On the Road (2012)

15983
Share
Copy the link

အခုတင်ဆက်ပေးမယ့်ကားလေးကတော့ ၂၀၁၂ ခုနှစ်က ထွက်ခဲ့တဲ့ On The Road ဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဒီဇာတ်ကားမှာ ဆဲလ်ပါရာဒိုက်စ် ဆိုတဲ့ လူငယ်စာရေးဆရာတစ်ယောက် က အဓိက ဇာတ်ကောင်ဖြစ်ပါတယ်။

ဇာတ်ကားစစချင်းမှာ သူ့ရဲ့အဖေဆုံးပါးသွားရပါတယ် မကြာခင် သူ့ရဲ့သူငယ်ချင်း ကာလို ဆိုတဲ့ ကဗျ ဆရာ ကနေတစ်ဆင့် ဒင်းဆိုတဲ့ လူတစ်ယောက်ကို တွေ့ခဲ့တယ်။ဒင်း နဲ့ စပြီးတွေ့တဲ့အချိန်က စပြီး ဆဲလ်ရဲ့ ဘဝက အရင်နဲ့ မတူတော့ပါဘူး။ဒင်း နဲ့ ဆဲလ်က ညီအစ်ကိုလိုခင်ကြတဲ့ သူငယ်ချင်းတွေဖြစ်လာပါတယ်။

ဆဲလ်က လည်း စာရေးဆရာ တော့ ဒင်းနဲ့ စတွေ့တဲ့အချိန်က စပြီး ကြုံခဲ့ရတဲ့ သူ့ဘဝ အကြောင်းကိုအချိန် ရရင် ရသလို ကုန်ကြမ်းလေးတွေစုပြီး စာအုပ်တစ်အုပ်ရေးဖို့ ကြိုးစားပါတယ်။ဒင်းက မိန်းမ ရှုပ် မူးယစ်ဆေးသုံး မကောင်းတာတွေ လုပ်ပြီး အရှုပ်အရှင်း မကင်း တဲ့သူ တစ်ယောက်ပါ။

ဆဲလ်ကလည်း ဒါကိုသိတဲ့အပြင်ကို ဒင်း ရူးသမျှ ကို အနောက်ကနေလိုက်ရူးပေးပါတယ်။ဒီလိုနဲ့ ဇာတ်ကားနာမည်လေးအတိုင်း ဟိုင်းဝေးလမ်းမှပေါ် ( On The Road ) မှာပဲ ဒင်းရဲ့ အရှုပ်အရှင်း ကိစ္စတွေ နောက်ကို လိုက်ရင်း သူ့ရဲ့ ဘဝ ကို ဟိုင်းဝေးလမ်းမတွေ ပေါ်မှာပဲ အချိန်ကုန်ပြီးရင်ကုန်နေပါတော့တယ်။

ဆဲလ် နဲ့ ဒင်း သူငယ်ချင်းနှစ်ယောက်ကြားထဲက ရှုပ်ထွေးလှတဲ့ ဆက်ဆံရေးကို ရိုက်ပြထားတာပါ။လူငယ်စာရေးဆရာလေး ရေးနေတဲ့ On The Road ဆိုတဲ့ စာအုပ်လေးဘယ်လို အဆုံးသတ်သွားမလဲ ….ပရိတ်သတ်တို့ ဇာတ်ကားလေး ကို Down ပြီးကြည့်လိုက်ကြပါဦးနော်။

Zawgyi






mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

(Mediafire) Large Size ~ Download

(Mediafire) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *