရာခင္ဗ်။Bank ရဲ႕ ေက်ာ္ေဇာမႈေတြကို ဖ်က္စီးၿပီး သူ႔ရဲ႕ မာနကို ႐ိုက္ခ်ိဳးပစ္လိုက္ဖို႔ပါ။ ဒီတစ္ခါမွာေတာ့ သူတို႔ဟာ ေငြအတြက္မဟုတ္ပါဘူး…. လက္စားေခ်ဖို႔ လုပ္ၾကမွာပါ…။

(Direct Link) Large Size ~ Download

(Mega) Large Size ~ Download

(Mega) Small Size ~ Coming Soon

(Megaup.net) Large Size ~ Download

(Megaup.net) Small Size ~ Coming Soon

Comments

Your email address will not be published. Required fields are marked *