Ophelia (2018)

18218
Share
Copy the link

ရှိတ်စပီးယားပြဇာတ်တွေနဲ့ မစိမ်းသူတွေကတော့ နာမည်ကျော် ဟမ်းမလက်ပြဇာတ်ကို သိကြမှာပါဒီကားကတော့ အဲဒီကမ္ဘာကျော်ပြဇာတ်ကိုပဲ ပြန်ရိုက်ထားတာ ဖြစ်ပါတယ်ဟမ်းမလက်ရဲ့အမျိုးသမီးဖြစ်သူ အိုဖီလီယာဘက်က လှည့်ပြီးတော့ဇာတ်ညွှန်းခွဲ ရိုက်ကူးတင်ဆက်ထားတာပါ

ဇာတ်လမ်းအကျဉ်းကတော့ မင်းသားတစ်ပါးဖြစ်သူ ဟမ်းမလက်နဲ့ဘုရင့်နောက်တော်ပါးတစ်ဦးရဲ့ သမီးဖြစ်သူ အိုဖီလီယာတို့ရဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်ဟမ်းမလက်က သိပ်မရင့်ကျက်သေးတဲ့ မင်းသားတစ်ပါး ဖြစ်ပြီးသူ့ဦးရီးတော်ရဲ့ အနိုင်ကျင့်မှု လူဝါးဝမှုတွေကို ခံနေရကျဖြစ်ပါတယ်

အိုဖီလီယာကတော့ တင်းကျပ်တဲ့စည်းမျဉ်းတွေနဲ့ မိန်းမသားတွေကိုနှိပ်ကွပ်ထားတဲ့ခေတ်မှာတောင် ထက်ထက်မြက်မြက်ယောကျာ်းတွေနဲ့ တန်းတူ ကြီးပျင်းလာတဲ့ မိန်းကလေးတစ်ဦးပါသူတို့နှစ်ဦးရဲ့အခက်အခဲကြားက ချစ်ပုံပြင်ကို တင်ဆက်ထားတာပဲဖြစ်ပါတယ်

သာမန်အချစ်ဇာတ်လမ်းလို့ထင်နိုင်ဖွယ်ရာရှိပေမယ့် ကမ္ဘာကျော်ပြဇာတ်ဆိုတဲ့အတိုင်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ အနု အကြမ်း အလွမ်း အကုန်ပါအောင် တင်ဆက်ထားတာပါတစ်ဆင့်ပြီးတစ်ဆင့် ဇာတ်ကွက်ကိုမှန်းမရအောင် ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်ကြည့်မိလို့နောင်တမရမယ့်ကားတစ်ကားဖြစ်ပြီးတော့Rating 7.1 အထိရရှိထားပါတယ်…

ဒီပြဇာတ်ကလည်း ရိုမီယို ဂျူးလိယက်နဲ့ အပြိုင် ကမ္ဘာကျော်ခဲ့တဲ့ပြဇာတ်တစ်ခုမို့ ကြည့်ပြီးတဲ့အခါရင်ထဲ တစ်ခုခုတော့ မှတ်မှတ်ထင်ထင် ကျန်ခဲ့မှာတော့ အသေအချာပါပဲ

Zawgyi






(Direct Link) Large Size ~ Download

(Mega) Large Size ~ Download

(Users Drive) Large Size ~ Download

(Megaup.net) Large Size ~ Download

(Myan Drive) large Size ~ Download

Comments

Your email address will not be published. Required fields are marked *