Oh My God 2: Dharam Sankhat Mein (2015)

14424
Share
Copy the link

ဒီဇာတ်ကားလေးကတော့ IMDB-6.3 ရှိထားပြီး မိသားစုကြား ချစ်ခြင်းမေတ္တာနဲ့ ဘာသာတရားတို့၏ စစ်မှန်သည့်ငြိမ်းချမ်းရေးအကြောင်း ညွန်းဆိုထားသည့်ဇာတ်ကားကောင်းလေးပါ။ Oh My God 2 အဖြစ်လည်း ခေါ်ဝေါ်ကြပါသေးသည်။

ဇာတ်လမ်းအကျဉ်း မစ္စတာဒရမ်ပါးလ် ဟာ ဘာသာမဲ့တစ်ဦးဖြစ်ပြီး အစ္စလာမ် ဘာသာကို မျက်မုန်းကျိုးနေခဲ့သူတစ်ဦး ဖြစ်နေခဲ့ပါတယ်။သို့သော် သူရဲ့မိသားစုဝင်တွေကတော့ နီးလ်ဘာသာကို လေးနက်သက်ဝင်ခဲ့သူတွေ ဖြစ်နေကြပါတယ်။

တစ်နေ့မှာတော့ ဒရမ်ပါးလ် ရဲ့သား အာမစ်ကတော့ ရှရပ်ဆိုသည့် မိန်းကလေးနှင့် စေ့စပ်ပေးရန် တောင်းဆိုခဲ့သည်။ ထို့ပြင် ရှရပ်တို့ဘက်မှ ဒရမ်ပါးလ်ကို ဘာသာရေးကိုင်းရှိုင်းသော ဖခင်ကောင်းအဖြစ် တွေ့မြင်လာစေရန်ပါ တောင်းဆိုခဲ့ပြန်ပါသည်။

မမျှော်လင့်တဲ့တစ်ရက်မှာတော့ ဒရမ်ပါးလ်ဟာ မွေးစားအမေရဲ့ စာချုပ်လေးကို တွေ့ရှိခဲ့ပြီး သူကိုယ်တိုင်ပင် အစ္စလာမ်မျိုးရိုးဖြစ်နေကြောင်း သိရှိခဲ့ရသည်။ သူ၏ အဖေရင်းမှာ သက်ရှိထင်ရှားရှိနေကြောင်းလည်း ကြားသိရပြီး သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် သူရောက်သွားချိန်မှာတော့ ဗလီဆရာ၏ ဆုံးဖြတ်ချက်အရ အစ္စလာမ် ဘာသာဝင်တစ်ဦးအဖြစ် လေ့ကျင့်ခဲ့ပြီးမှ အဖေ၏ နောက်ဆုံးခရီးမတိုင်ခင် လာရောက်တွေ့ဆုံရန် ပြောကြားခဲ့ပြန်သည်။

ဒါကြောင့် ဒရမ်ပါးလ်ဟာ သူအရင်က မျက်မုန်းကျိုးလှသော အစ္စလာမ်ဘာသာဝင် အိမ်နီးနားချင်း ထံပင် အကူအညီတောင်းခဲ့ရပြန်သည်။ တစ်ဖက်မှာလည်း သူ၏ အစ္စလာမ်ဘာသာ လေ့လာမှုမျိုးကို ဖုံးဖိထားခဲ့ပြီး သားဖြစ်သူဆန္ဒအရ နီးလ်ဘာသာ ဓလေ့များကိုသင်ယူခဲ့သည်။

တစ်နေ့မှာတော့ နှစ်ဖက်ဘာသာဝင်တို့ ဘာသာရေးပဋိပက္ခဖြစ်ခဲ့ကြသောအခါ —-???ဤကဲ့သို့သော အခြေအနေမျိုးမှာ ဒရမ်ပါးလ်တစ်ယောက် ဘယ်လိုခံစားခဲ့ရမလဲ ဆိုတာတော့ ပရိသတ်ကြီးကပဲ အဆုံးအဖြတ်ပေးကြရမှာပါ။

အဖေရင်း နဲ့ သားနှစ်ဦးကြား ဗျာပါဒတွေနဲ့ နှစ်ဖက်လုံးပြေလည်စေဖို့ ကြိုးစားခဲ့ရသူ ဒရမ်ပါးလ်အတွက် ဘယ်ဘာသာက ရင်ဘတ်ထဲကိန်းအောင်းခဲ့မလဲ ။ ဒါရိုက်တာရဲ့ ပါးနပ်မှုတွေနဲ့ မိသားစုမေတ္တာကို ဖော်ကျူးလိုက်သည့်အပြင် နားလည်မှု အလွဲတွေကို ငြိမ်းချမ်းရေးအသွင် ကူးပြောင်းနိုင်ရေးကိုပါ ထည့်သွင်းစေခဲ့သည့်အတွက် ဇာတ်လမ်းကို အရှိန်တက်စေခဲ့ပါတယ်။

ဒါပြင့် ဘာသာရေး အသုံးချသူတွေနဲ့ လွဲမှားမှုလေးတွေပါ ကွက်ကွက်ကွင်းကွင်း မြင်တွေ့လာရတာကြောင့် ဇာတ်ကားကောင်း အဖြစ် တန်းဝင်လာခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်ကြီးလည်း တွေးဆဝေဖန်တတ်စေဖို့ ကြည့်ရှုအားပေးကြပါဦးလို့တိုက်တွန်းပါရစေ။

Zawgyi

ဒီဇာတ္ကားေလးကေတာ့ IMDB-6.3 ရွိထားၿပီး မိသားစုၾကား ခ်စ္ျခင္းေမတၱာနဲ႔ ဘာသာတရားတို႔၏ စစ္မွန္သည့္ၿငိမ္းခ်မ္းေရးအေၾကာင္း ၫြန္းဆိုထားသည့္ဇာတ္ကားေကာင္းေလးပါ။ Oh My God 2 အျဖစ္လည္း ေခၚေဝၚၾကပါေသးသည္။

ဇာတ္လမ္းအက်ဥ္း မစၥတာဒရမ္ပါးလ္ ဟာ ဘာသာမဲ့တစ္ဦးျဖစ္ၿပီး အစၥလာမ္ ဘာသာကို မ်က္မုန္းက်ိဳးေနခဲ့သူတစ္ဦး ျဖစ္ေနခဲ့ပါတယ္။သို႔ေသာ္ သူရဲ႕မိသားစုဝင္ေတြကေတာ့ နီးလ္ဘာသာကို ေလးနက္သက္ဝင္ခဲ့သူေတြ ျဖစ္ေနၾကပါတယ္။

တစ္ေန႔မွာေတာ့ ဒရမ္ပါးလ္ ရဲ႕သား အာမစ္ကေတာ့ ရွရပ္ဆိုသည့္ မိန္းကေလးႏွင့္ ေစ့စပ္ေပးရန္ ေတာင္းဆိုခဲ့သည္။ ထို႔ျပင္ ရွရပ္တို႔ဘက္မွ ဒရမ္ပါးလ္ကို ဘာသာေရးကိုင္းရႈိင္းေသာ ဖခင္ေကာင္းအျဖစ္ ေတြ႕ျမင္လာေစရန္ပါ ေတာင္းဆိုခဲ့ျပန္ပါသည္။

မေမွ်ာ္လင့္တဲ့တစ္ရက္မွာေတာ့ ဒရမ္ပါးလ္ဟာ ေမြးစားအေမရဲ႕ စာခ်ဳပ္ေလးကို ေတြ႕ရွိခဲ့ၿပီး သူကိုယ္တိုင္ပင္ အစၥလာမ္မ်ိဳး႐ိုးျဖစ္ေနေၾကာင္း သိရွိခဲ့ရသည္။ သူ၏ အေဖရင္းမွာ သက္ရွိထင္ရွားရွိေနေၾကာင္းလည္း ၾကားသိရၿပီး သြားေရာက္ေတြ႕ဆုံရန္ ဆုံးျဖတ္ခဲ့သည္။

သို႔ေသာ္ သူေရာက္သြားခ်ိန္မွာေတာ့ ဗလီဆရာ၏ ဆုံးျဖတ္ခ်က္အရ အစၥလာမ္ ဘာသာဝင္တစ္ဦးအျဖစ္ ေလ့က်င့္ခဲ့ၿပီးမွ အေဖ၏ ေနာက္ဆုံးခရီးမတိုင္ခင္ လာေရာက္ေတြ႕ဆုံရန္ ေျပာၾကားခဲ့ျပန္သည္။

ဒါေၾကာင့္ ဒရမ္ပါးလ္ဟာ သူအရင္က မ်က္မုန္းက်ိဳးလွေသာ အစၥလာမ္ဘာသာဝင္ အိမ္နီးနားခ်င္း ထံပင္ အကူအညီေတာင္းခဲ့ရျပန္သည္။ တစ္ဖက္မွာလည္း သူ၏ အစၥလာမ္ဘာသာ ေလ့လာမႈမ်ိဳးကို ဖုံးဖိထားခဲ့ၿပီး သားျဖစ္သူဆႏၵအရ နီးလ္ဘာသာ ဓေလ့မ်ားကိုသင္ယူခဲ့သည္။

တစ္ေန႔မွာေတာ့ ႏွစ္ဖက္ဘာသာဝင္တို႔ ဘာသာေရးပဋိပကၡျဖစ္ခဲ့ၾကေသာအခါ —-???ဤကဲ့သို႔ေသာ အေျခအေနမ်ိဳးမွာ ဒရမ္ပါးလ္တစ္ေယာက္ ဘယ္လိုခံစားခဲ့ရမလဲ ဆိုတာေတာ့ ပရိသတ္ႀကီးကပဲ အဆုံးအျဖတ္ေပးၾကရမွာပါ။

အေဖရင္း နဲ႔ သားႏွစ္ဦးၾကား ဗ်ာပါဒေတြနဲ႔ ႏွစ္ဖက္လုံးေျပလည္ေစဖို႔ ႀကိဳးစားခဲ့ရသူ ဒရမ္ပါးလ္အတြက္ ဘယ္ဘာသာက ရင္ဘတ္ထဲကိန္းေအာင္းခဲ့မလဲ ။ ဒါ႐ိုက္တာရဲ႕ ပါးနပ္မႈေတြနဲ႔ မိသားစုေမတၱာကို ေဖာ္က်ဴးလိုက္သည့္အျပင္ နားလည္မႈ အလြဲေတြကို ၿငိမ္းခ်မ္းေရးအသြင္ ကူးေျပာင္းႏိုင္ေရးကိုပါ ထည့္သြင္းေစခဲ့သည့္အတြက္ ဇာတ္လမ္းကို အရွိန္တက္ေစခဲ့ပါတယ္။

ဒါျပင့္ ဘာသာေရး အသုံးခ်သူေတြနဲ႔ လြဲမွားမႈေလးေတြပါ ကြက္ကြက္ကြင္းကြင္း ျမင္ေတြ႕လာရတာေၾကာင့္ ဇာတ္ကားေကာင္း အျဖစ္ တန္းဝင္လာခဲ့ပါတယ္။ ဒါေၾကာင့္ ပရိသတ္ႀကီးလည္း ေတြးဆေဝဖန္တတ္ေစဖို႔ ၾကည့္ရႈအားေပးၾကပါဦးလို႔တိုက္တြန္းပါရေစ။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *