Oldboy (2003)
14561အိမ်ထောင်သည်အမျိုးသားတစ်ယောက် သမီးလေးတစ်ယောက်ရှိတယ်သူ့သမီးလေး ၄နှစ်မြောက်မွေးနေ့မှာ မွေးနေ့လက်ဆောင်လေးပေးဖို့ဝယ်ထားတယ်အရက်တွေသောက် စရိုက်ဆိုးလူတစ်ယောက်ဖြစ်လေတော့ စုံတွဲတစ်တွဲနဲ့ပြသနာတက်ပြီးရဲစခန်းရောက်သွားတယ်
ရဲစခန်းက ပြန်ထွက်လာတော့နောက်ကျနေလို့ အမြန်ပြန်လာမဲ့အကြောင်း ဖုန်းဆက်ခဲ့တယ်မိုးတွေကလည်းရွာနေတယ် ဖုန်းပြောပြီးမိုးရွာထဲမှာ ရုတ်တရက်လူတစ်ယောက်သူ့အနားရောက်လာတယ်အဲ့ဒီသူကြောင့်သူသတိလစ်သွားတယ် သူသတိရလာတော့ စားစရာထည့်ပေးတဲ့အပေါက်လေးကလွဲလို့နံရံတွေကြီးရှိတဲ့အလုံပိတ်အခန်းထဲရောက်နေတယ်
၁၅နှစ်တောင် ထောင်ထဲမှာသူအကျဉ်းကျနေခဲ့တယ် …..ဘယ်နေရာရောက်နေမှန်းလည်းမသိ တီဗွီလေးတစ်လုံးနဲ့အဖော်ပြုရင်းစိတ်ဓာတ်ကျစရာအခြေအနေတွေ ဆက်တိုက်ကြုံခဲ့ရတယ်ဘယ်သူက သူ့ကိုအကျဉ်းချခဲ့တာလဲ ဘာအကြောင်းကြောင့် ၁၅နှစ်ဆိုတဲ့အချိန်ကာလကြီး တစ်ခုလုံးသူ့ကိုချုပ်နှောင်ထားရတာလဲ…..
ထူးဆန်းစွာပဲ ၁၅နှစ်ပြည့်တဲ့အချိန်မှာ သူ့ကိုလွှတ်ပေးလိုက်တယ်ဒီဇတ်ကားကကြည့်ဖူးသမျှထဲမှာအဆန်းဆုံးဇတ်ကွက်လို့ပြောရမယ်ထင်တယ်ကြည့်နေရင်းကိုယ်က ဇတ်အိမ်ထဲအလိုလိုမြောသွားတယ် ထောင်လိုအခန်းထဲရောက်သွားတယ်ဘာကြောင့်လဲ ဘာဖြစ်လို့လဲဆိုတဲ့မေးခွန်းတွေကို ကိုယ်ပါအရမ်းသိချင်တယ်
ဖြတ်သန်းရတဲ့ဒုက္ခသူ့ကိုခုလိုလုပ်တသူကိုရအောင်ပြန်ရှာပြီး လက်စားချေဖို့ ပြင်ဆင်ပုံတွေတကားလုံးအပြီးထိဆွဲဆောင်နိုင်လွန်း အားကြီးတယ်ပေးချင်တဲ့ messageကလည်း ကျနော်တို့မြန်မာစကားပုံနဲ့ဆိုကြမ်းပေါက်ကျွံရင်နှုတ်လို့ရတယ်
စကားကျွံရင်နှုတ်မရဘူးနှုတ်ကြောင့် ဖြစ်ပျက်ပုံမျိုးတွေပေးထားတယ်ခင်ဗျားရဲ့နှလုံးသားကို ခပ်စပ်စပ်ရသလေးပေးတဲ့ကားမျိုးကိုကြည့်ချင်တယ်ဆိုရင်တော့ဒီကားက အသင့်တော်ဆုံးပါလို့အကြံပေးပါရစေဒါရိုက်တာ Park Chan-yongရဲ့လက်ရာမြောက်ကားတစ်ကားပါပဲသူ့ရဲ့လက်ရာရဲ့ပေါက်ရောက်မှုက Hollywood ကနေ အမေရိကန် Oldboy ဆိုပြီးပြန်ရိုက်လိုက်တယ်
အဓိကသရုပ်ဆောင် Choi Min-sikရဲ့သရုပ်ဆောင်ချက်တွေကိုလည်းခံစားလိုက်ပါဦးလက်ဖျားခါလောက်တယ်ကဲ ပြောရတာလည်းရှည်နေပါပြီဗျာ IMDB 8.4 တောင်ရထားတယ်ဆိုတော့အထူးပြောစရာမလိုတော့ဘူးထင်ပါတယ်.
Zawgyi
အိမ္ေထာင္သည္အမ်ိဳးသားတစ္ေယာက္ သမီးေလးတစ္ေယာက္ရွိတယ္သူ႔သမီးေလး ၄ႏွစ္ေျမာက္ေမြးေန႔မွာ ေမြးေန႔လက္ေဆာင္ေလးေပးဖို႔ဝယ္ထားတယ္အရက္ေတြေသာက္ စ႐ိုက္ဆိုးလူတစ္ေယာက္ျဖစ္ေလေတာ့ စုံတြဲတစ္တြဲနဲ႔ျပသနာတက္ၿပီးရဲစခန္းေရာက္သြားတယ္
ရဲစခန္းက ျပန္ထြက္လာေတာ့ေနာက္က်ေနလို႔ အျမန္ျပန္လာမဲ့အေၾကာင္း ဖုန္းဆက္ခဲ့တယ္မိုးေတြကလည္း႐ြာေနတယ္ ဖုန္းေျပာၿပီးမိုး႐ြာထဲမွာ ႐ုတ္တရက္လူတစ္ေယာက္သူ႔အနားေရာက္လာတယ္အဲ့ဒီသူေၾကာင့္သူသတိလစ္သြားတယ္ သူသတိရလာေတာ့ စားစရာထည့္ေပးတဲ့အေပါက္ေလးကလြဲလို႔နံရံေတြႀကီးရွိတဲ့အလုံပိတ္အခန္းထဲေရာက္ေနတယ္
၁၅ႏွစ္ေတာင္ ေထာင္ထဲမွာသူအက်ဥ္းက်ေနခဲ့တယ္ …..ဘယ္ေနရာေရာက္ေနမွန္းလည္းမသိ တီဗြီေလးတစ္လုံးနဲ႔အေဖာ္ျပဳရင္းစိတ္ဓာတ္က်စရာအေျခအေနေတြ ဆက္တိုက္ႀကဳံခဲ့ရတယ္ဘယ္သူက သူ႔ကိုအက်ဥ္းခ်ခဲ့တာလဲ ဘာအေၾကာင္းေၾကာင့္ ၁၅ႏွစ္ဆိုတဲ့အခ်ိန္ကာလႀကီး တစ္ခုလုံးသူ႔ကိုခ်ဳပ္ေႏွာင္ထားရတာလဲ…..
ထူးဆန္းစြာပဲ ၁၅ႏွစ္ျပည့္တဲ့အခ်ိန္မွာ သူ႔ကိုလႊတ္ေပးလိုက္တယ္ဒီဇတ္ကားကၾကည့္ဖူးသမွ်ထဲမွာအဆန္းဆုံးဇတ္ကြက္လို႔ေျပာရမယ္ထင္တယ္ၾကည့္ေနရင္းကိုယ္က ဇတ္အိမ္ထဲအလိုလိုေျမာသြားတယ္ ေထာင္လိုအခန္းထဲေရာက္သြားတယ္ဘာေၾကာင့္လဲ ဘာျဖစ္လို႔လဲဆိုတဲ့ေမးခြန္းေတြကို ကိုယ္ပါအရမ္းသိခ်င္တယ္
ျဖတ္သန္းရတဲ့ဒုကၡသူ႔ကိုခုလိုလုပ္တသူကိုရေအာင္ျပန္ရွာၿပီး လက္စားေခ်ဖို႔ ျပင္ဆင္ပုံေတြတကားလုံးအၿပီးထိဆြဲေဆာင္ႏိုင္လြန္း အားႀကီးတယ္ေပးခ်င္တဲ့ messageကလည္း က်ေနာ္တို႔ျမန္မာစကားပုံနဲ႔ဆိုၾကမ္းေပါက္ကြၽံရင္ႏႈတ္လို႔ရတယ္
စကားကြၽံရင္ႏႈတ္မရဘူးႏႈတ္ေၾကာင့္ ျဖစ္ပ်က္ပုံမ်ိဳးေတြေပးထားတယ္ခင္ဗ်ားရဲ႕ႏွလုံးသားကို ခပ္စပ္စပ္ရသေလးေပးတဲ့ကားမ်ိဳးကိုၾကည့္ခ်င္တယ္ဆိုရင္ေတာ့ဒီကားက အသင့္ေတာ္ဆုံးပါလို႔အႀကံေပးပါရေစဒါ႐ိုက္တာ Park Chan-yongရဲ႕လက္ရာေျမာက္ကားတစ္ကားပါပဲသူ႔ရဲ႕လက္ရာရဲ႕ေပါက္ေရာက္မႈက Hollywood ကေန အေမရိကန္ Oldboy ဆိုၿပီးျပန္႐ိုက္လိုက္တယ္
အဓိကသ႐ုပ္ေဆာင္ Choi Min-sikရဲ႕သ႐ုပ္ေဆာင္ခ်က္ေတြကိုလည္းခံစားလိုက္ပါဦးလက္ဖ်ားခါေလာက္တယ္ကဲ ေျပာရတာလည္းရွည္ေနပါၿပီဗ်ာ IMDB 8.4 ေတာင္ရထားတယ္ဆိုေတာ့အထူးေျပာစရာမလိုေတာ့ဘူးထင္ပါတယ္.


(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download
(Users Drive) Large Size ~ Download
(Users Drive) Small Size ~ Download
(Up Stream) Large Size ~ Download
(Yoteshin) Large Size ~ Download
(Yoteshin) Small Size ~ Download