One Flew Over the Cuckoo’s Nest (1975)

19472
Share
Copy the link

1963ခုနှစ်ရဲ့ဆောင်းဦးမှာ R.P.McMurphyလို့ခေါ်တဲ့ လူတစ်ယောက်က စိတ်ကျန်းမာရေးဆေးရုံကို ရောက်လာတယ်။McMurphyက ထောင်ကို အိမ်ဦးနဲ့ကြမ်းပြင်လို ၀င်လိုက်ထွက်လိုက် လုပ်နေတဲ့သူပါ။ သူ့လိုလူအတွက် ထောင်ထဲသွားတာက ဘာမှပြဿနာမရှိပါဘူး။

ဒါပေမယ့် ကြာလာတော့အလုပ်ကြမ်းလုပ်ရတေတွ ငြီးငွေ့လာတယ်။ ဒါကြောင့်က 15နှစ်သမီးကို rapeလုပ်ပြီးတရားစွဲခံရတဲ့နောက်မှာ ထောင်ထဲကို မသွားချင်တဲ့အတွက် စိတ်ရောဂါရှင်ယောင်ဆောင်ခဲ့တယ်။ အဲ့လိုနဲ့ ဒီဆေးရုံကို ရောက်လာတယ်။

သူက ဆေးရုံမှာဆိုရင် ပိုပြီး လွတ်လပ်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် လူနာတွေအပေါ် အာဏာ မတရားသုံးတဲ့ သူနာပြုRatchedကြောင့် မလွတ်လပ်တဲ့အပြင် ပိုပြီး တင်းကျပ်လာတယ်။ ထောင်မှာလုပ်လို့ရခဲ့တဲ့ ကိစ္စတွေတောင် လုပ်လို့မရဖြစ်လာတယ်။

ဒါကြောင့် သူက ဦးဆောင်ပြီး ကလန်ကဆန်စလုပ်လာတယ်။ ပြဿနာရှာတယ် အမျိုးမျိုးပေါ့။တစ်ရက် ဆွေးနွေးပွဲတစ်ခုမှာသူသိလိုက်ရတာ တစ်ခုရှိတယ်။ သူနဲ့ တခြားနှစ်ယောက်ကလွဲပြီး ကျန်တဲ့လူနာတွေက အမှုတစ်ခုခုကျူးလွန်လို့ရောက်လာကြတာမဟုတ်ဘူး။

ကိုယ့်သဘောနဲ့ကိုယ် လာနေနေကြတာ။ အဲ့လူနေတွကလည်း လက်တွေ့အပြင်ဘက်ဘ၀မှာ ရပ်တည်နိုင်တဲ့လူတွေ ဟုတ်ပေမယ့် နေရဲသွားရဲသတ္တိတွေပျောက်ကုန်တယ်။အဲ့အချက်ကို McMurphyလုံး၀လက်မခံနိုင်ဘူး။ ဒီကိစ္စရဲ့နောက်ကွယ်မှာ Ratchedရဲ့ပရောဂ မကင်းဘူးဆိုတာလည်း သိတယ်။

ဒါကြောင့် သူက ဒီဆေးရုံကနေ ထွက်ပြေးဖို့ကြံပါတော့တယ်။**************************************စာရေးဆရာ Ken Keseyရဲ့နာမည်ကြီး ၀တ္ထုOne Flew Over The Cuckoo’s NestကိုDirector Milos Formanကရိုက်ကူးခဲ့ပါတယ်

ဒီဇာတ်ကားက Drama/Comedy-DramaအမျိုးအသားပါCastအပိုင်းမှာတော့ R.P.McMurphyအဖြစ် Jack NicholsonNurse Ratchedအဖြစ် Louise Fletcherတို့က သရုပ်ဆောင်ထားပါတယ်

Jake Nicholsonက ဒီဇာတ်ကားမထွက်ခင်ရှေ့တစ်နှစ်က ထွက်ခဲ့တဲ့Chinatownကားကတည်းက ကျွန်တော်တို့ကို သူ့ရဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဆွဲဆောင်ခဲ့ပါတယ်နောက်တစ်နှစ်အကြာမှာလည်း ဒီဇာတ်ကားနဲ့အတူ ပြန်ဆွဲဆောင်သွားပါတယ်

အော်စကာ ဘာကြောင့်ရလဲဆိုတာ ပြောစရာကို မလိုပါဘူးLouise Fletcherရဲ့ Nurse Ratchedသရုပ်ဆောင်ချက်ကိုတော့ ချီးကျူးသင့်လွန်းပါတယ်သူ့မျက်နှာကို ကြည့်လိုက်တာနဲ့တင် ကြက်သီးထပါတယ်ဗီလိန်ဖြစ်နေတာနဲ့အညီ တစ်ဖက်က မုန်းနေရသလို တစ်ဖက်ကလည်း ချီးကျူးနေရပါတယ်

အခု2020ထဲမှာပဲ One Flew Over The Cuckoo’s Nestရဲ့ sequel Seriesဖြစ်တဲ့ Ratched ကို ထုတ်ပြီးပါပြီOne Flew Over The Cuckoo’s Nestဇာတ်ကားဟာ Best Actor, Actress,Picture, Adapted Screenplay, Directorဆိုတဲ့ Five Major Awardsရထားတဲ့ဇာတ်ကားစာရင်း၀င်သုံးကားထဲက တစ်ကားပါ

ကျန်တဲ့နှစ်ကားကတော့It Happened One Night(1931)နဲ့ The Silence of the Lambs (1991)ပါ2နာရီ13မိနစ်ကြာမြင့်တဲ့ကားဖြပမယ့် အချိန်ကုန်လို့ကုန်မှန်းမသိ ဆွဲဆောင်နိုင်တဲ့ကားဖြစ်သလိုပြန်ကြည့်တိုင်းလည်း အတွေးတစ်ခု အမြဲပေးနိုင်တဲ့ကား ဖြစ်ပါတယ်ဘယ်အချိန်ကြည့်ကြည့် အချိန်ပေးရကျိုးနပ်မှာပါ

Zawgyi












megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

disk.yandex.com (Disk Yandex) Large Size ~ Download

disk.yandex.com (Disk Yandex) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *